နေ့စဥ်သတင်း

အရည်အသွေးနိမ့် ကျည်ကာဦးထုပ်တွေ တော်လှန်ရေးဈေးကွက်ထဲရောက်ရှိနေ

မဲခေါင် 22 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ၂၂ မြန်မာနိုင်ငံထဲကို အရည်အသွေးနိမ့်ကုန်ပစ္စည်းတွေသာ တင်သွင်းလေ့ရှိတဲ့ တရုတ်နိုင်ငံက အခုလည်း အရည်အသွေးနိမ့် ကျည်ကာဦးထုတ်တွေ ထုတ်လုပ်ကာ တော်လှန်ရေးဈေးကွက်ထဲကို တင်သွင်းနေပါတယ်။ ကျည်ကာအဆင့် Level 4 ဆိုပြီး တရုတ်နိုင်ငံက သက်သာတဲ့စျေးနဲ့ အရည်အသွေးနိမ့်ကျည်ကာဦးထုတ်တွေကို မြန်မာတော်လှန်ရေးဈေးကွက်ထဲ ရောင်းချနေတာပါ။ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေက ဈေးသက်သာတာကိုရွေးချယ်ပြီး ယုံကြည်စွာ ဝယ်ယူအသုံးပြုရင် အသက်အန္တရာယ်ရှိတာမို့ အသုံးမပြုကြဖို့ သတင်းအရင်းအမြစ်တွေက တိုက်တွန်းပါတယ်။ ကျည်ကာတွေမှာ Level 1 နဲ့ 2 က ညံ့တဲ့အဆင့်ဖြစ်ပါတယ်။ Level 3 က လှုပ်ရှားလို့ကောင်းပြီး အနည်းငယ်ကောင်းမွန်တဲ့အဆင့်ပါ။ Level 4 က လေးလွန်းပေမယ့် လုံခြုံစိတ်ချရတဲ့အဆင့်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ရဲ့

မဲခေါင်၊ ဒီဇင်ဘာ၂၂

မြန်မာနိုင်ငံထဲကို အရည်အသွေးနိမ့်ကုန်ပစ္စည်းတွေသာ တင်သွင်းလေ့ရှိတဲ့ တရုတ်နိုင်ငံက အခုလည်း အရည်အသွေးနိမ့် ကျည်ကာဦးထုတ်တွေ ထုတ်လုပ်ကာ တော်လှန်ရေးဈေးကွက်ထဲကို တင်သွင်းနေပါတယ်။

ကျည်ကာအဆင့် Level 4 ဆိုပြီး တရုတ်နိုင်ငံက သက်သာတဲ့စျေးနဲ့ အရည်အသွေးနိမ့်ကျည်ကာဦးထုတ်တွေကို မြန်မာတော်လှန်ရေးဈေးကွက်ထဲ ရောင်းချနေတာပါ။ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေက ဈေးသက်သာတာကိုရွေးချယ်ပြီး ယုံကြည်စွာ ဝယ်ယူအသုံးပြုရင် အသက်အန္တရာယ်ရှိတာမို့ အသုံးမပြုကြဖို့ သတင်းအရင်းအမြစ်တွေက တိုက်တွန်းပါတယ်။

ကျည်ကာတွေမှာ Level 1 နဲ့ 2 က ညံ့တဲ့အဆင့်ဖြစ်ပါတယ်။ Level 3 က လှုပ်ရှားလို့ကောင်းပြီး အနည်းငယ်ကောင်းမွန်တဲ့အဆင့်ပါ။ Level 4 က လေးလွန်းပေမယ့် လုံခြုံစိတ်ချရတဲ့အဆင့်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ရဲ့ အတွင်းရေးမှူး-၂ ခွန်ဝေထူး က မဲခေါင်ကိုပြောပါတယ်။

သူက “ဝိသမသမားတွေကြောင့်ကျွန်တော်တို့ ရဲဘော်တွေ ထိခိုက်သေဆုံးမှာကို မလိုလားဘူးဆိုရင် ဝယ်တဲ့အခါ အာမခံချက်ပါ အချက်တွေအတိုင်း ဦး၊ ရေး၊ ထောက်တွေက သေချာစမ်းသပ်ဖို့ အကြံပြုချင်ပါတယ်” လို့ မဲခေါင်ကိုပြောပါတယ်။

အရည်အသွေးနိမ့် ကျည်ကာဦးထုပ်ဖြစ်ကြောင်းကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF (KK)တာဝန်ခံ ခွန်မြတ်က ပစ်ခတ်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

PNDF (KK)တာဝန်ခံ ခွန်မြတ်က “ကျနော်တို့ ကျည်ကာဦးထုပ်ကို အတွင်းကပဲ မှာလိုက်တယ်၊ အကုန်စမ်းကြည့်တော့ အဲလောက်ကြီး သိပ်မခံဘူးဗျ၊ ပေါက်တာပဲပေါ့နော်၊ နည်းနည်းဝေးတဲ့အနေအထားလောက်မှာပဲခံတယ်၊ အတုတွေကတော့ ရှိမှာပဲ၊ ကျွန်တော်တို့နိုင်ငံအနေအထားနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေက လုပ်မှာပဲ၊ အဲကိစ္စမဟာမိတ်တွေဘက်လည်း မမေးကြည့်ရသေးဘူး” လို့ ပြောပါတယ်။

ကျည်ကာတွေကို 9mm, M16, AK47 အစရှိတဲ့ လက်နက်ငယ်တွေနဲ့မီတာ ၂၀ ၊ မီတာ ၅၀ အကွာအဝေးကနေ ပစ်ခတ်စမ်းသပ်နိုင်တယ်လို့ ဆိုပါတယ်။

ကရင်နီနယ်မှာ တိုက်ပွဲဝင်နေတဲ့ ဖယ်ခုံ PDF( ၁၀၀၆)တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံကတော့ ကျည်ကာအတုတွေ ဝယ်မိပါက ရောင်းချသူ၊ ပွဲစားတွေကို ကွင်းဆက်လိုက်ပြီး ရအောင်ဖော်ထုတ်ကာ လိုအပ်တဲ့အရေးယူတာမျိုး ပြုလုပ်သွားမှာဖြစ်သလို ကရင်နီဘက်မှာ ကျည်ကာဦးထုပ်သာမက အခြားတော်လှန်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်းပစ္စယတွေအပေါ် အမြတ်ကြီးစားပြီး အခွင့်ကောင်းယူနေတာတွေကို လွှတ်မထားပဲ အရေးယူဆောင်ရွက်စေချင်တယ်လို့ ပြောပါတယ်။

သူက “စစ်ရေး တန်ဆာပလာတွေကိုလွယ်လွယ်နဲ့တပ်ဆင်နိုင်တာမဟုတ်ဘူး၊ ပြည်သူတွေထည့်ဝင်ငွေတွေနဲ့ ဝယ်ရတာ။ ကုန်သည်၊ ပွဲစားတွေက ရဲဘော်တွေရဲ့နောက်ဆက်တွဲအသက်တွေကို ထိခိုက်စေတာဖြစ်လို့ ဒီလုပ်ရပ်ကို ရှုတ်ချတယ်။ တပ်ရင်းတပ်ဖွဲ့တွေကလည်း ဒီလိုလိမ်လည်တာတွေကို အမြန်စုံစမ်းစစ်ဆေးဖို့ အကြံပြုချင်တယ်” လို့ ပြောပါတယ်။

စျေးကွက်မှာ ကျည်ကာအရည်အသွေး အစားစားရှိပြီး Level 4 ကျည်ကာဦးထုပ်က ကျပ်ခုနှစ်သိန်း(၇၀၀၀၀၀ကျပ်)၊ ကိုယ်ဝတ်စွပ်ကျယ်(vest) ကျည်ကာက ကျပ် ၁၂သိန်းအထိရှိနေပြီး တိုက်ပွဲတွေမှာ ဦးခေါင်းနဲ့ ဝမ်းဗိုက်ပိုင်းထိခိုက်လို့ ကျဆုံးတာ၊ ပြင်းထန်ဒဏ်ရာတွေရတာကြောင့် ခေါင်းနဲ့ ဗိုက်ကိုကာကွယ်နိုင်ဖို့ ကျည်ကာ ဦးထုပ်နဲ့ ကိုယ်ဝတ်ဟာ အဓိကကျတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ရှမ်းတောင်နဲ့ ကရင်နီနယ်စပ်ကို အင်အားအလုံးအရင်း ဖြည့်တင်းလာနေတာဖြစ်ပြီး မကြာခင်မှာ ကြီးမားပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာနိုင်ချေရှိလို့ ကျည်ကာနဲ့ခဲယမ်းတွေလိုအပ်နေတယ်လို့ PNDF(KK)က မဲခေါင်ကို ပြောထားပါတယ်။

တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ တော်လှန်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ တပ်ဖွဲ့ဝင်တွေအတွက် တိုက်ပွဲမှာ ဦးခေါင်း၊ ရင်ဘတ်နဲ့ အဆုတ်၊ ကျောက်ကပ်ပိုင်းတွေ မထိမှန်စေဖို့ ကျည်ကာဦးထုပ်၊ ကျည်ကာပြား၊ ကျည်ကာအင်္ကျီတွေ ဝယ်ယူတပ်ဆင်နိုင်ရန်အတွက် ကမ်ပိန်းရန်ပုံငွေ အမျိုမျိုးကိုပြုလုပ်ပြီး တော်လှန်ပြည်သူတွေထံ အကူအညီတောင်းကာ ဝယ်ယူဖြည့်တင်းနေကြရတယ်လို့ သိရပါတယ်။

MK-012
#MekongNews
#တရုတ်
#ကျည်ကာဦးထုပ်
#အတု
#တော်လှန်ရေး
#level4

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now