ကြံ့ခိုင်ရေးအပါအဝင် ပါတီများနှင့် ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် လက်မှတ်ရေးထိုးခြင်းသည် “ဝ”အမျိုးသားပါတီဥက္ကဌ တစ်ဦးတည်း၏ သဘောထားဖြစ်သည်ဟု ထုတ်ပြန်ထားသည့်အတွက် စစ်ကောင်စီအပေါ် “ဝ”အမျိုးသားပါတီအနေဖြင့် မည်သို့ သဘောထားရှိသည်ကို သိရှိလိုကြောင်း တန့်ယန်း “ဝ” လူငယ်ကွန်ယက်က မေးမြန်းတောင်းဆိုလိုက်သည်။
ဩဂုတ်လ ၁၇ရက်က ထုတ်ပြန်သည့် သဘေားထားထုတ်ပြန်ချက်တွင် ထည့်သွင်းမေးမြန်းတောင်းဆိုထားခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို မြင်နေ၊ သိနေသည့်အတွက် “ဝ”အမျိုးသားပါတီအနေဖြင့် စစ်ကောင်စီနှင့် မပူးပေါင်းရန် တိုက်တွန်းကြောင်းကိုလည်း ထည့်သွင်းရေးသားထားသည်။
အကြမ်းဖက် စစ်ကောင်နှင့် ပူးပေါင်းပါက “ဝ” လူငယ်မျိုးဆက်သစ်များဖြင့် ဖွဲ့စည်းထားသည့် တန့်ယန်း “ဝ” လူငယ်ကွန်ယက်၏ အားပေးထောက်ခံမှုကို ဆုံးရှုံးသွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။