စစ်ရေးသတင်း

နောင်ချိုနဲ့ ပြင်ဦးလွင်ကြား တိုက်ပွဲ ပြင်းထန်နေ

မဲခေါင် 7 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၇ မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကြားမှာရှိတဲ့ ဘန့်ဘွေးရွာအနီးတဝိုက် စစ်ကောင်စီနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့(နိုဝင်ဘာ ၇) ညနေပိုင်းအထိတိုက်ပွဲပြင်ထန်နေပါတယ်။ တော်လှန်ရေးဘက်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့မန္တလေး PDF (MDY-PDF) ပူးပေါင်းထားတာဖြစ်ပါတယ်။ စစ်က္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာ လချီနေပြီး ဒီနေ့မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ဘန့်ဘွေးရွာ တဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။ “တိုက်ပွဲကြာလာတာနဲ့အမျှ နေရာအတိုး၊ အဆုတ်တွေတော့ ရှိပါတယ်” လို့ ကိုအော်စမွန်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တောင်ကြီးဘက်ကနေ တောင်ခမ်းနယ်ကို စစ်ကူပို့တာတွေရှိပြီး

မဲခေါင်၊ နိုဝင်ဘာ ၇

မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကြားမှာရှိတဲ့ ဘန့်ဘွေးရွာအနီးတဝိုက် စစ်ကောင်စီနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီနေ့(နိုဝင်ဘာ ၇) ညနေပိုင်းအထိတိုက်ပွဲပြင်ထန်နေပါတယ်။

တော်လှန်ရေးဘက်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့မန္တလေး PDF (MDY-PDF) ပူးပေါင်းထားတာဖြစ်ပါတယ်။

စစ်က္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာ လချီနေပြီး ဒီနေ့မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ဘန့်ဘွေးရွာ တဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ မန္တလေး PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောပါတယ်။

“တိုက်ပွဲကြာလာတာနဲ့အမျှ နေရာအတိုး၊ အဆုတ်တွေတော့ ရှိပါတယ်” လို့ ကိုအော်စမွန်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တောင်ကြီးဘက်ကနေ တောင်ခမ်းနယ်ကို စစ်ကူပို့တာတွေရှိပြီး အတွဲလိုက်ဒုံးတွေပါ သုံးနိုင်ဖွယ်ရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဇူလိုင် ၁၀ ရက်မှာ နောင်ချိုမြို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ နောင်ချိုမြို့ကို ပစ်ခတ်တိုက်ခိုက်နေတာပါ။

မြို့သိမ်းပြီးနောက် တော်လှန်ရေးအဖွဲ့တွေဟာ မိုင် ၂၀ ခန့်ဝေးပြီး စစ်ကောင်စီအ‌မြှောက်တပ်တွေ ရှိတဲ့ တောင်ခမ်းရွာကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း နောင်ချိုနဲ့ ကျောက်မဲမြို့တွေက ဆုတ်လာတဲ့ တပ်တွေရယ်၊ တောင်ခမ်းမှာ ရှိတဲ့ တပ်တွေပေါင်းပြီးနောက် တော်လှန်ရေးတပ်တွေကို ခံစစ်ဆင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က စစ်ကူတွေ ရောက်ချိန် တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်နိုင်ခဲ့တာကြောင့် လက်လွှတ်လိုက်ရတဲ့ နေရာတွေလည်း ရှိလာခဲ့ပါတယ်။

ပြင်ဦးလွင်နဲ့ နောင်ချိုမြို့ကြားမှာရှိတဲ့ ဘန့်ဘွေးရွာ၊ တောင်ခမ်းရွာ၊ အုမ္မတီး၊ အုမ္မခါးရွာတွေဟာ စစ်ရေးအရ အရေးပါပြီး ဒီနေရာတိုက်ပွဲတွေ TNLA ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတာပါ။

MK-001

ဓါတ်ပုံ- နောင်ချိုမြို့တိုက်ပွဲမှ TNLA တပ်ဖွဲ့ဝင်များ (Photo-TNLA)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now