နေ့စဥ်သတင်း

ဟဲဟိုးနဲ့ အောင်ပန်းက နာမည်ကျော်လောင်းကစားဝိုင်းကိစ္စ သတင်းဖေါ်ပြပြီးနောက် အောက်ခြေရဲတွေသာ အရေးယူခံရ

မဲခေါင် 4 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၄ ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့နဲ့ အောင်ပန်းမြို့ကနာမည်ကျော်ကြားနေတဲ့ လောင်းကစားဝိုင်းသတင်းကို မဲခေါင်က သတင်းဖော်ပြခဲ့ပြီးနောက် အောက်ခြေရဲတွေသာ ရာထူးချခံရသလို နယ်ပြောင်းခံရတာတွေ ယခုရက်ပိုင်းအတွင်း ပြုလုပ်နေတယ်လို့ ကလောခရိုင်ရဲတပ်ဖွဲ့အသိုင်းအဝန်းကသိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟဲဟိုးမြို့၊ အင်းခေါင်းလောင်းကစားဝိုင်းသတင်းနဲ့ အောင်ပန်းမြို့က လောင်းကစားဝိုင်းသတင်းတွေကို မဲခေါင်သတင်းဌာနက ဖေါ်ပြခဲ့ရာမှာ လုံခြုံရေးတာဝန်ရှိရဲတွေကို ရဲတရားရုံးတွေနဲ့ စစ်ဆေးပြီးနောက် အောက်ခြေအဆင့်တွေကို အရေးယူမှုတွေလုပ်လာတာလို့ သိရပါတယ်။ အောင်ပန်းမြို့က နယ်ထိန်း ဒုရဲအုပ် သန့်ဇော်ထွန်းကို ရဲအရာခံအဆင့် ရာထူးချခံရကာ မိုင်းရယ်ကိုပြောင်းရွှေ့ခံရသလို ပြည်နယ် မှု/ကူ က ရဲအုပ်ရဲမြင့်သူ၊ ဟဲဟိုးစခန်းမှူး နဲ့ကလောခရိုင် ဒ/န က ဒု ရဲအုပ် သန်းထိုက်တို့ကို ရာထူးချပြီး တခြားနယ်တွေကို ပြောင်းရွှေ့ခံရတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၄

ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့နဲ့ အောင်ပန်းမြို့ကနာမည်ကျော်ကြားနေတဲ့ လောင်းကစားဝိုင်းသတင်းကို မဲခေါင်က သတင်းဖော်ပြခဲ့ပြီးနောက် အောက်ခြေရဲတွေသာ ရာထူးချခံရသလို နယ်ပြောင်းခံရတာတွေ ယခုရက်ပိုင်းအတွင်း ပြုလုပ်နေတယ်လို့ ကလောခရိုင်ရဲတပ်ဖွဲ့အသိုင်းအဝန်းကသိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ဟဲဟိုးမြို့၊ အင်းခေါင်းလောင်းကစားဝိုင်းသတင်းနဲ့ အောင်ပန်းမြို့က လောင်းကစားဝိုင်းသတင်းတွေကို မဲခေါင်သတင်းဌာနက ဖေါ်ပြခဲ့ရာမှာ လုံခြုံရေးတာဝန်ရှိရဲတွေကို ရဲတရားရုံးတွေနဲ့ စစ်ဆေးပြီးနောက် အောက်ခြေအဆင့်တွေကို အရေးယူမှုတွေလုပ်လာတာလို့ သိရပါတယ်။

အောင်ပန်းမြို့က နယ်ထိန်း ဒုရဲအုပ် သန့်ဇော်ထွန်းကို ရဲအရာခံအဆင့် ရာထူးချခံရကာ မိုင်းရယ်ကိုပြောင်းရွှေ့ခံရသလို ပြည်နယ် မှု/ကူ က ရဲအုပ်ရဲမြင့်သူ၊ ဟဲဟိုးစခန်းမှူး နဲ့ကလောခရိုင် ဒ/န က ဒု ရဲအုပ် သန်းထိုက်တို့ကို ရာထူးချပြီး တခြားနယ်တွေကို ပြောင်းရွှေ့ခံရတယ်လို့ သိရပါတယ်။

“စားတုန်းက အတူစားနေကြတာ၊ အထက်က ပိုတောင်စားသေးတယ်၊ အရေးယူတော့အောက်ခြေကို၊ ဖိထောင်းတာပေါ့” လို့ ကလောခရိုင်ရဲနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

ဟဲဟိုးမြို့၊ အင်းခေါင်းဘုန်းကြီးကျောင်းအနီးနဲ့ အောင်ပန်းမြို့၊ လွယ်မခံ ကောင်းမှုတော်စေတီ အနီးတွေမှာပြုလုပ်ခဲ့ကြတဲ့ လောင်းကစားဝိုင်းဟာ တစ်ညကို ကျပ်သိန်းထောင်ချီ အလျော်အစားရှိကာ အကောက်ငွေအားဖြင့်လည်း တစ်ညကို ကျပ်သိန်းရာကျော်အထိ ရှိပါတယ်။ လောင်းကစားဝိုင်းတွေကို အပိုင်ရဲစခန်းတွေက အကာအကွယ်ယူပေးခဲ့ရတယ်လို့ သိရပါတယ်။

“အထက်လူကြီးတွေ ခွင့်မပြုပဲ မလုပ်နိုင်ဘူးလို့” နီးစပ်သူတစ်ဦးက ပြောပါတယ်။

နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတွေကို ပေးရတဲ့ အကတိကြေးကို ငွေသားနဲ့ပေးရတာမဟုတ်ပဲ Kpay, Wave Pay တွေနဲ့ လွှဲပေးခဲ့ရတာလို့ သိရပါတယ်။

အဲ့ဒီကိစ္စကို ပြည်နယ်ရဲကအရေးမယူပဲ ဖုံးဖိထားတာကို နေပြည်တော်က သိတဲ့အခါ အပြောင်းခံရမယ်၊ အစစ်ခံရမယ်၊ ရှေ့တန်းအပို့ခံရမယ်လို့ အငြိမ်းစားရဲမှူးတစ်ဦးက သုံးသပ်ပါတယ်။

အဲဒီလောင်းကစားဝိုင်းဟာ အခုထိပျက်ပြယ်တာမျိုးမရှိသေးပဲ စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်မှုရှိတဲ့ လုံခြုံရေးအဝန်းအဝိုင်းတစ်ခုမှာ ပြောင်းရွှေ့လုပ်ဆောင်နေကြတယ်လို့ မဲခေါင်ကသိရပေမယ့် သတင်းခိုင်မာတိကျမှုကို စောင့်ဆိုင်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

MK-012
#MeKongNews
#ဟဲဟိုးမြို့
#အောင်ပန်းမြို့
#နာမည်ကျော်
#လောင်းကစားဝိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now