နိုင်ငံရေး

စစ်ကောင်စီက နိုင်ငံရေးနဲ့ စီးပွားရေး ထွက်ပေါက်ရဖို့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချနေ

မဲခေါင် 29 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၈ စစ်ကောင်စီက နိုင်ငံရေးနဲ့ စီးပွားရေးအရ နိုင်ငံတကာမှာ ထွက်ပေါက်ရဖို့ အကျဥ်းချ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချ နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၈

စစ်ကောင်စီက နိုင်ငံရေးနဲ့ စီးပွားရေးအရ နိုင်ငံတကာမှာ ထွက်ပေါက်ရဖို့ အကျဥ်းချ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချ နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

နိုင်ငံတကာ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့နိုင်ငံရေး အကြပ်အတည်း ဖြေရှင်းနိုင်ဖို့ တစ်ခုတည်းသော အဖြေလို့ ယူဆထားတာကြောင့် စစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေကို ချိနဲ့သွားဖို့၊ နိုင်ငံရေးနဲ့ စီးပွားရေးအရ ထွက်ပေါက်ရဖို့ အသုံးချနေတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

“စစ်ကောင်စီမှာက တော်လှန်ရေး အင်အားစုတွေ ချိနဲ့သွားအောင် ဒေါ်စုကို ပထမအကြိမ် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့တယ်ဆိုပြီး ထုတ်သုံးတယ်။ အဆင်မပြေတော့ အခုတစ်ခါထပ်ပြီး နေအိမ်အကျယ်ချုပ်ထားမယ်၊ ပြန်လွှတ်ပေးမယ် ဆိုပြီး သတင်းလွှင့်နေတယ်လေ။ အာဆီယံ နိုင်ငံတွေကလည်း တွေ့ခွင့် တောင်းထားတယ်။ ပေးတွေ့မလား၊ မတွေ့ဘူးလား ဆိုတာတော့ ကြည့်ရမယ်” လို့ စစ်ကောင်စီနဲ့ နီးစပ်သူ သတင်းရင်မြစ်က ပြောပါတယ်။

ဒီကနေ့မှာတော့ AFP သတင်းဌာနက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD ပါတီ တာ၀န်ရှိသူ တစ်ဦးကို ကိုးကားပြီး ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် တို့ တွေ့ဆုံကြောင်း တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် Deng Xijuan နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သတင်း ဖော်ပြထားပါတယ်။

ဇူလိုင်လ ၂၄ ရက် ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီ နေပြည်တော် အကျဥ်းထောင်ထဲက ထုတ်ပြီး နေပြည်တော်က ၀န်ကြီးအဆင့် နေထိုင်တဲ့ အဆင်မြင့် အိမ်ရာတစ်ခုကို ပြောင်းရွေ့ထားတယ်လို့ AFP သတင်းဌာနက ရေးသားထားပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီလို သတင်းတွေ လွှင့်နေတာဟာ နိုင်ငံရေး သာမက စီးပွားရေးအရပါ ဒေါ်အောင်ဆန်းစုကြည် ကို အသုံးချပြီး စစ်ကောင်စီက ထွက်ပေါက်ရှာနေတာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ် ပြောဆိုထားပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ် ထားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ဒုတိယ အတွင်း၀န် ဦးမောင်မောင်ဆွေက အင်တာဗျူး တစ်ခုမှာ အခုလို ပြောဆိုထားပါတယ်။

“အမေ့ (ဒေါ်အောင်ဆန်းစုကြည်) ကို နေအိမ်အကျယ်ချုပ် ထားမယ် ဆိုတာကလည်း စေတနာရှိလွန်းလို့တော့ မဟုတ်ပါဘူး။ နိုင်ငံရေးအရ သွေးခွဲချင်တယ်။ အမေ မပြောတဲ့ စကားကို ပြောပါတယ် ဆိုပြီး ပြောပါတယ် လုပ်မယ်။ ပြောပါတယ် ဆိုတော့လည်း ဘယ်မှာလဲ အသံဖိုင်ပြဆိုတော့လည်း မပြနိုင်ဘူး။ တကယ်သာ အဲ့အသံဖိုင် ရှိကြည့်ပါလား။ စကစ ထဘီ အလံထူပြီးတော့ ကမ္ဘာပတ် ကြွားနေပြီ။ နိုင်ငံတကာမှာ ထွက်ပေါက် ပိတ်နေတယ်။ ဘယ်နိုင်ငံကမှ တရား၀င် အသိအမှတ် မပြုဘူး။ သူတို့ (စစ်ကောင်စီ) အင်မတန် အားကိုးပါတယ် ဆိုတဲ့ တရုတ်တို့၊ ရုရှား တို့တောင်မှာ အသိအမှတ် မပြုဘူး” လို့ ဦးမောင်မောင်ဆွေက ပြောဆိုထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်တပ် အဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

MK-007

#MeKongNews

#အာဆီယံ

#ဒေါ်အောင်ဆန်းစုကြည်

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းရယ်တွင် တရုတ်ကျားဖြန့် ၃ ဦး ဖမ်းမိ

မဲခေါင်၊ ဩဂုတ် ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် တရုတ်ကျားဖြန့် ၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဗဟိုကို ငွေသွင်းရမည်ဟုဆိုကာ PNO ပြည်သူ့စစ်က တစ်အိမ် ၂၀၀၀၀ ကျပ် ဆက်ကြေးကောက်

မဲခေါင်၊ ဩဂုတ် ၂၇ ဗဟိုဌာနချုပ်ကို ငွေသိန်းတစ်ထောင် သွင်းရမည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုတွင် တစ်အိမ် ၂ သောင်းကျပ် ဆက်ကြေးကောက်ခံနေသည်ဟု ဒေသခံများကပြောသည်။ ယခင်က တစ်လတစ်သောင်းကျပ် ဆက်ကြေးကောက်ခံနေရာမှ ယခု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now