နေ့စဥ်သတင်း

ဝါးခယ်မ စစ်ဆေးရေးတံတားဂိတ်တွင် စပါးရောင်းပြန်လာသူများထံမှ စစ်ကောင်စီငွေညှစ်

မဲခေါင် 15 Nov - 2021
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ဝင် စစ်ဆေးရေး တံတားဂိတ်တွင် စစ်ကောင်စီ တပ်သားများမှ ငွေညှစ် တောင်းခံမှုကြောင့် စပါးရောင်းချပြီး ပြန်လာသူ လယ်သမားများ အခက်ခဲကြုံတွေ့နေရသည်ဟု ဒေသခံလယ်သမားများထံမှ နိုဝင်ဘာလ ၁၅ရက်က သိရသည်။ ကျေးရွာလယ်သမားအများစု စပါးရောင်းချရန်အတွက် မြို့ဝင်စစ်ဆေးရေးတံတားဂိတ် ရောက်သည်နှင့် စစ်ကောင်စီတပ်သားများက အတင်းအဓမ္မ ငွေကြေးတောင်းခံနေတာကြောင့် လယ်သမားအများစုမှာ ထိန့်လန့်နေကြရကြောင်း ဒေသခံလယ်သမားတစ်ဦးက ပြောသည်။ “မြို့ကို ဒိန်းဒေါင်းနဲ့စပါးလာရောင်းတာ အ​ပြန်လဲကျရော စစ်​ဆေးရေးဂိတ်ရောက်တော့ အဲ့ကစစ်သားတွေရဲတွေက စပါးရောင်းရငွေ ဘယ်လောက်ရလဲမေးပြီး ပိုက်ဆံတောင်းတော့တာပေါ့ ။ ကြောက်တော့လဲ ပေးလိုက်ရတာပါပဲ”ဟု ၎င်းက​ပြောသည်။ စပါးရောင်းရငွေ ၅သိန်းရရှိလျှင် စစ်ကောင်စီတပ်သားများကို ၂သိန်းပေးရကာ မပေးလျှင် အတင်းတောင်းယူကြောင်း သူက ထပ်မံပြောဆိုသည်။ ဝါးခယ်မမြို့အနီးအနားရှိ တောင်သူလယ်သမားအများစုမှာ စစ်ကောင်စီမှ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ဝင် စစ်ဆေးရေး တံတားဂိတ်တွင် စစ်ကောင်စီ တပ်သားများမှ ငွေညှစ် တောင်းခံမှုကြောင့် စပါးရောင်းချပြီး ပြန်လာသူ လယ်သမားများ အခက်ခဲကြုံတွေ့နေရသည်ဟု ဒေသခံလယ်သမားများထံမှ နိုဝင်ဘာလ ၁၅ရက်က သိရသည်။

ကျေးရွာလယ်သမားအများစု စပါးရောင်းချရန်အတွက် မြို့ဝင်စစ်ဆေးရေးတံတားဂိတ် ရောက်သည်နှင့် စစ်ကောင်စီတပ်သားများက အတင်းအဓမ္မ ငွေကြေးတောင်းခံနေတာကြောင့် လယ်သမားအများစုမှာ ထိန့်လန့်နေကြရကြောင်း ဒေသခံလယ်သမားတစ်ဦးက ပြောသည်။

“မြို့ကို ဒိန်းဒေါင်းနဲ့စပါးလာရောင်းတာ အ​ပြန်လဲကျရော စစ်​ဆေးရေးဂိတ်ရောက်တော့ အဲ့ကစစ်သားတွေရဲတွေက စပါးရောင်းရငွေ ဘယ်လောက်ရလဲမေးပြီး ပိုက်ဆံတောင်းတော့တာပေါ့ ။ ကြောက်တော့လဲ ပေးလိုက်ရတာပါပဲ”ဟု ၎င်းက​ပြောသည်။

စပါးရောင်းရငွေ ၅သိန်းရရှိလျှင် စစ်ကောင်စီတပ်သားများကို ၂သိန်းပေးရကာ မပေးလျှင် အတင်းတောင်းယူကြောင်း သူက ထပ်မံပြောဆိုသည်။

ဝါးခယ်မမြို့အနီးအနားရှိ တောင်သူလယ်သမားအများစုမှာ စစ်ကောင်စီမှ ယခုလိုအတင်းအကြပ် ငွေကြေးတောင်းခံမှုများကြောင့် အထိန့်တလန့်ဖြစ်နေရကြောင်း ဒေသခံအများစုက ဆိုသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသတစ်ခုလုံးမှ ရန်ပုံငွေအဖြစ် ငွေသိန်း ၄၅၀၀ကျော်ရှာဖွေရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

နေ့စဥ်သတင်း

မြန်မာသတင်းသမားတွေ ရပိုင်ခွင့်နည်းပါးလွန်းသည်ကို ဆန့်ကျင်လှုပ်ရှားမှု IFJ ပြုလုပ်

နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် – IJF က မြန်မာဂျာနယ်လစ်တွေ လုပ်ခလစာရပိုင်ခွင့်နည်းပါးလွန်းပြီး ရသင့်တဲ့သတင်းခ မရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် Anti-Wage Theft
နေ့စဥ်သတင်း

MPT ဖုန်းဘေလ် ခိုးနေတယ်လို့ သုံးစွဲသူတွေ ဝေဖန်

နိုင်ငံပိုင် အစုရှယ်ရာတွေ ပါဝင်တဲ့ ဖက်စပ် ဆက်သွယ်ရေး ကုမ္ပဏီ MPT ရဲ့ မိုဘိုင်းဖုန်း ဆင်းကတ် အသုံးပြုသူတွေ အနေနဲ့
နေ့စဥ်သတင်း

မြောက်ဥက္ကလာမှာ ဓားပြလာတိုက်သူတွေကို မိသားစုက ပြန်လည်ခုခံရာက ဓားပြ တစ်ဦးဖမ်းမိ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ ခေမာ (၂) လမ်းမှာရှိတဲ့ နေအိမ် တစ်လုံးကို အမျိုးသား ၄ ဦးက စက်တင်ဘာ ၁၇ နေ့က ဓားပြတိုက်ရာ နေအိမ်အတွင်းရှိ မိသားစုများက ပြန်လည် ခုခံရာက
နေ့စဥ်သတင်း

ရန်ကုန်မှာ ခိုးဆိုးလုယက်သူများ အုပ်စုဖွဲ့ သောင်းကျန်းနေပေမယ့် ဖမ်းဆီးသူမရှိ

ရန်ကုန်မြို့မှာ အုပ်စုဖွဲ့ လုယက်မှု၊ ခါးပိုက်နှိုက်မှုတွေ နေ့စဉ် ဖြစ်ပေါ်နေပေမဲ့ တိုင်းကြားပါကလည်း စစ်ကောင်စီ လက်အောက်ခံရဲက ဖမ်းဆီးမှု မရှိလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေရတယ်လို့ ကမာရွတ်မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ “မီးပွိုင့်ထိပ်မှာ အဖွဲ့လိုက်
နေ့စဥ်သတင်း

တောင်ကြီး မောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများကို စစ်ကောင်စီ အတင်းဖယ်ရှားခိုင်

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပါတ်လမ်း‌ဘေး၊ စဝ်စံထွန်းရပ်ကွက်ရှိ မောချယ်ရီယာဉ်ရပ်နားစခန်း ဆိုင်ခန်းများကို အာဏာသိမ်း စစ်ကောင်စီက အတင်းဖယ်ရှားခိုင်းသဖြင့် ယင်းဆိုင်ခန်းများကို မှီခိုနေရသည့် ပြည်သူ ၆၀၀ကျော် အခက်ကြုံနေရကြောင်း သိရသည်။ အဆိုပါမောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများကို ဖယ်ရှားပေးရန် ဆောက်လုပ်ရေး၀န်ကြီးဌာနမှ
နေ့စဥ်သတင်း

ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်စခန်းများတွင် ရာသီတုပ်ကွေးဖြစ်ပွားမှုများနေ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသူများကို ရာသီတုပ်ကွေးကူးစက်မှုမြင့်တက်နေသည်။ ကျော်တော်မြိုမှ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဖျားနာခြင်း၊ နှာမွှန်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းကဲ့သို ရောဂါလက္ခဏာများ ခံစားနေရသူ အများအပြားရှိသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။ စစ်ရှောင်မိသားစုတစုတိုင်းတွင် တယောက်အနည်းဆုံး ရာသီတုပ်ကွေးကူစက်နေပြီး စခန်းများတွင်