မဲခေါင်၊ ဒီဇင်ဘာ ၁၈
ယူကရိန်းမီဒီယာ evocation.info ရဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ ဖော်ပြမှုအရ ကက်ရှ်ဒေသမှာ ရုရှားနဲ့ မဟာမိတ် အဖြစ်ပူးပေါင်းပြီးတိုက်ခိုက်နေတဲ့ မြောက်ကိုရီးယားစစ်သား ရာချီသေဆုံးပြီး ရာချီ ဒေသတွင်းဆေးရုံပေါ်မှာ ပြွတ်သိပ်စွာ တက်ရောက် ကုသနေရတယ်လို့ သိရှိရပါတယ်။
ယူကရိန်းတပ်တွေ သိမ်းပိုက်ထားတဲ့ ရုရှားနယ်မြေ ကက်ရှ်ဒေသကို ရုရှားနဲ့ မြောက်ကိုရီးယားတပ်တွေ ဝင်ရောက်လာရာမှာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အသက်လုပြေးလွှားရင်း သေဆုံးနေကြရတဲ့ မြောက်ကိုရီးယားသားတွေ ဗီဒီယိုဖိုင်ကိုဖော်ပြခဲ့သလို အမေရိကန်က ပေးတဲ့ ဟိုင်းမားဒုံးကျည်ကြောင့် ရာနဲ့ချီတဲ့ မြောက်ကိုရီးယားစစ်သား အလောင်း ဓာတ်ပုံမှတ်တမ်းတွေကို အဲ့ဒီ့သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြီးတော့ ကက်ရှ်ဒေသ ရုရှားထိန်းချုပ်နယ်မြေမှာရှိတဲ့ ဆေးရုံပေါ်မှာ မြောက်ကိုရီးယား စစ်သားတွေ ကျိုး၊ကန်း၊ ပြတ် ဒဏ်ရာများစွာနဲ့ သက်သေဓာတ်ပုံတွေလည်း ဖော်ပြသွားခဲ့ပါတယ်။
အမေရိကန်စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ဒီသတင်းမထုတ်ပြန်ခင် တစ်ရက်ကတည်းက ကက်ရှ်ဒေသမှာ မြောက်ကိုရီးယားစစ်သားတွေ ရာချီသေဆုံးပြီး ရာချီ ဒဏ်ရာရကြကြောင်းနဲ့ ၂ ရက်အတွင်းတိုက်ခိုက်မှုမှာတင် ဒီလောက် သေကြေဒဏ်ရာရခဲ့ကြတာဖြစ်တယ်လို့ ရိုက်တာနဲ့ AFP သတင်းဌာနကို ပြောပြသွားခဲ့ပါတယ်။
Ref: koreajoongangdaily
MKF-001
#MeKongNews
#မြောက်ကိုရီးယား
#ကက်ရှ်ဒေသ
#ရုရှား
#ယူကရိန်း
#ရာချီသေဆုံး
#ဆေးရုံ








