ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် 26 May - 2023
မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မဲခေါင် ၊ မေ ၂၆

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့မေလ ပထမပတ်ထဲမှာ SSPP က ခေါ်ယူသတိပေးခဲ့တာဖြစ်ပြီး တန့်ယန်းမြို့ထဲမှာ နှစ်လုံးထီ၊ သုံးလုံးထီ၊ ကာစီနို၊ ငါးပစ်ဂိမ်း အပါအဝင် လောင်းကစားအမျိုးမျိုးကို မပြုလုပ်ကြဖို့ သတိပေးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

SSPP ကခေါ်ယူသတိပေးမှု မပြုလုပ်ခင်အထိ လောင်းကစားဒိုင်တွေက စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်ရာတွေကို လဘ်ငွေထိုးပြီးလောင်းကစားအမျိုးမျိုးကို တန့်ယန်းမြို့ထဲမှာ ဖွင့်လှစ်နေခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

“SSPP ကခေါ်သတိပေးပြီးကတည်းက ပိတ်သွားတယ်ဗျ။ ပိတ်သွားတာ ကောင်းတာပေါ့ဗျာ။ လောင်းကစားဝိုင်း ဆက်ရှိနေရင် သူခိုး ဂျပိုးတွေ များလာမယ်။ လုယက်မှုတွေလည်း များလာနိုင်တာမို့ အခုလို သတိပေးပြီးနောက် ပိတ်သွားတာ ကောင်းတယ်လို့ပဲ ကျွန်တော်ကတော့ မြင်တယ်ဗျ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေကို ခေါ်ယူပြီး လောင်းကစားဝိုင်းတွေ မဖွင့်ဖို့ သတိပေးမှု ပြုလုပ်ခဲ့တာ မှန်တယ်လို့လည်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးသီဟရာဇာကပြောပါတယ်။

SSPP ရဲ့ မူဝါဒ ပေါ်လစီအရ လောင်းကစားတွေကို ခွင့်ပြုတာတွေ မရှိတဲ့အပြင် လောင်းကစားတွေဟာ လူတွေရဲ့ အကျင့်စာရိတ္တကို ပျက်စီးစေတာကြောင့် ခေါ်ယူသတိပေးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

“တန့်ယန်းမြို့ထဲမှာ လောင်းကစားဝိုင်းတွေများနေတယ်။ ခိုးမှု ဓားပြမှုတွေ များလာနေတော့ ပေါ်လစီအတိုင်းပဲ လုပ်ဆောင်သွားတာဖြစ်ပါတယ်။ ပထမ တော့ သတိပေးတယ်။ ဒီလိုမလုပ်ဖို့ပေါ့။ နောက်တော့ ဒီလိုမလုပ်နဲ့ ဒီလိုလုပ်နေရင် ကျွန်တော်တို့ သွားဖမ်းဆီးအရေးယူရလိမ့်မယ်လို့ သတိပေးလိုက်တာပါ” လို့ ဗိုလ်ကြီးသီဟရာဇာက ပြောပါတယ်။

တန့်ယန်းမြို့ထဲမှာ ယခင်က လောင်းကစားဝိုင်းတွေ များတာကြောင့် ခိုးဆိုးလုယက်မှုတွေ များပြားခဲ့ပြီး SSPP က သတိပေးပြီး လောင်းကစားဝိုင်းတွေ ပိတ်သိမ်းလိုက်တဲ့နောက်ပိုင်းမှာတော့ ခိုးဆိုးလုယက်မှုတွေ နည်းလာတယ်လို့ တန့်ယန်းမြို့ခံတစ်ဦးကပြောပါတယ်။

SSPP ကခေါ်ယူသတိပေးမှု မလုပ်ခင်မှာ တန့်ယန်းမြို့ပေါ်ရှိ ရပ်ကွက်တွေထဲကို တစ်ရပ်ကွက်လျှင် လောင်းကစားရုံ ၅ ရုံခန့်အထိ အကြောင်းအမျိုးမျိုးပြပြီး လောင်းကစားဒိုင်တွေက ဖွင့်လှစ်ခဲ့ကြတာဖြစ်တယ်လို့ သူကပြောပါတယ်။

CJ – 002

#MeKongNews

#SSPP

#တန့်ယန်း

#လောင်းကစားဝိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။