မဲခေါင်၊ ဩဂုတ် ၁၈
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ အမျိုးသား ၂ ဦးရဲ့ နေအိမ်များ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့၊ ညနေ ၃ နာရီကျော်က ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းနေ ဇင်မျိုးဦး ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကာလပေါက်ဈေး ငွေကျပ် ၂၁၃ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၂,၆၀၀ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အလားတူ သြဂုတ်လ ၁၇ ရက်နေ့၊ မနက် ၁၀ နာရီကျော်က ဟိုနားကျေးရွာနေ အားဘဲ ရဲ့ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ ကာလ ပေါက်ဈေး ငွေကျပ်သိန်း ၂၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား ထပ်မံ ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဇင်မျိုးဦးနဲ့ အသက် ၅၈ နှစ်အရွယ် အားဘဲ တို့ ၂ ဦးကို သက်ဆိုင်ရာ ရဲစခန်းများမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
MK-005
#MeKongNews
#တာချီလိတ်
#စိတ်ကြွရူးသွပ်ဆေးပြား
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး









