မဲခေါင်၊ ဇန်နဝါရီ ၂၈
ထိုင်းအာဏာရပါတီ ဖွေထိုင်းရဲ့ ရွေးကောက်ပွဲကြိုကာလကတည်းက ပေးထားတဲ့ ကတိအတိုင်း ဝန်ကြီးချုပ် ပေထောင်တန်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့က သက်ကြီးနိုင်ငံသားတွေအတွက် တစ်ယောက်ဘတ် ၁၀၀၀၀ နှုန်း ပေးဝေမှုလုပ်ခဲ့ပြီး စုစုပေါင်း ဘတ် ဘီလီယံ ၃၀ (ဒေါ်လာ ၈၉၀ သန်း) ထုတ်ပေးခဲ့ပါတယ်။
နေထိုင်မှုစားရိတ်မြင့်တက်လာခြင်းနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံစီးပွားရေးကျဆင်မှုရှိတာကို ပြန်လည်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ကာ သုံးစွဲနိုင်ကြရေး သက်ကြီးလူဦးရေ ၃ သန်းအတွက် ဒီငွေတွေကို ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလို ထုတ်ပေးရာမှာ ဒစ်ဂျစ်တယ်ငွေကြေး အပလီကေးရှင်းစနစ် အသုံးပြုနိုင်ဖို့ နှောင့်နှေး နေလို့ အခုမှသာ ဒုတိယအသုတ်အဖြစ် သက်ကြီးရွယ်အိုတွေအတွက် တစ်ယောက် ဘတ် ၁၀၀၀၀(၂၉၇ ဒေါ်လာ) ထုတ်ပေးတာဖြစ်ပါတယ်။
ပထမအသုတ်အဖြစ် လူမှုဖူလှုံရေးကတ်ကိုင်ဆောင်ထားသူတွေနဲ့ မသန်စွမ်းသူပေါင်း ၁၄.၄၅ သန်းကို တစ်ယောက် ဘတ် ၁၀၀၀၀ ထုတ်ပေးခဲ့ပြီဖြစ်ကာ အခု သက်ကြီးရွယ်အိုတွေအတွက် ဒုတိယ အသုတ်အဖြစ် ထုတ်ပေးခဲ့တာပါ။
၂၀၂၄ ခုနှစ်က ကြေညာခဲ့တဲ့ ဒီအစီအစဉ်မှာ ငွေကြေး လက်ခံရယူဖို့ လျှောက်ထား သူပေါင်း သန်း ၃၀ ရှိပြီး ဒီနှစ်ထဲ ဘတ်ဂျက်ခွင့်ပြုချက်ရရင် ဘတ် ဘီလီယံ ၁၆၀ သုံးစွဲပြီး ထပ်မံ ထောက်ပံ့ပေး သွားဦးမှာဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာကာ ဒီငွေတွေကို ပြည်သူတွေ သုံးစွဲခြင်းကနေ ၂၀၂၅ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်းမြင့်တက်ဖို့ မျှော်လင့်ထားကြောင်း ဘဏ္ဍာရေး ဒုဝန်ကြီး ဂျူလာပန်က ရှင်းလင်းပြောဆိုသွားပါတယ်။
Ref: finance
MKF-001
#MeKongNews
#ထိုင်း
#သက်ကြီးရွယ်အို
#ငွေသားလှုံဆော်
#အစီအစဥ်
#ဘတ်တစ်သောင်း








