နေ့စဥ်သတင်း

စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း နိုင်ငံတဝှမ်း အမျိုးသမီး ၅၀၀ နီးပါးသေဆုံးတဲ့အထဲမှာ ရှမ်းပြည်က ဒုတိယအများဆုံးဖြစ်

မဲခေါင် 21 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၁ ၂၀၂၄ခုနှစ်၊ တစ်နှစ်အတွင်း စစ်ကောင်စီကြောင့် မြန်မာနိုင်ငံတဝှမ်းကအမျိုးသမီး ၄၇၈ ဦးသေဆုံးတဲ့အထဲမှာ ရှမ်းပြည်က ဒုတိယအများဆုံးဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက မနေ့က(ဇန်နဝါရီလ ၂၀ ရက်)ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်က အမျိုးသမီး ၉၂ ဦး သေဆုံးကာ အများဆုံးက ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သေဆုံးမှုတွေဟာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ မြေမြှုပ်မိုင်းနင်းမိတာ၊ အကျဉ်းထောင်တွေထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာနဲ့ မတရား သတ်ဖြတ်ခံရတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က “အမျိုးသမီးတွေကို အကြမ်းဖက်တိုက်ခိုက်တာတွေက ဆက်တိုက်ဖြစ်နေတယ်၊ ကျူးလွန်ခံရတဲ့အမျိုးသမီးတွေအတွက် တရားမျှတမှုရအောင် ဒီအချက်အလက်တွေကို ထုတ်ဖော်တာဖြစ်တယ်” လို့ မဲခေါင်ကို ပြောပါတယ်။ ထုတ်ပြန်ချက်မှာဖော်ပြတဲ့ အမျိုးသမီးသေဆုံးမှုစာရင်းဟာ

မဲခေါင်၊ ဇန်နဝါရီ ၂၁

၂၀၂၄ခုနှစ်၊ တစ်နှစ်အတွင်း စစ်ကောင်စီကြောင့် မြန်မာနိုင်ငံတဝှမ်းကအမျိုးသမီး ၄၇၈ ဦးသေဆုံးတဲ့အထဲမှာ ရှမ်းပြည်က ဒုတိယအများဆုံးဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက မနေ့က(ဇန်နဝါရီလ ၂၀ ရက်)ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်က အမျိုးသမီး ၉၂ ဦး သေဆုံးကာ အများဆုံးက ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးမှုတွေဟာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ မြေမြှုပ်မိုင်းနင်းမိတာ၊ အကျဉ်းထောင်တွေထဲမှာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာနဲ့ မတရား သတ်ဖြတ်ခံရတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) မယဉ်မျိုးလှိုင်က “အမျိုးသမီးတွေကို အကြမ်းဖက်တိုက်ခိုက်တာတွေက ဆက်တိုက်ဖြစ်နေတယ်၊ ကျူးလွန်ခံရတဲ့အမျိုးသမီးတွေအတွက် တရားမျှတမှုရအောင် ဒီအချက်အလက်တွေကို ထုတ်ဖော်တာဖြစ်တယ်” လို့ မဲခေါင်ကို ပြောပါတယ်။

ထုတ်ပြန်ချက်မှာဖော်ပြတဲ့ အမျိုးသမီးသေဆုံးမှုစာရင်းဟာ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အမျိုးသမီးမှတ်တမ်းနဲ့ သုတေသနလုပ်ငန်းစဉ်အနေနဲ့ တိကျခိုင်လုံတဲ့ သတင်းမီဒီယာအချက်အလက်များနဲ့ မြေပြင်မှရရှိတဲ့ အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားခြင်း ဖြစ်တယ်လို့ မဲခေါင်ကို ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစတင်ပြီး တော်လှန်ရေးကာလ ၄ နှစ်ဝန်းကျင်ကို ရောက်ရှိလာချိန်အထိ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်များအပေါ် ကျူးလွန်သောရာဇဝတ်မှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျုးလွန်နေတာကြောင့် အမျိုးသမီးများမှာ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အမျိုးသမီးတွေကိုလေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်တာတွေ၊ စစ်ပဋိပက္ခကြားမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေဟာ နိုင်ငံတကာဥပဒေတွေအရ ရာဇဝတ်မှုမြောက်ကြောင်းနဲ့ နောက်ထပ် အမျိုးသမီးတွေ အကြမ်းဖက်မခံရအောင်လည်း ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုအပ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

အခုလ ၁၇ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

၂၀ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့ကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

MK – 016
#MeKongNews
#နိုင်ငံတဝှမ်း
#အမျိုးသမီးသေဆုံး
#ရှမ်းပြည်က
#ဒုတိယအများဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now