ဒေသတွင်းသတင်း

ရှမ်းမြောက် ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ

မဲခေါင် 1 Nov - 2023
ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေ အတွင်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူဦးရေ ၂၀,၀၀၀ ကျော်အထိ တိုးလာပြီး စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီ ပေးနေသူတွေက ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ နို၀င်ဘာ ၁

ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေ အတွင်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူဦးရေ ၂၀,၀၀၀ ကျော်အထိ တိုးလာပြီး စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့ အကူအညီ ပေးနေသူတွေက ဒီကနေ့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အတွင်း ချင်းရွှေဟော်၊ လားရှိုး၊ သိန္နီ၊ နောင်ချို၊ ကျောက်မဲ၊ ကွတ်ခိုင်၊ မုံးကိုး စတဲ့ ဒေသတွေက လူ ၂၀,၀၀၀ ကျော်ဟာ ဘုန်းကြီးကျောင်းတွေနဲ့ လုံခြုံရာ နေရာတွေမှာ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိ တိုက်ပွဲတွေဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့ပေါ်အထိ ကျယ်ပြန့်လာပြီး လားရှိုးမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၉ မှာ စစ်ရှောင် ၅၆၂၆ ဦးအထိ ရှိနေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

လူဦးရေ အများဆုံး ခိုလှုံနေတဲ့ လားရှိုးမြို့ပေါ်ရှိ မန်ဆူဘုန်းကြီးကျောင်းမှာတော့ နေရာထိုင်ခင်းနဲ့ အခြေခံ စားသောက်ကုန်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံ အရှင်စဝ်ခူးကောလိနဒက မိန့်ပါတယ်။

“ဒီမှာတော့ အဖွဲ့အစည်းတွေ ကူညီတာ မရှိသေးပါဘူး။ လူပုဂ္ဂိုလ်တွေပဲ လာလှူနေကြတာပါ။
စစ်ရှောင်တွေ ကတော့ ရွာ ၁၀ ရွာကျော်လောက် ရှိတယ်။ ဒီမှာတော့ ဖျားနာသူတွေ များနေတယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

လက်ရှိ လားရှိုးမြို့နယ် ဟိုနမ့်ဘုန်းကြီးကျောင်းမှာ လူ ၂၅၀ ဦး၊ ဟိုပိတ်ဘုန်းကြီးကျောင်းမှာ ၂၀၀ ဦး၊ မိုင်းတင်ဘုန်းကြီးကျောင်းမှာ ၁၀၀ ဦး၊ ကုန်းဆာဘုန်းကြီးကျောင်းမှာ ၄၅၀ ဦး၊ မန်ဆူဘုန်းကြီးကျောင်းမှာ ၃၀၀၀ ဦး၊ မန်အိုင်အထက်ရွာ ဘုန်းကြီးကျောင်းမှာ ၁၆၀ ဦး၊ တာပုံဘုန်းကြီးကျောင်းမှာ ၅၀၀ ဦး၊ ပန်နားဘုန်းကြီး ကျောင်းမှာ ၆၆၆ ဦး၊ မိုင်းကြပ်ဘုန်းကြီးကျောင်းမှာ ၃၀၀ ဦး၊ စုစုပေါင်း လူ ၅၆၂၆ ဦး ရောက်ရှိ ခိုလှုံနေပါတယ်။

ဒါ့အပြင် MNDAA ပူးပေါင်းတပ်တွေ မြို့အဝင်အထွက်ကို ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်မှာ ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ ဟိုမိန်းရွာ ဘုန်းကြီးကျောင်းမှာ လူ ၅,၀၀၀ ကျော် ခိုလှုံနေရပါတယ်။

ရှမ်းလူငယ်အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာတော့ ကျောင်းခမ်းရွာ ဘုန်းတော်ကြီးကျောင်းရှေ့ လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် ခမရ (၆၉) က စစ်ရှောင်စခန်းထဲက လက်နက်ကြီး ထိမှန် ဒဏ်ရာရသူ ၂ ဦးကို ဆေးကုသခွင့် မပေးလို့ စစ်ရှောင် ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

MNDAA က သိမ်းပိုက်ထားတဲ့ ချင်းရွှေဟော်မြို့က ဒေသခံ ၁၀,၀၀၀ ကျော်ဟာ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်တစ်မြို့ဘက် ထွက်ပြေး တိမ်းရှောင် ခိုလှုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် နောင်ချိုမြို့နယ် သပြေတိုး၊ မြေစာကုန်းနဲ့ သဖန်းကိုင်း ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင် ၁,၀၀၀ ကျော်ရှိနေပြီး ကျောက်မဲမြို့နယ် ကောင်းခမ်း၊ နောင်ပိန် ဘုန်းကြီးကျောင်းမှာ စစ်ရှောင် ၄၅၀ ကျော်ရှိနေကာ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ နမ့်မော၊ နမ့်ဝမ်း၊ နမ့်ဆာကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၅၀၀ ဦးကျော် ရှိနေတယ်လို့ ဒေသတွင်း ကူညီနေသူတွေက ဆိုပါတယ်။

ဒီကနေ့မှာတော့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ မိုးကိုးမြို့နယ်က ဒေသခံ ၅၀၀ ကျော်နဲ့ မန်တုံမြို့နယ်၊ မိုင်းဘော်နဲ့ ဟိုနားကျေးရွာတွေက ဒေသခံ ၁,၀၀၀ ခန့်ဟာ တောတောင်တွေထဲ ပိတ်မိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ချင်းရွှေဟော်မြို့၊ ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နဲ့ နမ့်ခမ်းမြို့နယ်တို့မှာ အသက် ၇ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၁၂ ဦး သေဆုံးခဲ့သလို ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း အကူအညီပေးရေး အဖွဲ့အစည်းတွေ ပြုစုထားတဲ့ စာရင်အရ သိရပါတယ်။

မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AAတို့ဟာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကောင်စီကို စစ်ကြေညာပြီး ရှမ်းမြောက် မြို့နယ်အနှံ့က တပ်စခန်းပေါင်း ၈၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သလို ချင်းရွှေဟော်မြို့နဲ့ မူဆယ်ခရိုင်၊ ဖောင်းဆိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

CJ-014

#MeKongNews

#ရှမ်းမြောက်

#စစ်ဘေးရှောင်

#မြောက်ပိုင်း_မဟာမိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now