နိုင်ငံရေး

လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အရပ်သားအစိုးရအောက် ထားရှိရေးနဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေး အာဏာသိမ်းစစ်တပ် လက်မခံ

မဲခေါင် 2 Oct - 2022
နေပြည်တော်ဆွေးနွေးပွဲမှာ SSPP ဘက်ကဆွေးနွေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အရပ်သားအစိုးရအောက် ထားရှိရေးနဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးဆွေးနွေးချက်တွေကို အာဏာသိမ်းစစ်တပ်ဘက်က လက်မခံဘူးလို့ စုံစမ်းသိရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါင်းစဉ်တပ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဆွေးနွေးပွဲမှာ SSPP ဘက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးရာမှာ ဒီကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

သူတို့က အရပ်သားအစိုးရအောက်မှာ မနေနိုင်ဘူးပေါ့။ ဗမာပြည်နယ်ဖွဲ့စည်းရေးကိုလည်း လက်မခံဘူး 

လို့ SSPP နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဗမာပြည်နယ်ဖွဲ့စည်းဖို့ အပါအဝင် အချက် ၄ ချက်ကို ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

SSPP နဲ့ စစ်ကောင်စီ လေးရက်တာ ဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ဖို့၊ ၁၉၆၁ ခုနှစ်က ပြည်နယ်ပေါင်းစုံညီလာခံမှာ ချမှတ်ခဲ့တဲ့ သဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့၊ အမျိုသားတန်းတူရေးကို ဖော်ဆောင်နိုင်ဖို့အတွက် ဗမာပြည်နယ်ကိုဖွဲ့စည်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတဲ့ အချက် ၄ ချက် ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်ကလည်း အာဏာသိမ်းစစ်တပ်ကဖွဲ့စည်းတဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး SSPP က ၂၀၀၈ ခြေဥမှာ ပြင်ဆင်ရမယ့်အချက်တွေကို ဆွေးနွေးရာမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အားလုံးကို အရပ်သားအစိုးရလက်အောက် ထားရှိဖို့နဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ လက်အောက်မှာ ပြည်နယ်လုံခြုံရေးအဖွဲ့ထားရှိဖို့ SSPP က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆွေးနွေးရာမှာ ပြည်ထောင်စု ဥပဒေပြုရေးမှာ အာဏာတူတဲ့ ဖက်ဒရယ်အထက်လွှတ်တော်နဲ့ ဖက်ဒရယ်အောက်လွှတ်တော်ဆိုပြီး ထားရှိဖို့၊ ပြည်ထောင်စုအုပ်ချုပ်ရေးမှာ ဝန်ကြီးချုပ်ရော၊ သမ္မတပါထားရှိပြီး သမ္မတကို ဖယ်ဒရယ်အထက်လွှတ်တော်က ရွေးချယ်ဖို့နဲ့ ဝန်ကြီးချုပ်ကို ဖက်ဒရယ် အောက်လွှတ်တော်က ရွေးချယ်ဖို့၊ သမ္မတဟာ နိုင်ငံရဲ့အကြီးအကဲဖြစ်သလို စစ်သေနာပတိချုပ်လည်း ဖြစ်ရမှာ ဖြစ်ပြီး ဝန်ကြီးချုပ်က အစိုးရအကြီးအကဲဖြစ်ရမယ်လို့ SSPP က ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

အလားတူ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်ချက်အရ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့တွေဟာ စက်တင်ဘာ ၂၆ ရက်က နေပြည်တော်ကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိခဲ့တဲ့ စစ်တပ်တွေဖြစ်ပြီး အခုလက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIA၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ နေပြည်တော်ကို သွားရောက်ခြင်းမရှိပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရာမှာ အရေးနိမ့်ပြီး အကျပ်အတည်းတွေ့နေလို့သာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးကမ်းလှမ်းတာဖြစ်တယ်လို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

နိုင်ငံရေး

NLD နာယက ဦးတင်ဦးကို စစ်ကောင်စီဝင်မန်းငြိမ်းမောင် ဂါရဝပြုတယ်ဟုဆိုကာ လာတွေပြီး စာတစ်စောင်ဖတ်ပြ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦး ကို စစ်ကောင်စီဝင် တစ်ဦး ဖြစ်တဲ့ မန်းငြိမ်းမောင် လာရောက် ဂါရဝပြုတယ်လို့ဆိုကာ
နိုင်ငံရေး

SNLD ပါတီတည်ထောင်ခြင်း ၃၄ နှစ်ပြည့် ကျေးဇူးတင်လွှာ ထုတ်ပြန်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ တည်ထောင်တာ ၃၄ နှစ်ပြည့် ကျေးဇူးတင်လွှာကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့
နိုင်ငံရေး

စစ်ကောင်စီ အကျပ်ဆိုက်နေစဉ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ RCSS ကမ်းလှမ်း

နိုင်ငံတဝန်း ဝိုင်းဝန်း တိုက်ခိုက်မှုများကြောင့် စစိကောင်စီ အကျပ်ဆိုက်နေစဉ် ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀
နိုင်ငံရေး

မဲမသမာမှုကြောင့် အာဏာသိမ်းဟု အကြမ်းဖက်စစ်တပ် အကြောင်းပြခဲ့ပေမယ့် မဲရှုံးခဲ့ကြောင်း ကြံ့ခိုင်ရေး ဥက္ကဋ္ဌဝန်ခံ

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီက မဲမသမာမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အကြမ်းဖက် စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့်လည်း NLD ပါတီရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့
နိုင်ငံရေး

ဦးခင်ရီ အဂတိမှုနဲ့ ကန်ထုတ်ခံတာဖြစ်ပြီး မင်းအောင်လှိုင် တာဝန်ပေးသယောင်နဲ့ ကြံ့ခိုင်ရေး ဥက္ကဋ္ဌနေရာ လုယူဟုဖွင့်ဟ၊ လာမယ့် ကြံ့ခိုင်ရေးညီလာခံ​မှာ နေရာလုဖို့ ၂ဖက်အသည်းအသန်ကြိုးစားနေ

စစ်ကောင်စီရဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးခင်ရီ ဟာ အဂတိ လိုက်စားမှုနဲ့ ကန်ထုတ်ခံခဲ့ရတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကို တာဝန်ယူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တာဝန်ပေး သယောင်နဲ့ ပါတီဥက္ကဋ္ဌ နေရာကို အကျပ်ကိုင် လုယူခဲ့တာ ဖြစ်တယ်လို့
နိုင်ငံရေး

ကာကွယ်ဆေးထိုးပြီး ပြန်လာသည့် နိုင်/ကျဉ်းဟောင်း တစ်ဦးကို စစ်ကောင်စီ စောင့်ဖမ်း

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူးအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်အောင်ကို အသက် ၆၅ နှစ်အထက်ဖြစ်၍ ကာကွယ်ဆေးထိုးနှံရမည်ဟု အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက လာရောက်ပြောဆိုထိုးနှံခိုင်းပြီး သွားရောက်ထိုးနှံပြီးအပြန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုဝင်ထံက သိရသည်။
နိုင်ငံရေး

အာဆီယံတွင် စေ့စပ်ညှိနှိင်းရန်နှင့် မြန်မာအရေးဆွေးနွေးရန် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေး ဒဲရက် ခိုလတ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲကို ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး အာဆီယံဒေသအတွင်း ကတိကဝတ်များကို အတည်ပြုရန်နှင့် မြန်မာပဋိပက္ခအရေး ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ စေလွှတ်ထားသည်။ အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ
နိုင်ငံရေး

စစ်ကောင်စီအပေါ် “ဝ” အမျိုးသားပါတီ၏ သဘောထား သိလိုကြောင် “ဝ”လူငယ်များ တောင်းဆို

ကြံ့ခိုင်ရေးအပါအဝင် ပါတီများနှင့် ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် လက်မှတ်ရေးထိုးခြင်းသည် “ဝ”အမျိုးသားပါတီဥက္ကဌ တစ်ဦးတည်း၏ သဘောထားဖြစ်သည်ဟု ထုတ်ပြန်ထားသည့်အတွက် စစ်ကောင်စီအပေါ် “ဝ”အမျိုးသားပါတီအနေဖြင့် မည်သို့ သဘောထားရှိသည်ကို သိရှိလိုကြောင်း တန့်ယန်း “ဝ” လူငယ်ကွန်ယက်က မေးမြန်းတောင်းဆိုလိုက်သည်။ ဩဂုတ်လ ၁၇ရက်က