စစ်ရေးသတင်း

နမ့်ခမ်းမြို့နယ်က စစ်ကောင်စီတပ်စခန်း ၂ ခုကို TNLA သိမ်း၊ မုံးကိုးကိုလည်း MNDAA ဝင်တိုက်

မဲခေါင် 27 Oct - 2023
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း-နမ့်ဖတ်ကာလမ်းကြားက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်စခန်း ၂ ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLAတပ်က ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း-နမ့်ဖတ်ကာလမ်းကြားက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်စခန်း ၂ ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLAတပ်က ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၄ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းနေထိုင်တဲ့ ‌၁၂မိုင် ပြည်သူ့စစ် စခန်းနဲ့ မိုက်ခရိုဝိတ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဘဲ ဖြစ်ပါတယ်။

” မနက်အစောကတည်းက တိုက်နေတာ အခုတော့ သိမ်းနိုင်ပြီ။ မနေ့ညထဲက TNLAက အဲစခန်းကိုသိမ်းဖို့ အင်အားအများနဲ့ တက်သွား‌တာတွေ့တယ်။ အခုတော့ ငြိမ်နေပြီ “လို့ တိုက်ပွဲဖြစ်ပွားရာနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီစခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိသလို TNLAဘက်က ထိခိုက်ဒဏ်ရာရသူရှိပေမယ့် အတိအကျတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်စခန်း ၂ ခု သိမ်းပိုက်ခံရချိန် တစ်ပြိုင်နဲ့ နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်အနီးမှာ ရှိတဲ့ စစ်ကောင်စပ်အထိုင်ချ တပ်စခန်းသစ်မှာလည်း ပစ်ခတ်ခံခဲ့ရတယ်လို့ နမ့်ခမ်းမြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် တရုတ် – မြန်မာနယ်စပ် မုံးကိုးမြို့နဲ့ ဖောင်းဆိုင်ကြားက စစ်ကောင်စီတပ်စခန်းတွေကို MNDAAတပ်က ဒီနေ့မနက် ၄ နာရီဝန်းကျင်မှာ ဝင်‌ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ၈ နာရီခွဲဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ရဲ့ ထိခိုက်သေဆုံးမှု အတိအကျကို‌တော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။

ဒီနေ့မှာတော့ ‌ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ မန်းယန်၊ နမ့်ခမ်း၊ စခန်းသစ်ကုန်း၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ မုံးစီး၊ သိန္နီ ရေပူ၊ လားရှိုး ခမရ (၆၈) နဲ့ (၄၁) လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့ စစ်ကောင်စီ စခန်းတွေကို ကိုးကန့် MNDAA ၊ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့တို့က တပြိုင်ထဲ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

CJ – 014

#MeKongNews

#မုံးကိုး

#နမ့်ခမ်း

#1207

#TNLA

#MNDAA

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

SSPDF တပ်ရင်းမှူး ကားမတော်တဆမှုအတွင်း ကျဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၄ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် – ၁၀၀၅ တပ်ရင်း၊ SSPDF တပ်ရင်းမှူး ကားမတော်တဆဖြစ်ပြီး ကျဆုံးသွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ တပ်ရင်းမှူးမိုကီသည် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်တွင် တာဝန်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now