မဲခေါင်၊ အောက်တိုဘာ ၂၇
ရှမ်းမြောက်က MNDAA သိမ်းပိုက်ထားတဲ့ လောက်ကိုင်မြို့ကို ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၂ ကြိမ် ကြဲချသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၁၂း၂၀ အချိန်နဲ့ ၁၂း၂၇အချိန်တို့မှာ လေယာဉ်တွေနဲ့ လောင်ကိုင်မြို့ပေါ်ကို ဗုံးတွေကြဲချခဲ့တာလို့ သိရပါတယ်။
အလားတူ TNLA သိမ်းပိုက်ထားတဲ့ နမ့်ခမ်းမြို့ပေါ်ကိုလည်း ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဒီနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၇း၃၅၊ ၇း၄၅ နဲ့ ၈း၁၄ အချိန်တွေမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က
ထုတ်ပြန်ပါတယ်။
“နမ့်ခမ်းတောင်ပေါ်ဘက်နဲ့ ၁၂ မိုင်တောင်ပေါ် ဘက် ဗုံးကျတယ်လို့ ကြားတယ်။ ဘာတွေထိလဲ မသိဘူး၊ ကျနော်က အဝေးရောက်နေတာ” လို့ နမ့်ခမ်းမြို့ခံ တစ်ဦးက ပြောဆိုသည်။
ယနေ့ဟာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁ စတင်ခဲ့တဲ့ ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
MK-012








