နိုင်ငံရေး

စစ်ကောင်စီ အကျပ်ဆိုက်နေစဉ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ RCSS ကမ်းလှမ်း

မဲခေါင် 10 Oct - 2022
နိုင်ငံတဝန်း ဝိုင်းဝန်း တိုက်ခိုက်မှုများကြောင့် စစိကောင်စီ အကျပ်ဆိုက်နေစဉ် ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ အတွင်း တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ထုတ်ပြန်ပါတယ်။ လက်ရှိ စစ်ရေး ပဋိပက္ခများကြောင်း ပြည်တွင်း ပြည်ပ စစ်ဘေးရှောင် အများအပြားရှိနေပြီး တိုင်းပြည် စီးပွားရေး ကျဆင်းကာ ပြည်သူလူထု မြေစာပင် ဖြစ်နေရတဲ့ အတွက် တွေ့ဆုံ ဆွေးနွေးပြီး နည်းလမ်းရှာဖို့ လိုအပ်တယ်လို့ RCSS

နိုင်ငံတဝန်း ဝိုင်းဝန်း တိုက်ခိုက်မှုများကြောင့် စစိကောင်စီ အကျပ်ဆိုက်နေစဉ် ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ အတွင်း တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က ထုတ်ပြန်ပါတယ်။

လက်ရှိ စစ်ရေး ပဋိပက္ခများကြောင်း ပြည်တွင်း ပြည်ပ စစ်ဘေးရှောင် အများအပြားရှိနေပြီး တိုင်းပြည် စီးပွားရေး ကျဆင်းကာ ပြည်သူလူထု မြေစာပင် ဖြစ်နေရတဲ့ အတွက် တွေ့ဆုံ ဆွေးနွေးပြီး နည်းလမ်းရှာဖို့ လိုအပ်တယ်လို့ RCSS က ဆိုပါတယ်။

RCSS အနေနဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ပေါ်လစီ ချမှတ်ထားပြီး တွေ့ဆုံ ဆွေးနွေးခြင်း အားဖြင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံ‌နိုင်ရေး၊ အထင်မှားမှုများ လျှော့ချနိုင်ရေး၊ နားလည်မှု ရှိရေး၊ ယုံကြည်မှု တည်ဆောက်ရေးနဲ့ လူထု၊ တိုင်းပြည်အကျိုး အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းအားလုံးနဲ့ မဟာမိတ် ဖြစ်လာနိုင်ဖို့၊ စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အထိ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့ပေမယ့် ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ပြန်လည် တင်ပြဖို့ ရှိ မရှိနဲ့ RCSS ရဲ့ မျှော်လင့်ချက်တွေကို အသေးစိတ် မေးမြန်းနိုင်ဖို့ အတွက် ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ဖုန်းနံပတ်တွေကို မဲခေါင်သတင်း အနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အခုလို RCSS ရဲ့ ဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ SSPP အပါအဝင် တခြား လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ တစ်စုံတရာ တုန့်ပြန်တာမျိုး မရှိသေးသေးပါဘူး။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဖော်ရွေတဲ့ ဆက်ဆံရေးရှိတဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ RCSS ဟာ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မကြာခဏ ပြုလုပ်လေ့ ရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

နိုင်ငံရေး

NLD နာယက ဦးတင်ဦးကို စစ်ကောင်စီဝင်မန်းငြိမ်းမောင် ဂါရဝပြုတယ်ဟုဆိုကာ လာတွေပြီး စာတစ်စောင်ဖတ်ပြ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦး ကို စစ်ကောင်စီဝင် တစ်ဦး ဖြစ်တဲ့ မန်းငြိမ်းမောင် လာရောက် ဂါရဝပြုတယ်လို့ဆိုကာ
နိုင်ငံရေး

SNLD ပါတီတည်ထောင်ခြင်း ၃၄ နှစ်ပြည့် ကျေးဇူးတင်လွှာ ထုတ်ပြန်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ တည်ထောင်တာ ၃၄ နှစ်ပြည့် ကျေးဇူးတင်လွှာကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့
နိုင်ငံရေး

မဲမသမာမှုကြောင့် အာဏာသိမ်းဟု အကြမ်းဖက်စစ်တပ် အကြောင်းပြခဲ့ပေမယ့် မဲရှုံးခဲ့ကြောင်း ကြံ့ခိုင်ရေး ဥက္ကဋ္ဌဝန်ခံ

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီက မဲမသမာမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အကြမ်းဖက် စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့်လည်း NLD ပါတီရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့
နိုင်ငံရေး

လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အရပ်သားအစိုးရအောက် ထားရှိရေးနဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေး အာဏာသိမ်းစစ်တပ် လက်မခံ

နေပြည်တော်ဆွေးနွေးပွဲမှာ SSPP ဘက်ကဆွေးနွေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အရပ်သားအစိုးရအောက် ထားရှိရေးနဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးဆွေးနွေးချက်တွေကို အာဏာသိမ်းစစ်တပ်ဘက်က လက်မခံဘူးလို့ စုံစမ်းသိရပါတယ်။
နိုင်ငံရေး

ဦးခင်ရီ အဂတိမှုနဲ့ ကန်ထုတ်ခံတာဖြစ်ပြီး မင်းအောင်လှိုင် တာဝန်ပေးသယောင်နဲ့ ကြံ့ခိုင်ရေး ဥက္ကဋ္ဌနေရာ လုယူဟုဖွင့်ဟ၊ လာမယ့် ကြံ့ခိုင်ရေးညီလာခံ​မှာ နေရာလုဖို့ ၂ဖက်အသည်းအသန်ကြိုးစားနေ

စစ်ကောင်စီရဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးခင်ရီ ဟာ အဂတိ လိုက်စားမှုနဲ့ ကန်ထုတ်ခံခဲ့ရတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကို တာဝန်ယူဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တာဝန်ပေး သယောင်နဲ့ ပါတီဥက္ကဋ္ဌ နေရာကို အကျပ်ကိုင် လုယူခဲ့တာ ဖြစ်တယ်လို့
နိုင်ငံရေး

ကာကွယ်ဆေးထိုးပြီး ပြန်လာသည့် နိုင်/ကျဉ်းဟောင်း တစ်ဦးကို စစ်ကောင်စီ စောင့်ဖမ်း

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူးအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်အောင်ကို အသက် ၆၅ နှစ်အထက်ဖြစ်၍ ကာကွယ်ဆေးထိုးနှံရမည်ဟု အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက လာရောက်ပြောဆိုထိုးနှံခိုင်းပြီး သွားရောက်ထိုးနှံပြီးအပြန်တွင် ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုဝင်ထံက သိရသည်။
နိုင်ငံရေး

အာဆီယံတွင် စေ့စပ်ညှိနှိင်းရန်နှင့် မြန်မာအရေးဆွေးနွေးရန် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေး ဒဲရက် ခိုလတ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲကို ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး အာဆီယံဒေသအတွင်း ကတိကဝတ်များကို အတည်ပြုရန်နှင့် မြန်မာပဋိပက္ခအရေး ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ စေလွှတ်ထားသည်။ အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ
နိုင်ငံရေး

စစ်ကောင်စီအပေါ် “ဝ” အမျိုးသားပါတီ၏ သဘောထား သိလိုကြောင် “ဝ”လူငယ်များ တောင်းဆို

ကြံ့ခိုင်ရေးအပါအဝင် ပါတီများနှင့် ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် လက်မှတ်ရေးထိုးခြင်းသည် “ဝ”အမျိုးသားပါတီဥက္ကဌ တစ်ဦးတည်း၏ သဘောထားဖြစ်သည်ဟု ထုတ်ပြန်ထားသည့်အတွက် စစ်ကောင်စီအပေါ် “ဝ”အမျိုးသားပါတီအနေဖြင့် မည်သို့ သဘောထားရှိသည်ကို သိရှိလိုကြောင်း တန့်ယန်း “ဝ” လူငယ်ကွန်ယက်က မေးမြန်းတောင်းဆိုလိုက်သည်။ ဩဂုတ်လ ၁၇ရက်က