နေ့စဥ်သတင်း

လားရှိုးမြို့ ပြန်လည်စည်ကားလာပြီလို့ ကိုးကန့်တပ်ပြော

မဲခေါင် 15 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၅ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကြောင့် မြို့တွင်းတည်ငြိမ်အေးချမ်းမှုရရှိလာကာ ပြန်လည်နေထိုင်သူများလာကာ စည်းကားမှုတွေရှိလာပြီလို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်-MNDAA) က ပြောပါတယ်။ လာရှိုးမြို့ရဲ့ လက်ရှိအနေအထားမှာ ဌာနဆိုင်ရာ၀န်ထမ်းတွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အားကြိုးမာန်တက် လုပ်ဆောင်လျက်ရှိနေတာကြောင့် ပြန်လည်၀င်ရောက်နေထိုင်သူ ပြည်သူများပြားကာ ပြန်လည်စည်ကားလာပြီဖြစ်တယ်လို့ ဆိုပါတယ်။ မနေ့က (ဒီဇင်ဘာ ၁၄ ) အထူးဒေသ (၁) လားရှိုးမြို့ ဆေးရုံကြီးရှိ ကျန်းမာရေး၀န်ထမ်းတွေက ဌာနဆိုင်ရာအာဏာပိုင်တွေထံ ခရစ္စမတ်အကြို (Carol’s Singing) သွားရောက်သီဆိုနှုတ်ခွန်းဆက် ဆုတောင်းပေးခဲ့ကြပါတယ်၊ လားရှိုးမြို့ စစ်ရေးအုပ်ချုပ်ရေးကော်မတီရဲ့ တာ၀န်ရှိသူတွေကလည်း အတူတကွ ဓမ္မသီချင်းများ သီဆိုဆုတောင်းကြပြီးလက်ဆောင် ပစ္စည်းတွေနဲ့အလှူငွေပြန်လည်ပေးအပပါတယ်။ “ဒီလိုဘာသာရေးပွဲတွေ၊ တိုင်းရင်းသားရိုးရာပွဲတွေ ပြန်လည်ကျင်းပနိုင်တဲ့အပေါ် အများကြီး၀မ်းသာမိပါတယ်၊ ရှေ့လျှောက်လည်း ဒီလိုအခမ်းအနားပွဲမျိုးတွေ

မဲခေါင်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကြောင့် မြို့တွင်းတည်ငြိမ်အေးချမ်းမှုရရှိလာကာ ပြန်လည်နေထိုင်သူများလာကာ စည်းကားမှုတွေရှိလာပြီလို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်-MNDAA) က ပြောပါတယ်။

လာရှိုးမြို့ရဲ့ လက်ရှိအနေအထားမှာ ဌာနဆိုင်ရာ၀န်ထမ်းတွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အားကြိုးမာန်တက် လုပ်ဆောင်လျက်ရှိနေတာကြောင့် ပြန်လည်၀င်ရောက်နေထိုင်သူ ပြည်သူများပြားကာ ပြန်လည်စည်ကားလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က (ဒီဇင်ဘာ ၁၄ ) အထူးဒေသ (၁) လားရှိုးမြို့ ဆေးရုံကြီးရှိ ကျန်းမာရေး၀န်ထမ်းတွေက ဌာနဆိုင်ရာအာဏာပိုင်တွေထံ ခရစ္စမတ်အကြို (Carol’s Singing) သွားရောက်သီဆိုနှုတ်ခွန်းဆက် ဆုတောင်းပေးခဲ့ကြပါတယ်၊ လားရှိုးမြို့ စစ်ရေးအုပ်ချုပ်ရေးကော်မတီရဲ့ တာ၀န်ရှိသူတွေကလည်း အတူတကွ ဓမ္မသီချင်းများ သီဆိုဆုတောင်းကြပြီးလက်ဆောင် ပစ္စည်းတွေနဲ့အလှူငွေပြန်လည်ပေးအပပါတယ်။

“ဒီလိုဘာသာရေးပွဲတွေ၊ တိုင်းရင်းသားရိုးရာပွဲတွေ ပြန်လည်ကျင်းပနိုင်တဲ့အပေါ် အများကြီး၀မ်းသာမိပါတယ်၊ ရှေ့လျှောက်လည်း ဒီလိုအခမ်းအနားပွဲမျိုးတွေ ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်သွားဖို့ ရှိပါတယ်” လို့ ကိုးကန့်တပ်တာဝန်ရှိသူက အဲ့ဒိပွဲမှာပြောပါတယ်။

“အခုတလောတော့တည်ငြိမ်တယ်ဗျ၊ မြို့ထဲမှာတော့ ပြန်လည်ပတ်နေပါပြီ၊ မြို့ထဲပြန်၀င်လာတဲ့လူလည်း ရှိတယ်၊ ထွက်သွားတဲ့လူလည်း ရှိတယ်ပေါ့၊ ကုန်ဈေးနှုန်းတွေကတော့ တက်မြဲပဲဗျ၊ စက်သုံးဆီဆို တစ်လီတာ ၇၅၀၀ လောက် မြင့်တက်လာတာပေါ့ဗျာ၊ တခြားကုန်ဈေးနှုန်းတွေကတော့ ပြောနေစရာမလိုဘူးပေါ့နော့၊ ကုန်ဈေးနှုန်းတွေက မြင့်တယ်” လို့ လားရှိုးမြို့ဒေသခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်နဲ့ “၀” ဘက်ကနေ ကုန်စည်စီးဆင်းမှုဖြတ်တောက်ထားတာ၊ ဖိအားပေးတားမြစ်တာတွေရှိသလို စစ်ကောင်စီကလည်း ကုန်စည်၀င်ရောက်မှုကို အဘက်ဘက်က ပိတ်ဆို့နေတာကြောင့် လားရှိုးမြို့ အခြေခံလူတန်းစားတွေအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ရင်ဆိုင်နေရပါတယ်။

လက်ရှိ MNDAA ဟာ လားရှိုးမြို့မှာ အုပ်ချုပ်ရေးခိုင်မာအောင် လုပ်ဆောင်နေပြီး ဒေသခံပြည်သူလူထုလုံခြုံရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံပါ၀င်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရပ်ကွက်ကျေးရွာအလိုက် ဖွဲ့စည်းထားပြီး ကင်းလှည့်တာ၊ ခိုးဆိုးလုယက်မှုနဲ့ မှုခင်းကိစ္စရပ်တွေကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖြေရှင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

CJ-017
#MekongNews
#ကိုးကန့်တပ်
#လားရှိုးမြို့
#ပြန်လည်စည်ကား
#အထူးဒေသ(၁)
#ကျန်းမာရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now