နေ့စဥ်သတင်း

ဗုံးနှစ်ကြိမ်ကြဲခံထားရတဲ့ ကျောက်မဲမြို့ကို ထပ်မံဗုံးကြဲနိုင်ချေရှိနေ

မဲခေါင် 7 Dec - 2024
မဲခေါင်း၊ ဒီဇင်ဘာ ၇ အခုနှစ်၊ ဇွန်လနဲ့နိုဝင်ဘာမှာ ဗုံးကြဲခံထားရတဲ့ ရှမ်းပြည်မြောက်ပိုင်း ၊ကျောက်မဲမြို့ကို ထပ်မံဗုံးကြဲနိုင်ချေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ နိုဝင်ဘာ ၃၀ ရက် ည ၆ နာရီခွဲဝန်းကျင်က ဒုတိယအကြိမ် ဗုံးမကြဲခင်ရက်တွေမှာ ကျောက်မဲမြို့ပေါ် စစ်ကောင်စီရဲ့ဒရုန်းတွေပျံဝဲနေကာ ဗုံးမကြဲခင်တစ်ရက်အလိုမှာ ဒရုန်းတွေမလာတော့ပဲ နောက်ရက်မှာဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့သလိုမျိုး အခုလည်း ဒီဇင်ဘာ ၅ ရက်ကစပြီး ဒရုန်းတွေပျံဝဲနေတာကြောင့် နောက်တစ်ဗုံးထပ်ကြဲနိုင်ချေရှိနေတယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။ “အခုလည်း အဲရပ်ကွက်ကို နှစ်ညရှိပြီ ထပ်ပြီးဒရုန်းတွေဝဲနေတယ်၊ ရပ်ကွက်နေပြည်သူတွေကတော့ ကြောက်နေကြတယ်” လို့ကျောက်မဲမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ထပ်မံဗုံးကြဲနိုင်ချေရှိတယ်လို့ တွက်ဆထားတဲ့ဒေသခံပြည်သူတွေဟာ ထိပ်လန့်ပြီး ဘေးလွတ်ရာကိုရွေ့ပြောင်းတိမ်းရှောင်နေကြပါပြီ။ နိုဝင်ဘာ ၃၀ ကဗုံးကြဲခဲ့တဲ့ ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်အတွင်းမှာ လက်နက်ကိုင်

မဲခေါင်း၊ ဒီဇင်ဘာ ၇

အခုနှစ်၊ ဇွန်လနဲ့နိုဝင်ဘာမှာ ဗုံးကြဲခံထားရတဲ့ ရှမ်းပြည်မြောက်ပိုင်း ၊ကျောက်မဲမြို့ကို ထပ်မံဗုံးကြဲနိုင်ချေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

နိုဝင်ဘာ ၃၀ ရက် ည ၆ နာရီခွဲဝန်းကျင်က ဒုတိယအကြိမ် ဗုံးမကြဲခင်ရက်တွေမှာ ကျောက်မဲမြို့ပေါ် စစ်ကောင်စီရဲ့ဒရုန်းတွေပျံဝဲနေကာ ဗုံးမကြဲခင်တစ်ရက်အလိုမှာ ဒရုန်းတွေမလာတော့ပဲ နောက်ရက်မှာဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့သလိုမျိုး အခုလည်း ဒီဇင်ဘာ ၅ ရက်ကစပြီး ဒရုန်းတွေပျံဝဲနေတာကြောင့် နောက်တစ်ဗုံးထပ်ကြဲနိုင်ချေရှိနေတယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

“အခုလည်း အဲရပ်ကွက်ကို နှစ်ညရှိပြီ ထပ်ပြီးဒရုန်းတွေဝဲနေတယ်၊ ရပ်ကွက်နေပြည်သူတွေကတော့ ကြောက်နေကြတယ်” လို့ကျောက်မဲမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ထပ်မံဗုံးကြဲနိုင်ချေရှိတယ်လို့ တွက်ဆထားတဲ့ဒေသခံပြည်သူတွေဟာ ထိပ်လန့်ပြီး ဘေးလွတ်ရာကိုရွေ့ပြောင်းတိမ်းရှောင်နေကြပါပြီ။

နိုဝင်ဘာ ၃၀ ကဗုံးကြဲခဲ့တဲ့ ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်အတွင်းမှာ လက်နက်ကိုင် ဘယ်အဖွဲ့အစည်းမှ ရုံးစိုက်ထားတာမျိုး မရှိတာကြောင့် စစ်ကောင်စီရဲ့ဗုံးကြဲတာက ပြည်သူတွေကိုအဓိက ပစ်မှတ်ထားပြီးတိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံတွေကယူဆကြပါတယ်။

အဲဒီဖြစ်စဉ်မှာ အောင်ဆုပန်ကျောင်းတိုက်မှ ကိုရင်တစ်ပါးနဲ့ ဒေသခံ ခြောက်ဦး နေရာတွင်ပင် သေဆုံးခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသူက ၁၂ ဦး ရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှ ဆေးရုံးအရောက် နှစ်ဦး သေဆုံးခဲ့ပါတယ်။ ပြင်းထန်ဒဏ်ရာနဲ့ဆေးရုံးမှာ ဆေးကုသမှုခံယူနေတဲ့ ဦးအိုက်စံမှာ ဒီဇင်ဘာ ၅ ရက်မှာ ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ ကိုးဦးအထိ ရှိလာခဲ့ပါတယ်။ ဗုံးထိမှန်ပြီး အိမ် ၂၀ အဆိုးရွားဆုံးထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး အပေါ်ပိုင်းထိခိုက်ပျက်စီးခဲ့တဲ့နေအိမ် ၂၈ လုံး ရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ကို ပထမအကြိမ်အဖြစ် ဇွန် ၃၀ ည ၁၂ နာရီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲခဲ့တုန်းကလည်း အမျိုးသမီး တစ်ဦး သေဆုံးကာ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၂၀ ခန့် ပျက်စီးပြီး ဆီဆိုင်တစ်ဆိုင် မီးလောင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁) အခြေစိုက်တဲ့ကျောက်မဲမြို့ကို သြဂုတ် ၆ ရက်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကသိမ်းပိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ နို၀င်ဘာ တစ်လအတွင်းမှာ စစ်ကောင်စီရဲ့ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် တအောင်းဒေသအတွင်း အရပ်သား ၃၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၇၀ ဦးအထိရှိခဲ့တယ်လို့ တအောင်းတပ်မတော် (TNLA) က ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ထားပါတယ်။

CJ-017
#MekongNews
#ကျောက်မဲမြို့
#ပေါင်၅၀၀ဗုံး
#ဒရုန်းပျံဝဲ
#TNLA
#စကခ(၁)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now