နိုင်ငံတကာရုပ်သံ

ထိုင်းရဲဟောင်း နေ့ကလေးထိန်းကျောင်းကို ဝင်ပစ်ခတ်မှုကြောင့် ကလေး ၂၄ ယောက် အပါအဝင် သေဆုံးသူ ၃၈ ယောက်ရှိလာ

မဲခေါင် 7 Oct - 2022
There are many variations of passages of Lorem Ipsum available but the majority have suffered alteration in that some injected humour.

သေဆုံးသူတွေထဲမှာ သေနတ်သမား၊ သေနတ်သမားကိုယ်တိုင်ပစ်ခတ်ခဲ့တဲ့ ဇနီးသည်နဲ့ ၃ နှစ်သားကလေးငယ်တို့လည်း ပါဝင်နေပါတယ်။

ပစ်ခတ်မှုကြောင့် ထိခိုက်နစ်နာသူတွေရဲ့မိသားစုတွေကို ထိုင်းဘုရင်ကထောက်ပံ့သွားမယ်လို့လည်း ရဲချုပ်ကပြောပါတယ်။

ရဲတပ်ကြပ်ဟောင်း ပန်ယာ ခန်ယက်ဘ်က ကလေးထိန်းကျောင်းထဲဝင်ရောက်ပစ်ခတ်ရာမှာ ကလေးငယ် ၂၄ ယောက်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ကလေးတွေနေ့ခင်းအိပ်ပျော်နေချိန်မှာ ပထမဆုံးဓားနဲ့ထိုးခဲ့ပြီး နောက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းစာမှာဖော်ပြပါတယ်။

ဒဏ်ရာရတဲ့လူ ၁၀ ယောက်ထဲမှာ ၆ ယောက်က စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့လည်း သိရပါတယ်။

အသက် ၃၄ နှစ်ရှိနေတဲ့ရဲတပ်ကြပ်ဟောင်းဟာ မက်သာဖက်တမင်းမူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဇွန် ၁၅ ရက်မှာ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်းလည်း ရဲချုပ်က ပြောပြပါတယ်။

ဘာကြောင့် ပစ်ခတ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ အခုထိမသိရသေးပါဘူး။

ဥက္ကာ

Photo – Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

နိုင်ငံတကာရုပ်သံ

ယာဉ်အန္တရာယ်တားဆီးကာကွယ်ရေးစီမံချက်အဖြစ် နယူးရီးယာအိဗ်မှာ ကား၊ ဆိုင်ကယ်အားလုံး ထိုင်းအစိုးရအခမဲ့ စစ်ဆေးပေးမယ်

နေ့စဉ်နဲ့အမျှ လူသားတွေဟာ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေကို မောင်းနှင်လှုပ်ရှားသွားလာနေကြပေမယ့် ဒီစက်ပစ္စည်းတွေက အန္တရာယ်ဖြစ်စေလောက်အောင် ပျက်စီးယိုယွင်းနေသလားဆိုတာကို စစ်ဆေးဖို့ မေ့တတ်ကြ တဲ့အတွက် ဒီစီမံချက်ကို
နိုင်ငံတကာရုပ်သံ

ထိုင်းရဲဟောင်း နေ့ကလေးထိန်းကျောင်းကို ဝင်ပစ်ခတ်မှုကြောင့် ကလေး ၂၄ ယောက် အပါအဝင် သေဆုံးသူ ၃၈ ယောက်ရှိလာ

သေဆုံးသူတွေထဲမှာ သေနတ်သမား၊ သေနတ်သမားကိုယ်တိုင်ပစ်ခတ်ခဲ့တဲ့ ဇနီးသည်နဲ့ ၃ နှစ်သားကလေးငယ်တို့လည်း ပါဝင်နေပါတယ်။ ပစ်ခတ်မှုကြောင့် ထိခိုက်နစ်နာသူတွေရဲ့မိသားစုတွေကို ထိုင်းဘုရင်ကထောက်ပံ့သွားမယ်လို့လည်း ရဲချုပ်ကပြောပါတယ်။ ရဲတပ်ကြပ်ဟောင်း