ဒေသတွင်းသတင်း

J My King ရှေ့မဏ္ဍပ်တစ်ခုထဲသာမကတာချီလိတ်ကတခြားမဏ္ဍပ်တွေမှာပါလမ်းသွားလမ်းလာအမျိုးသမီးတွေကိုထိပါးနှောက်ယှက်မှုတွေရှိနေ

မဲခေါင် 16 Apr - 2023
တာချီလိတ်မြို့ သင်္ကြန်ရေကစားမဏ္ဍပ်တချို့မှာ ရေကစားနေတဲ့ အမျိုးသားတွေဟာ မူးယစ်ရမ်းကားပြီး လမ်းသွားလမ်းလာအမျိုးသမီးတွေကို ကာအိန္ဒြေပျက်ပြားအောင် ထိပါးနှောက်ယှက်မှုတွေရှိတယ်လို့ တာချီလိတ်မြို့ခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၆

တာချီလိတ်မြို့ သင်္ကြန်ရေကစားမဏ္ဍပ်တချို့မှာ ရေကစားနေတဲ့ အမျိုးသားတွေဟာ မူးယစ်ရမ်းကားပြီး လမ်းသွားလမ်းလာအမျိုးသမီးတွေကို ကာအိန္ဒြေပျက်ပြားအောင် ထိပါးနှောက်ယှက်မှုတွေရှိတယ်လို့ တာချီလိတ်မြို့ခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၁၅ရက် ညပိုင်းက J My King ဟိုတယ်ရှေ့က ရေကစားမဏ္ဍပ်မှာ ရေကစားနေတဲ့အမျိုးသားတွေက လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးကို ကာအိန္ဒြေပျက်အောင် ထိပါးနှောက်ယှက်တဲ့ သတင်းဖော်ပြပြီးနောက် တာချီလိတ်မြို့ရဲ့ တခြားနေရာတွေမှာ ကြုံတွေရသူတွေကပါ မဲခေါင်သတင်းဌာနကို ဆက်သွယ်ပြောဆိုလာတာ ဖြစ်ပါတယ်။

ဧပြီလ ၁၄ရက် ညပိုင်းကလည်း တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်က ဒေသအခေါ် ကျွန်းတောလို့ ခေါ်တဲ့နေရာမှာ ရေကစားနေသူတွေထဲက တစ်ယောက်က လမ်းသွားလမ်းလာမိန်းကလေးတွေကို ရေလောင်းတာအပြင် တင်ပါးကိုရိုက်တာ၊ ကာအိန္ဒြေပျက်အောင် ထိပါးနှောက်ယှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

“ကျွန်းတောအရှေ့ကအုပ်စုကောပဲ။ မိန်းကလေးတွေက ဆင်းပြောတော့ ရန်ပြန်ဖြစ်သေးတယ်။ အနောက်ကပါလာတဲ့လူတွေလဲအကုန်မြင်တယ်၊ လုပ်တာကို။ မလုပ်ဘူးဆိုပြီးငြင်းပြီးအုပ်စုလိုက် ပြန်ရန်ရှာပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပုန်းထွန်ဘက်က ရေကစားတဲ့ နေရာတွေမှာလည်း မူးယစ်ရမ်းကားပြီး လမ်းသွားလမ်းလာ မိန်းကလေးတွေကို ထိပါးနှောက်ယှက်တာတွေရှိတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ပြောပါတယ်။

တာချီလိတ်မြို့မှာ သင်္ကြန်ရေကစားတာကို ဧပြီလ ၁၀ရက်ကတည်းက စတင်ကစားတာဖြစ်ပြီး ညဘက် ၉နာရီအထိကစားကြလို့ မြို့နေပြည်သူတွေ စိတ်အနှောက်အယှက်ဖြစ်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ပုံအညွှန်း – တာချီလိတ် ကျွန်းတောရှေ့တွင် အမျိုးသမီးများအား ထိပါးနှောက်ယှက်သူ

MK – 004

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး