နေ့စဥ်သတင်း

ဖမ်းထားတဲ့ ထိုင်းငါးဖမ်းလုပ်သား ၄ ယောက်ကို စစ်ကောင်စီထောင်ဒဏ်တွေ ချမှတ်

မဲခေါင် 16 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၆ စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၄ ယောက် ပြန်လွတ်တော့မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် စစ်ကောင်စီဟာ ထောင်ဒဏ် ၆ နှစ်နဲ့ ၄ နှစ် အသီးသီးချမှတ်လိုက်တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၃၀ က ထိုင်းငါးဖမ်းစက်လှေ ၁၅ စီးခန့်ဟာ မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းနေတုန်း စစ်ကောင်စီရေတပ် စစ်သင်္ဘော ၃ စီးက သတိမပေးဘဲ ပစ်ခတ်တာကြောင့် တစ်ဦးသေဆုံးပြီး ငါးဖမ်းစက်လှေ ၂ စီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီငါးဖမ်းစက်လှေတွေပေါ်မှာ မြန်မာနိုင်ငံသား ၂၇ ယောက် နဲ့ ထိုင်းနိုင်ငံသား ၄ ယောက် ပါဝင်ခဲ့လို့ ထိုင်းဘက်က သူတို့နိုင်ငံသား

မဲခေါင်၊ ဒီဇင်ဘာ ၁၆

စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၄ ယောက် ပြန်လွတ်တော့မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် စစ်ကောင်စီဟာ ထောင်ဒဏ် ၆ နှစ်နဲ့ ၄ နှစ် အသီးသီးချမှတ်လိုက်တယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၃၀ က ထိုင်းငါးဖမ်းစက်လှေ ၁၅ စီးခန့်ဟာ မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းနေတုန်း စစ်ကောင်စီရေတပ် စစ်သင်္ဘော ၃ စီးက သတိမပေးဘဲ ပစ်ခတ်တာကြောင့် တစ်ဦးသေဆုံးပြီး ငါးဖမ်းစက်လှေ ၂ စီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီငါးဖမ်းစက်လှေတွေပေါ်မှာ မြန်မာနိုင်ငံသား ၂၇ ယောက် နဲ့ ထိုင်းနိုင်ငံသား ၄ ယောက် ပါဝင်ခဲ့လို့ ထိုင်းဘက်က သူတို့နိုင်ငံသား ၄ ယောက်ကို ပြန်လွှတ်ပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ ငါးဖမ်းစက်လှေ ၂ စီးပြန်ပေးဖို့ တောင်းဆိုနေခဲ့တာပါ။

မြန်မာဘက်က ထိုင်း-မြန်မာ နယ်စပ်ကော်မတီဘက်က ဒီအရေးဟာ နေပြည်တော်က ကိုယ်တိုင်ဦးစီးတဲ့ ကိစ္စဖြစ်လို့ နှစ်ဖက်နယ်စပ် ကော်မတီအချင်းချင်း ညှိနှိုင်းမှုနဲ့မပြီးကြောင်း ဖွင့်ပြောအပြီး ဒီဇင်ဘာ ၁၆ ရက်မှာ ထိုင်း Khaosod မီဒီယာက အသက် ၆၁ နှစ်နဲ့ ၆၉ နှစ်ကြား စက်လှေပိုင်ရှင် အပါအဝင် ထိုင်းနိုင်ငံသား ၄ ယောက်ကို ကော့သောင်းခရိုင်တရားရုံးက ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တယ်လို့ ဖော်ပြသွားပါတယ်။

စက်လှေပိုင်ရှင်ကို မြန်မာရေပိုင်နက်မှာ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ငါးခိုးဖမ်းမှုကြောင့် ထောင်ဒဏ် ၅ နှစ်၊ မြန်မာနိုင်ငံပိုင်နက်ထဲ တရားမဝင်ခိုးဝင်မှုနဲ့ ထောင်ဒဏ် ၁ နှစ် စုစုပေါင်းထောင်ဒဏ် ၆ နှစ်နဲ့ ဒဏ်ငွေ ကျပ် ၂ သိန်း ချမှတ်ခဲ့ကြောင်း၊ ကျန် ၃ ယောက်ကို တရားမဝင် ငါးဝင်ခိုးဖမ်းခြင်းနဲ့ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံပိုင်နက်ထဲ တရားမဝင် ခိုးဝင်မှုနဲ့ ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်စီနဲ့ ဒဏ်ငွေ ကျပ် ၃ သောင်း ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရဘက်က ဒီရေပိုင်နက်ဟာ ရှုပ်ထွေးနေပြီး ဗြိတိသျှ ချမှတ်ပေးသွားကတည်းက နားလည်မှု အယူလွဲနိုင်တဲ့အနေအထားရှိတာကြောင့် ပြန်လည် ဆန်းစစ်ရမှာဖြစ်ကြောင်းနဲ့ သက်ညှာခွင့်အရ ၂၀၂၅ နှစ်သစ်ကူး ပွဲတော်ရက်တွေမှာ ထိုင်းနိုင်ငံသား ၄ ယောက်ကို မြန်မာဘက်က ပြန်လွှတ်ပေးမယ်လို့ ယုံကြည်မျှော်လင့်ကြောင်း အဆိုပါသတင်းမှာ ဖော်ပြသွားပါတယ်။

ကျန် ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၂၇ ယောက်ကိုလည်း ကော့သောင် ခရိုင်တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။

Ref:Khaosod
MKF-001
#MeKongNews
#စစ်ကောင်စီ
#ဖမ်းဆီး
#ထောင်ချ
#ထိုင်းငါးဖမ်းသမား
#နှစ်သစ်
#ပြန်လွတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now