နေ့စဥ်သတင်း

မြ၀တီကျားဖြန့်လုပ်ရာ စီးပွားရေးဇုန်ထဲ တရားမဝင် အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ထိုင်းဖြတ်တောက်

မဲခေါင် 3 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၃ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရဲ့ မြန်မာဘက်ခြမ်း မြ၀တီ နဲ့ ကပ်လျှက်နေရာမှာ မြ၀တီဘက်က ကျားဖြန့်လုပ်ငန်းကြီးတစ်ခုဆီ လိုင်းစွဲအားမြင့် အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဆက်သွယ်ပေးထားမှုက ဆက်စပ်ပစ္စည်အမြောက်အများကို ဒီဇင်ဘာ ၂ ရက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ကော်မရှင်နာ ရဲမှူးကြီး နာသာသွန်ပရူဆွန်းတွန် က ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။ ဒီထုတ်ပြန်ချက်မှာ မြန်ဘာဘက်ခြမ်း မြ၀တီမြို့က နယ်စပ်ဖြတ်ကျော်စီးပွားရေးဇုန် လို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်း အလုံးအရင်းလုပ်နေရာနေရာဆီ လိုင်းစွဲအားမြင့် အင်တာနက်ကေဘယ် ၁၆ ကြိုးနဲ့ ထိုင်းဖုန်းလိုင်းတွေ အသုံးပြုနိုင်စေမယ့် ဆက်စပ်ပစ္စည်တွေ၊ ထိုင်းမှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ် ၁၀၁၀၀၀ ကတ်နဲ့

မဲခေါင်၊ ဒီဇင်ဘာ ၃

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရဲ့ မြန်မာဘက်ခြမ်း မြ၀တီ နဲ့ ကပ်လျှက်နေရာမှာ မြ၀တီဘက်က ကျားဖြန့်လုပ်ငန်းကြီးတစ်ခုဆီ လိုင်းစွဲအားမြင့် အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဆက်သွယ်ပေးထားမှုက ဆက်စပ်ပစ္စည်အမြောက်အများကို ဒီဇင်ဘာ ၂ ရက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ကော်မရှင်နာ ရဲမှူးကြီး နာသာသွန်ပရူဆွန်းတွန် က ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။

ဒီထုတ်ပြန်ချက်မှာ မြန်ဘာဘက်ခြမ်း မြ၀တီမြို့က နယ်စပ်ဖြတ်ကျော်စီးပွားရေးဇုန် လို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်း အလုံးအရင်းလုပ်နေရာနေရာဆီ လိုင်းစွဲအားမြင့် အင်တာနက်ကေဘယ် ၁၆ ကြိုးနဲ့ ထိုင်းဖုန်းလိုင်းတွေ အသုံးပြုနိုင်စေမယ့် ဆက်စပ်ပစ္စည်တွေ၊ ထိုင်းမှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ် ၁၀၁၀၀၀ ကတ်နဲ့ SIM boxes နဲ့ ကျားဖြန့် လုပ်ငန်းသုံး ပစ္စည်းများစွာကို အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြသွားပြီး ဘယ်မြ၀တီစီးပွားရေးဇုန်လဲ ဆိုတာကို နေရာနဲ့ နာမည်အတိအကျ ဖော်ပြသွားခြင်း မပါရှိခဲ့ပါဘူး။

မြ၀တီဘက်က ကျားဖြန့်လုပ်ငန်းအားလုံးကို ယခင်ထိုင်းဝန်ကြီးချုပ် လက်ထက်ကတည်းက အင်တာနက်နဲ့ လျှပ်စစ်မီးပေးမှု မပြုလုပ်တော့ဘဲ ဖြတ်တောက်ခဲ့ကြောင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့ပေမယ့် မြ၀တီဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ တချို့သော နေရာတွေမှာ ထိုင်းအင်တာနက်လိုင်းနဲ့ လျှပ်စစ်မီး ရရှိနေသေးတာတွေ ရှိနေတာကို ဒေသခံတွေသိရှိထားကြပြီး အခု ဖမ်းဆီးမှုဟာ မြန်မာဘက်ကို ဒီလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပေးသုံးနေမှု တိုက်ဖျက်ရေးစီမံကိန်ထဲက စုံစမ်းဖော်ထုတ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်း ဆက်သွယ်ရေးလုပ်ငန်း လည်ပတ်မှု ဥပဒေပုဒ်မ ၆၇ အရ တရားမဝင် အင်တာနက်နဲ့ ဖုန်းလိုင်းတွေ မြန်မာဘက်ခြမ်းကို ပေးသုံးခြင်းမှာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ် နဲ့ ဒဏ်ငွေ ဘတ် ၁၀ သန်းအထိ ချမှတ်အရေးယူနိုင်ကြောင်း ပြဌာန်းထားပါတယ်။

Ref:Bangkokpost
MKF-001
#MeKongNews
#မြဝတီ
#ကျားဖြန့်
#အင်တာနက်
#ထိုင်းဖမ်း
#ကေဘယ်ကြိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now