နိုင်ငံရေး

ဦးခင်ရီ အဂတိမှုနဲ့ ကန်ထုတ်ခံတာဖြစ်ပြီး မင်းအောင်လှိုင် တာဝန်ပေးသယောင်နဲ့ ကြံ့ခိုင်ရေး ဥက္ကဋ္ဌနေရာ လုယူဟုဖွင့်ဟ၊ လာမယ့် ကြံ့ခိုင်ရေးညီလာခံ​မှာ နေရာလုဖို့ ၂ဖက်အသည်းအသန်ကြိုးစားနေ

မဲခေါင် 1 Oct - 2022
စစ်ကောင်စီရဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးခင်ရီ ဟာ အဂတိ လိုက်စားမှုနဲ့ ကန်ထုတ်ခံခဲ့ရတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကို တာဝန်ယူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တာဝန်ပေး သယောင်နဲ့ ပါတီဥက္ကဋ္ဌ နေရာကို အကျပ်ကိုင် လုယူခဲ့တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဦးခင်ရီကို စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ သောကြာနေ့မှာ ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး သြဂုတ်လ ၂၁ ရက် တနင်္လာနေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တာဝန်ပေးသယောင် ကြံ့ခိုင်ရေးပါတီမှာ အလျင်စလို ရုံးပြန်တက်ကာ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးသန်းဌေးကို အကျပ်ကိုင်ခဲ့တဲ့ အတွက် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရာထူးကို လွှဲပေးခဲ့ရတယ်လို့ ၎င်းကပြောပါတယ်။

ကိုခင်ရီ စားလွန်းအားကြီးလို့ မင်းအောင်လှိုင်က ကန်ထုတ်လိုက်တာ၊ မင်းအောင်လှိုင် အနေနဲ့က ပါတီကိုလာမှ သမ္မတ လုပ်လို့ရတာ မဟုတ်ဘူးလေ။ စစ်တပ်က သမ္မတလောင်းတင်ရင် ပါတီက ထောက်ခံပေးမှာပဲ။ သူပါတီကို လာဖို့ တာဝန်ပေးသယောင် ကိုခင်ရီက လုပ်သွားတာ။ ကိုသန်းဌေးက လူအေးဆိုတော့ သူလုပ်လို့ ရသွားတာပေါ့ဗျာ

လို့ ၎င်းကပြောပါတယ်။

မင်းအောက်လှိုင်ရဲ့ လက်ရုံး တစ်ဆူဖြစ်သူ ဦးခင်ရီဟာ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အဖြစ် ချီးမြှင့်ခံရပြီးနောက် အိန္ဒိယ နည်းပညာ ကုမ္ပဏီတွေနဲ့ ပြုလုပ်ခဲ့တဲ့ e-ID Biographic Registration Software နည်းပညာ အသုံးပြု National Database ပရောဂျက်မှာ ဒေါ်လာ သန်းချီ လာဒ်စားခဲ့တယ်လို့ ၎င်းက စွပ်စွဲပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဝါရင့် လ.ဝ.က အရာရှိ တစ်ဦးက “ကိုယ့်ဆရာရင်း မကောင်းပြောရတာ ကောင်းတော့ မကောင်းဘူး။ ခုမှစားတာ မဟုတ်ဘူး ၂၀၁၄ သန်းခေါင်စာရင်း ကောက်တုန်းကလည်း UN (ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့) ကပေးတဲ့ မြို့နယ်ရုံး အသုံးစရိတ်တွေနဲ့ တခြားဟာတွေ အကုန်ကြိတ်တာ။ ခုကိစ္စကလည်း မှန်တယ်။ ခုကာလ စစ်ကိုင်းတိုင်းက ရွှေ့ရဖို့ ဘာညာ အပြာင်းအရွှေ့ ရာထူးတိုးကြေးက ရာဂဏန်း” လို့ ပြောပါတယ်။

ဒါ့အပြင် ရန်ကုန် အပါအဝင် ပြည်နယ်နဲ့ တိုင်းများမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ တာဝန်ပေးဖို့ကိုလည်း ကျပ်သိန်းရာဂဏန်း ပေးရတဲ့ အပြင် ရခိုင်ဘက်က ရိုဟင်ဂျာတွေ နိုင်ငံသား မှတ်ပုံတင်ရဖို့ လမ်းကြောင်းတွေလည်း ရှိတယ်လို့ ၎င်းကပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်မှု အပေါ်မှာ အခြေခံပြီးတော့ မူဝါဒတွေ ချမှတ်တာ ဖြစ်ပြီး သမ္မတဦးသိန်း လက်ထက်မှာ မျိုးစောင့် ဥပဒေ ပြဌာန်းနိုင်ခဲ့ကြောင်း၊ ဒါပေမယ့် လက်ရှိ ယာယီဥက္ကဋ္ဌ ဦးခင်ရီဟာ လူမှုရေးဖောက်ပြန်မှု များစွာရှိနေတဲ့ အတွက် ပါတီအတွက် များစွာ ထိခိုက်ကြောင်း ကြံ့ခိုင်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်က ဆိုပါတယ်။

လူမှုရေး ကိစ္စတွေ မပြောချင်ပေမယ့် ပါတီအတွက် ဆိုတော့ ပြောရတော့မယ်။ ကိုခင်ရီ လူမှုရေးကိစ္စ အရှုပ်အထွေးတွေ အများကြီးရှိတာ ပါတီကော တပ်ထိပ်ပိုင်းကကော လုပ်ဖော်ကိုင်ဖက်တွေကော အကုန်သိကြပါတယ်။ အဆိုးဆုံးက ပါတီက မျိုးစောင့် ဥပဒေတို့ တလင်တမယား ဥပဒေတို့ ပြဌာန်းဖို့ မနည်းလုပ်ခဲ့ရတာ၊ သူက လူမှုရေးရှုပ်တယ်၊ မယားငယ်ယူတယ်၊ ကလေးမွေးတယ် ဆိုတော့ မကောင်းဘူးပေါ့ဗျာ

လို့ ၎င်းကထောက်ပြပါတယ်။

လာမယ့် အောက်တိုဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဒက္ခိဏသီရိမြို့နယ်ရှိ ပါတီဌာနချုပ်မှာ သုံးရက်ကြာ ကျင်းပမယ့် ကြံ့ခိုင်ရေးပါတီ တတိယအကြိမ် ညီလာခံမှာ ပါတီဥက္ကဋ္ဌ နေရာအပါအဝင် အထွေထွေ အတွင်းရေးမှူးနဲ့ ပါတီ ဗဟိုအလုပ်မှုဆောင် ၄၅ ဦးကို ပြန်ရွေးမယ်လို့ သိရပါတယ်။

ဒီညီလာခံမှာ ဥက္ကဋ္ဌ ရာထူးအတွက် ဦးခင်ရီ အပါအဝင် ဦးသန်းဌေးနဲ့ အခြား ထိပ်တန်းခေါင်းဆောင်များ ဝင်ရောက် အရွေးခံဖို့ ရှိနေပြီး ဦးခင်ရီ အနေနဲ့ ဥက္ကဋ္ဌ ရာထူးရရှိဖို့ နည်းမျိုးစုံနဲ့ စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ကြံ့ခိုင်ရေးပါတီ ညီလာခံကို တက်ရောက်မယ့် ကိုယ်စားလှယ် အများစု နေပြည်တော်ကို ရောက်ရှိနေပြီ ဖြစ်ပြီး စစ်ကောင်စီကလည်း လုံခြုံရေး အထူး တင်းကျပ်ထားတယ်လို့ သိရပါတယ်။

(ဦးခင်ရီရဲ့ လူမှုရေး ကိစ္စများနဲ့ ပတ်သက်ပြီး မီဒီယာကျင့်ဝတ်အရ မဲခေါင်သတင်း အနေနဲ့ အသေးစိတ် ဖော်ပြခြင်း မပြုဘဲ ချန်လှပ်ထားခဲ့ပါတယ်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

နိုင်ငံရေး

NLD နာယက ဦးတင်ဦးကို စစ်ကောင်စီဝင်မန်းငြိမ်းမောင် ဂါရဝပြုတယ်ဟုဆိုကာ လာတွေပြီး စာတစ်စောင်ဖတ်ပြ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦး ကို စစ်ကောင်စီဝင် တစ်ဦး ဖြစ်တဲ့ မန်းငြိမ်းမောင် လာရောက် ဂါရဝပြုတယ်လို့ဆိုကာ
နိုင်ငံရေး

SNLD ပါတီတည်ထောင်ခြင်း ၃၄ နှစ်ပြည့် ကျေးဇူးတင်လွှာ ထုတ်ပြန်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ တည်ထောင်တာ ၃၄ နှစ်ပြည့် ကျေးဇူးတင်လွှာကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့
နိုင်ငံရေး

စစ်ကောင်စီ အကျပ်ဆိုက်နေစဉ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ RCSS ကမ်းလှမ်း

နိုင်ငံတဝန်း ဝိုင်းဝန်း တိုက်ခိုက်မှုများကြောင့် စစိကောင်စီ အကျပ်ဆိုက်နေစဉ် ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀
နိုင်ငံရေး

မဲမသမာမှုကြောင့် အာဏာသိမ်းဟု အကြမ်းဖက်စစ်တပ် အကြောင်းပြခဲ့ပေမယ့် မဲရှုံးခဲ့ကြောင်း ကြံ့ခိုင်ရေး ဥက္ကဋ္ဌဝန်ခံ

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီက မဲမသမာမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အကြမ်းဖက် စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့်လည်း NLD ပါတီရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့
နိုင်ငံရေး

လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အရပ်သားအစိုးရအောက် ထားရှိရေးနဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေး အာဏာသိမ်းစစ်တပ် လက်မခံ

နေပြည်တော်ဆွေးနွေးပွဲမှာ SSPP ဘက်ကဆွေးနွေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အရပ်သားအစိုးရအောက် ထားရှိရေးနဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးဆွေးနွေးချက်တွေကို အာဏာသိမ်းစစ်တပ်ဘက်က လက်မခံဘူးလို့ စုံစမ်းသိရပါတယ်။
နိုင်ငံရေး

ကာကွယ်ဆေးထိုးပြီး ပြန်လာသည့် နိုင်/ကျဉ်းဟောင်း တစ်ဦးကို စစ်ကောင်စီ စောင့်ဖမ်း

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူးအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်အောင်ကို အသက် ၆၅ နှစ်အထက်ဖြစ်၍ ကာကွယ်ဆေးထိုးနှံရမည်ဟု အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက လာရောက်ပြောဆိုထိုးနှံခိုင်းပြီး သွားရောက်ထိုးနှံပြီးအပြန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုဝင်ထံက သိရသည်။
နိုင်ငံရေး

အာဆီယံတွင် စေ့စပ်ညှိနှိင်းရန်နှင့် မြန်မာအရေးဆွေးနွေးရန် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေး ဒဲရက် ခိုလတ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲကို ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး အာဆီယံဒေသအတွင်း ကတိကဝတ်များကို အတည်ပြုရန်နှင့် မြန်မာပဋိပက္ခအရေး ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ စေလွှတ်ထားသည်။ အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ
နိုင်ငံရေး

စစ်ကောင်စီအပေါ် “ဝ” အမျိုးသားပါတီ၏ သဘောထား သိလိုကြောင် “ဝ”လူငယ်များ တောင်းဆို

ကြံ့ခိုင်ရေးအပါအဝင် ပါတီများနှင့် ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် လက်မှတ်ရေးထိုးခြင်းသည် “ဝ”အမျိုးသားပါတီဥက္ကဌ တစ်ဦးတည်း၏ သဘောထားဖြစ်သည်ဟု ထုတ်ပြန်ထားသည့်အတွက် စစ်ကောင်စီအပေါ် “ဝ”အမျိုးသားပါတီအနေဖြင့် မည်သို့ သဘောထားရှိသည်ကို သိရှိလိုကြောင်း တန့်ယန်း “ဝ” လူငယ်ကွန်ယက်က မေးမြန်းတောင်းဆိုလိုက်သည်။ ဩဂုတ်လ ၁၇ရက်က