မဲခေါင်၊ နိုဝင်ဘာ ၂၇
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်မှုထင်ရှားတာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ် လျှောက်ထားချက်ကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီက ဒီနေ့ (နိုဝင်ဘာ ၂၇) မှာ ပဲ တုံ့ပြန်ပါတယ်။
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံမဟုတ်သလို ဒေသတွင်းနိုင်ငံတွေအပြင် ကမ္ဘာနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ လွတ်လပ်တက်ကြွ၊ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံတွေကြား ငြိမ်းချမ်းစွာ အတူယှဥ်တွဲရေး မူကျင့်သုံးနေတယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေက စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေနဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ရတဲ့ အကြောင်းအရင်းကို ၂၀၁၉ ခုနှစ်မှ စတင်စစ်ဆေးခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီရာဇဝတ်မှုတွေအတွက် တာဝန်ရှိတာကြောင့် ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့ရတာလို့ ICC က ထုတ်ပြန်ပါတယ်။
ICC က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ဖို့ ရန်လျှောက်ထားမှုဟာ ပထမဆုံး လျှောက်ထားချက်ဖြစ်ပြီး နောက်ဆက်တွဲတွေ ထပ်မံလာဦးမယ်လို့ ဆိုပါတယ်။
ဒီနေ့မှာ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက်ကို စစ်ကောင်စီဘက်က အသိအမှတ်မပြုကြောင်း နာရီပိုင်းအတွင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
#MeKongNews
#အိုင်စီစီ
#စစ်ကောင်စီ
#စစ်ခေါင်းဆောင်
#မင်းအောင်လှိုင်
#တုံ့ပြန်
#အသိမှတ်မပြု








