နေ့စဥ်သတင်း

တောင်ကြီး မောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများကို စစ်ကောင်စီ အတင်းဖယ်ရှားခိုင်

မဲခေါင် 3 Dec - 2021
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပါတ်လမ်း‌ဘေး၊ စဝ်စံထွန်းရပ်ကွက်ရှိ မောချယ်ရီယာဉ်ရပ်နားစခန်း ဆိုင်ခန်းများကို အာဏာသိမ်း စစ်ကောင်စီက အတင်းဖယ်ရှားခိုင်းသဖြင့် ယင်းဆိုင်ခန်းများကို မှီခိုနေရသည့် ပြည်သူ ၆၀၀ကျော် အခက်ကြုံနေရကြောင်း သိရသည်။ အဆိုပါမောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများကို ဖယ်ရှားပေးရန် ဆောက်လုပ်ရေး၀န်ကြီးဌာနမှ ဒီဇင်ဘာလ ၆ရက်၌ အကြောင်းကြားစာ ကပ်မည်ဖြစ်သည့်အတွက် ဆိုင်ခန်းရှင်များ စိုးရိမ်နေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆိုင်ခန်းများကိုယ်စားလှယ် တာဝန်ခံတစ်ဦးက ပြောသည်။ ” ၆ရက်နေ့မှာ အကြောင်းကြားစာ လာကပ်မယ်လို့ တပ်ထဲကပြောလာတယ်။ ချက်ချင်း‌ကြီးရွေ့ပြောင်းဖို့က အခက်အခဲရှိလို့ အကြောင်းကြားစာ လာကပ်မယ့်ကိစ္စကို ဆိုင်ခန်းရှင်တွေအားလုံး လက်မှတ်ထိုးပြီး အထက်အဆင့်ဆင့်ကို အသနားခံစာ တင်ပြတောင်းဆိုထားပေမယ့် အတင်းဖယ်ရှားခံရမယ့် အခြေအနေ ဖြစ်နေတယ်။ ဒီဆိုင်ခန်းတွေကို မှီခိုနေကြတဲ့

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပါတ်လမ်း‌ဘေး၊ စဝ်စံထွန်းရပ်ကွက်ရှိ မောချယ်ရီယာဉ်ရပ်နားစခန်း ဆိုင်ခန်းများကို အာဏာသိမ်း စစ်ကောင်စီက အတင်းဖယ်ရှားခိုင်းသဖြင့် ယင်းဆိုင်ခန်းများကို မှီခိုနေရသည့် ပြည်သူ ၆၀၀ကျော် အခက်ကြုံနေရကြောင်း သိရသည်။

အဆိုပါမောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများကို ဖယ်ရှားပေးရန် ဆောက်လုပ်ရေး၀န်ကြီးဌာနမှ ဒီဇင်ဘာလ ၆ရက်၌ အကြောင်းကြားစာ ကပ်မည်ဖြစ်သည့်အတွက် ဆိုင်ခန်းရှင်များ စိုးရိမ်နေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆိုင်ခန်းများကိုယ်စားလှယ် တာဝန်ခံတစ်ဦးက ပြောသည်။

” ၆ရက်နေ့မှာ အကြောင်းကြားစာ လာကပ်မယ်လို့ တပ်ထဲကပြောလာတယ်။ ချက်ချင်း‌ကြီးရွေ့ပြောင်းဖို့က အခက်အခဲရှိလို့ အကြောင်းကြားစာ လာကပ်မယ့်ကိစ္စကို ဆိုင်ခန်းရှင်တွေအားလုံး လက်မှတ်ထိုးပြီး အထက်အဆင့်ဆင့်ကို အသနားခံစာ တင်ပြတောင်းဆိုထားပေမယ့် အတင်းဖယ်ရှားခံရမယ့် အခြေအနေ ဖြစ်နေတယ်။ ဒီဆိုင်ခန်းတွေကို မှီခိုနေကြတဲ့ လူ၆၀၀ကျော်က ဒီကိစ္စကိုပဲ စိုးရိမ်ထိတ်လန့်နေရတာ။ ဈေးတည်ရှိနေသရွေ့  ဖွင့်လှစ်ရောင်းချခွင့် ရမယ်လို့ စာချုပ်ထဲမှာ ပါပေမယ့် အခုကြတော့ အတင်းဖယ်ခိုင်းနေတာ”  ဟု ၎င်းက ‌ပြောသည်။

အဆိုပါဆိုင်ခန်းများကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် တပ်ရင်းတပ်ဖွဲ့ပိုင် မြေနေရာပေါ်တွင် အပျောက်ငွေ စနစ် ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး၊ မောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများသည် အခြားသော တပ်ရင်း၊ တပ်ဖွဲ့ပိုင်များရှိ ဆိုင်ခန်းများနှင့် မတူဘဲ မူလ စာချုပ်ပါ စည်းကမ်းချက်များတွင် အချိန်ကာလ သတ်မှတ်ချက် မရှိဘဲ စျေးတည်ရှိသရွေ့ ရောင်းချခွင့် ရှိသည်ဟူသော အချက်လည်း ပါ၀င်ကြောင်း သိရသည်။

ရှမ်းမလေးဂိတ်၏ မြောက်ဘက်ခြမ်း အတွင်းဘက်ပိုင်းများနှင့် ဆေးတပ်ရင်း၊ လမ်းအရှေ့ဘက် မင်းလမ်းဘက် ထွက်သော လမ်းကြားရှိ ဆိုင်ခန်းများသည် GE တပ်ပိုင် ဆိုင်ခန်းများ ဖြစ်ကြပြီး အဆိုပါ ဆိုင်ခန်းများသည် သက်ဆိုင်ရာတပ်၊ ဌာနဆိုင်ရာအဆင့်ဆင့်ကို အသနားခံစာ အသီးသီး တင်ပြထားသော်လည်း အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာမရရှိကြောင်း သိရသည်။

ယင်းမောချယ်ရီယာဉ်ရပ်နားစခန်းတွင် ဆိုင်ခန်းပေါင်း ၁၇၃ ခန်းကို ‌ဆိုင်ခန်းရှင်၊ အလုပ်သမားများ၊ လက်လုပ်လက်စား၊ ကျောင်းသား သက်ကြီးရွယ်အို၊ မိသားစု လူဦးရေပေါင်း ၆၀၀ကျော် မှီခိုနေပြီး အနီးပြေး၊ အဝေးပြေး ယာဉ်လိုင်း ကားဂိတ်ပေါင်း ၂၀ ကျော် ရှိကြောင်းနှင့် ယင်းဆိုင်ခန်းများ ဖယ်ရှားခံရပါက ပြည်သူ ၆၀၀ကျော် စားဝတ်နေရေးနှင့် နေထိုင်ရေး ခက်ခဲသွားမည် ဖြစ်ကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

နေ့စဥ်သတင်း

မြန်မာသတင်းသမားတွေ ရပိုင်ခွင့်နည်းပါးလွန်းသည်ကို ဆန့်ကျင်လှုပ်ရှားမှု IFJ ပြုလုပ်

နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် – IJF က မြန်မာဂျာနယ်လစ်တွေ လုပ်ခလစာရပိုင်ခွင့်နည်းပါးလွန်းပြီး ရသင့်တဲ့သတင်းခ မရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် Anti-Wage Theft
နေ့စဥ်သတင်း

MPT ဖုန်းဘေလ် ခိုးနေတယ်လို့ သုံးစွဲသူတွေ ဝေဖန်

နိုင်ငံပိုင် အစုရှယ်ရာတွေ ပါဝင်တဲ့ ဖက်စပ် ဆက်သွယ်ရေး ကုမ္ပဏီ MPT ရဲ့ မိုဘိုင်းဖုန်း ဆင်းကတ် အသုံးပြုသူတွေ အနေနဲ့
နေ့စဥ်သတင်း

မြောက်ဥက္ကလာမှာ ဓားပြလာတိုက်သူတွေကို မိသားစုက ပြန်လည်ခုခံရာက ဓားပြ တစ်ဦးဖမ်းမိ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ ခေမာ (၂) လမ်းမှာရှိတဲ့ နေအိမ် တစ်လုံးကို အမျိုးသား ၄ ဦးက စက်တင်ဘာ ၁၇ နေ့က ဓားပြတိုက်ရာ နေအိမ်အတွင်းရှိ မိသားစုများက ပြန်လည် ခုခံရာက
နေ့စဥ်သတင်း

ရန်ကုန်မှာ ခိုးဆိုးလုယက်သူများ အုပ်စုဖွဲ့ သောင်းကျန်းနေပေမယ့် ဖမ်းဆီးသူမရှိ

ရန်ကုန်မြို့မှာ အုပ်စုဖွဲ့ လုယက်မှု၊ ခါးပိုက်နှိုက်မှုတွေ နေ့စဉ် ဖြစ်ပေါ်နေပေမဲ့ တိုင်းကြားပါကလည်း စစ်ကောင်စီ လက်အောက်ခံရဲက ဖမ်းဆီးမှု မရှိလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေရတယ်လို့ ကမာရွတ်မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ “မီးပွိုင့်ထိပ်မှာ အဖွဲ့လိုက်
နေ့စဥ်သတင်း

ဝါးခယ်မ စစ်ဆေးရေးတံတားဂိတ်တွင် စပါးရောင်းပြန်လာသူများထံမှ စစ်ကောင်စီငွေညှစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ဝင် စစ်ဆေးရေး တံတားဂိတ်တွင် စစ်ကောင်စီ တပ်သားများမှ ငွေညှစ် တောင်းခံမှုကြောင့် စပါးရောင်းချပြီး ပြန်လာသူ လယ်သမားများ အခက်ခဲကြုံတွေ့နေရသည်ဟု ဒေသခံလယ်သမားများထံမှ နိုဝင်ဘာလ ၁၅ရက်က သိရသည်။ ကျေးရွာလယ်သမားအများစု စပါးရောင်းချရန်အတွက် မြို့ဝင်စစ်ဆေးရေးတံတားဂိတ် ရောက်သည်နှင့်
နေ့စဥ်သတင်း

ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်စခန်းများတွင် ရာသီတုပ်ကွေးဖြစ်ပွားမှုများနေ

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသူများကို ရာသီတုပ်ကွေးကူးစက်မှုမြင့်တက်နေသည်။ ကျော်တော်မြိုမှ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဖျားနာခြင်း၊ နှာမွှန်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းကဲ့သို ရောဂါလက္ခဏာများ ခံစားနေရသူ အများအပြားရှိသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။ စစ်ရှောင်မိသားစုတစုတိုင်းတွင် တယောက်အနည်းဆုံး ရာသီတုပ်ကွေးကူစက်နေပြီး စခန်းများတွင်