နေ့စဥ်သတင်း

ရှမ်းပြည်အရှေ့ပိုင်းက ကြံ့ဖွံ့ပါတီဝင်တွေ စစ်ကောင်စီအလိုကျ အပြာနုရောင်ယူနီဖောင်း ဝတ်ဆင်ကြပြီ

မဲခေါင် 26 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၆ ရှမ်းပြည်အရှေ့ပိုင်းမြို့တွေမှာ မကြာခင်ကထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီရဲ့ ကြံ့ဖွံ့ပါတီဝင် အပြာနုရောင် ယူနီဖောင်းတွေ ဝတ်ဆင်ကြပြီလို့ နီးစပ်သူတွေထံက သိရပါတယ်။ ဇန်နဝါရီ ၂၃ ရက်က စစ်ကောင်စီသူ့သဘောနဲ့သူ ရေးဆွဲထုတ်ပြန်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထောက်ခံကြိုဆိုကြောင်း သက်သေပြတဲ့အနေနဲ့ဝတ်ဆင်တာလို့ ရှမ်းအရှေ့ကျိုင်းတုံက ကြံ့ဖွံ့ပါတီနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “အမတ်တွေရော မြို့နယ်အဆင့်တွေ ၁၀ ဦး ယူနီဖောင်းဝတ်ရတယ်၊ ရာထူးအဆင့်တွေတော့ မပေးဘူး၊ လစာလည်းရတယ်” လို့ ကျိုင်းတုံ ကြံ့ဖွံ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။ လစာအနေနဲ့ ကျပ်နှစ်သိန်းတစ်သောင်း(ကျပ်၂၁၀၀၀၀) ပေးကြောင်းနဲ့ တပ်ဖွဲ့ထဲဝင်ချင်သူ အသက် ၆၀ ကျော်တွေလည်း ထုတ်ပေးတဲ့ရိက္ခာတွေကို ရောင်းပြီး ယူနီဖောင်းဝယ်ဝတ်ကြတယ်လို့ ပြောပါတယ်။ အလားတူ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်က

မဲခေါင်၊ ဇန်နဝါရီ ၂၆

ရှမ်းပြည်အရှေ့ပိုင်းမြို့တွေမှာ မကြာခင်ကထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီရဲ့ ကြံ့ဖွံ့ပါတီဝင် အပြာနုရောင် ယူနီဖောင်းတွေ ဝတ်ဆင်ကြပြီလို့ နီးစပ်သူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်က စစ်ကောင်စီသူ့သဘောနဲ့သူ ရေးဆွဲထုတ်ပြန်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထောက်ခံကြိုဆိုကြောင်း သက်သေပြတဲ့အနေနဲ့ဝတ်ဆင်တာလို့ ရှမ်းအရှေ့ကျိုင်းတုံက ကြံ့ဖွံ့ပါတီနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အမတ်တွေရော မြို့နယ်အဆင့်တွေ ၁၀ ဦး ယူနီဖောင်းဝတ်ရတယ်၊ ရာထူးအဆင့်တွေတော့ မပေးဘူး၊ လစာလည်းရတယ်” လို့ ကျိုင်းတုံ ကြံ့ဖွံ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။

လစာအနေနဲ့ ကျပ်နှစ်သိန်းတစ်သောင်း(ကျပ်၂၁၀၀၀၀) ပေးကြောင်းနဲ့ တပ်ဖွဲ့ထဲဝင်ချင်သူ အသက် ၆၀ ကျော်တွေလည်း ထုတ်ပေးတဲ့ရိက္ခာတွေကို ရောင်းပြီး ယူနီဖောင်းဝယ်ဝတ်ကြတယ်လို့ ပြောပါတယ်။

အလားတူ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်က စစ်သင်တန်းတက်နေတဲ့ ကြံ့ဖွံ့ပါတီဝင်တွေလည်း အပြာနုရောင်ယူနီဖောင်းတွေ ဝတ်တာတွေ့ရတယ်လို့ သိရပါတယ်။

“အသက်ကြီးတွေဗျ၊ အပေါ်က အနွေးထည်ဝတ်ထားတော့ လက်မောင်းဘာတံဆိပ်တပ်လဲ မသိရဘူး၊ ဘာတဲ့ သူ့လူကိုယ့်ဘက်သားဆိုလား ပြောသံကြားတယ်” လို့ မိုင်းပန်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ နည်းဥပဒေဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ တွေ့ဆုံပွဲမှာ စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက အကြံပြုဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

MK-012
#MeKongNews
#ရှမ်းအရှေ့
#ကြံ့ဖွံ့ပါတီ
#အပြာနုရောင်
#ယူနီဖောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now