မဲခေါင်၊ ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ မြ၀တီမြို့က တရုတ်ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ကာလဝမ်းရောဂါ ဆိုးရွားစွာ ကူးစက်ပျံ့နှံ့နေလို့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာပဲ ထိုင်းကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်က သဘာ၀လမ်း ကြောင်း နယ်စပ်ဖြတ်ကျော်ဂိတ်အားလုံး ပိတ်ဖို့ အမိန့်ထုတ်ပြန်ပြီး နယ်စပ်က ထိုင်းဘက်ခြမ်းရွာတွေမှာ ကာလ ဝမ်းရောဂါ အသိပညာပေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြ၀တီတရုတ်ဆိုက်တွေမှာ အယောက် ၃၀၀ ကျော် ကာလဝမ်းရောဂါကူးစက်ခံရပြီး ရွှေကုက္ကိုလ်က စောချစ်သူရဲ့ ဆေးရုံမှာတင်ထားရပြီး ထိုင်းဘက်ခြမ်း မဲရမတ်ဆေးရုံကို လွှဲပြောင်းကုသမှုတွေ လုပ်ပေးဖို့ တောင်းဆိုကြောင်း၊ ဒီတောင်းဆိုချက်ခွင့်မပြုရင်လည်း ကုသရေးအတွက် ဆေးဘက်ဆိုင်ရာ အကူအညီအထောက်အပံ့တွေပေးဖို့ တောင်းဆိုခဲ့တာကို ထိုင်းဘက်က ပေးအပ်ခဲ့တယ်လို့ ထိုင်း BPS သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကူးစက်မြန်လွန်းတဲ့ ကာလဝမ်းရောဂါကြောင့် ထိုင်းနယ်စပ်ဒေသက ကျန်းမာရေး ဝန်ထမ်းတွေ၊ စစ်ဘက်၊ ရဲဘက် တာဝန်ရှိသူတွေနဲ့ မဲဆောက်ဆေးရုံဝန်ထမ်းတွေကို Mask တွေ ဝတ်ဆင်ကြဖို့ အမိန့်ထုတ်ခဲ့သလို မြ၀တီ-မဲဆောက်ကူး အမှတ် (၁) နဲ့ (၂) တံတားတွေကိုတော့ ပုံမှန်အတိုင်း ကုန်စည်ကူးသန်း သွားလာဖို့ ဖွင့်ပေးထားပြီး တခြား သဘာ၀လမ်းကြောင်း နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်ဖို့ ထိုင်း ကာကွယ်ရေး ဝန်ကြီးက အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။
Ref: Khaosod
MKF – 001
#MeKongNews
#မဲဆောက်
#ဝမ်းရောဂါ
#ရွှေကုက္ကိုလ်
#တရုတ်
#ကျားဖြန့်








