နေ့စဥ်သတင်း

ကျိုင်းတုံကလာတဲ့ အမြောက်တင် သံချပ်ကာကားတွေ ကရင်နီနဲ့ ရှမ်းတောင် ဆီဆိုင်ဘက် ဆက်သွား

မဲခေါင် 24 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ အမြောက်တင် သံချပ်ကာ ၁၅ စီးဟာ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသဘက်နဲ့ ကရင်နီပြည်နယ်ဘက်ကို ဒီနေ့မနက်မှာ ဆက်လက်ထွက်ခွာသွားတာ တွေ့တယ်လို့ ဟိုပုံးနဲ့ ကလောဒေသခံတွေထံက သိရပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၄ ရက် မနက် ၁၀နာရီမိနစ် ၄၀ မှာ ဘီးတပ် သံချပ်ကာယာဥ် ၇ စီးဟာ အစောင့်ယာဥ် ၄ စီးနဲ့အတူ အောင်ပန်းနဲ့ ကလောကြားက လွိုင်ကော်ဘက်လမ်းခွဲဘက်ကို မောင်းနှင်သွားတာတွေ့တယ်လို့ မျက်မြင်တွေ့သူ ကလောဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။ “ပွိုင့်တွေနဲ့ သွားတာ၊ ဘီးတပ်ပဲ သံချပ်ကာတွေ၊ လွိုင်ကော်ဘက်ကို” လို့ သူကပြောပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ အမြောက်တင် သံချပ်ကာ ၁၅ စီးဟာ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသဘက်နဲ့ ကရင်နီပြည်နယ်ဘက်ကို ဒီနေ့မနက်မှာ ဆက်လက်ထွက်ခွာသွားတာ တွေ့တယ်လို့ ဟိုပုံးနဲ့ ကလောဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ နိုဝင်ဘာ ၂၄ ရက် မနက် ၁၀နာရီမိနစ် ၄၀ မှာ ဘီးတပ် သံချပ်ကာယာဥ် ၇ စီးဟာ အစောင့်ယာဥ် ၄ စီးနဲ့အတူ အောင်ပန်းနဲ့ ကလောကြားက လွိုင်ကော်ဘက်လမ်းခွဲဘက်ကို မောင်းနှင်သွားတာတွေ့တယ်လို့ မျက်မြင်တွေ့သူ ကလောဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ပွိုင့်တွေနဲ့ သွားတာ၊ ဘီးတပ်ပဲ သံချပ်ကာတွေ၊ လွိုင်ကော်ဘက်ကို” လို့ သူကပြောပါတယ်။

ကျန်တဲ့ ယာဉ် ၈ စီးကတော့ ဟိုပုံးကနေ ဆီဆိုင်၊ ပင်လောင်းဘက်သွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မဲခေါင်ရဲ့စုံစမ်းချက်အရ ကျိုင်းတုံ တကရ ၇၀၀၁ နဲ့ ဒတရ ၆၀၀၁ က သံချပ်ကာယာဥ်တွေ၊ မိုင်းတုံက တကရ ၆၀၀၃ က အမြောက်တင်ဘီးတပ်ယာဥ်တွေ ပါတယ်လို့သိရပါတယ်။

အဲဒီယာဥ်တန်းဟာ ကျိုင်းတုံက နိုဝင်ဘာ ၂၁ ရက်က စုဖွဲ့ထွက်လာတာဖြစ်ပြီး နမ့်စန်၊ လွိုင်လင်ကနေ ဟိုပုံး၊ တောင်ကြီးဘက်ကိုသွားတာလို့ စစ်ရေးသတင်းတွေ ဖော်ပြလေ့ရှိတဲ့ CDM ဗိုလ်ကြီးဇင်ယော်က သူ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

လတ်တလော ဆီဆိုင်မြို့နယ်အတွင်း PNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြန်ဖြစ်ပွားနေသလို ကရင်နီ နဲ့ရှမ်းတောင်နယ်စပ် ဖယ်ခုံ၊ မိုးဗြဲဘက်မှာ တော်လှန်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲဖြစ်နေလို့ ရှမ်းအရှေ့က သံချပ်ကာယာဥ်တွေ အင်အားဖြည့်နေတာလို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

MK – 012
#MeKongNews
#ကျိုင်းတုံ
#သံချပ်ကာယာဉ်
#ဟိုပုံး
#လွိုင်ကော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now