မဲခေါင်၊ ဩဂုတ် ၂၂
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ မှာ သေနတ်တွေ သယ်ဆောင်လာတဲ့ အမျိုးသား ၂ ဦး စစ်ကောင်စီ လှည့်ကင်းနဲ့တွေ့ပြီး အဖမ်းခံလိုက်ရတယ်လို့ စုံစမ်းသိရပါတယ်။
တာချီလိတ်မြို့၊ ကျောက်တောင် ခရစ်ယာန် သင်္ချိုင်းအနီးမှာ အိမ်စီးကား တစ်စီးကို စစ်ကောင်စီတပ်က စစ်ဆေးရာ အမျိုးသား ၂ ဦးနဲ့အတူ AK အမျိုးအစား သေနတ် ၂ လက်၊ M 22 တစ်လက် နဲ့ ကျည်ဘောက် ၃ ခုကို သိမ်းဆည်းရမိ ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်၀ါဒဖြန့် ချန်နယ်တွေကတော့ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား ၂ ဦးဟာ PDF တွေလို့ စွပ်စွဲ ရေးသားထားပေမဲ့ မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
တာချီလိတ် နယ်စပ်မြို့မှာ PDF တွေရဲ့ လှုပ်ရှားမှု မရှိတာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား ၂ ဦးဟာ PDF တွေမဖြစ်နိုင်ဘဲ လက်နက်ပွဲစား ဒါမှမဟုတ် လက်နက် သယ်ယူပေးတဲ့ ကယ်ရီသမားတွေသာ ဖြစ်နိုင်တယ်လို့ မြို့ခံ တစ်ဦးက သုံးသပ် ပြောဆိုထားပါတယ်။
MK-007
#MeKongNews
#တာချီလိတ်မြို့
#သေနတ်








