ဒေသတွင်းသတင်း

လူမှုကွန်ရက်မှာ ဝေဖန်မှုတွေကြောင့် နမ္မတူ-ကျားစခန်း ရထားသံလမ်းဖြုတ်မှု သတ္တုကုမ္ပဏီ ယာယီရပ်ဆိုင်း

မဲခေါင် 22 Mar - 2023
မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်၊ မြောက်ပိုင်း သတ္တုမိုင်းမြို့ဖြစ်တဲ့ နမ္မတူမြို့နဲ့ ကျားစခန်းကို ဆက်သွယ်ထားတဲ့ သမိုင်းဝင် ရထားလမ်းရဲ့ သံလမ်း ဖြုတ်နေတဲ့ လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ သတ္တုကုမ္ပဏီဘက်က ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၂

ရှမ်းပြည်၊ မြောက်ပိုင်း သတ္တုမိုင်းမြို့ဖြစ်တဲ့ နမ္မတူမြို့နဲ့ ကျားစခန်းကို ဆက်သွယ်ထားတဲ့ သမိုင်းဝင် ရထားလမ်းရဲ့ သံလမ်း ဖြုတ်နေတဲ့ လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ သတ္တုကုမ္ပဏီဘက်က ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဒေသခံတွေ အားထားရတဲ့ ၇ မိုင်အရှည်ရှိ ရထား သံလမ်းကို မတ်လ ၂၀ ရက်နေ့က ဝင်းမြင့်မိုရ်ကုမ္ပဏီက ဦးဆောင် ဖြုတ်နေရာက လက်ရှိ ပေ ၁,၀၀၀ နီးပါး ဖြုတ်ထားခဲ့ပြီးပြီလို့ ဆိုပါတယ်။

“ကုမ္ပဏီက တာဝန်ရှိတဲ့သူက ရပ်ခိုင်းတာပဲ သိတာ။ ဖေ့ဘွတ်မှာလည်း ပြန့်နှံ့နေတာလေ၊ မကျေနပ်ကြဘူး။ သတင်းတွေလည်း တက်နေလို့နေမယ်။ ကြည့်ပြီး ဝမ်းနည်းဝမ်းသာ ဖြစ်မိတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပြပါတယ်။

အခုလို ရထားသံလမ်းတွေ ဖြုတ်သိမ်းတာဟာ နမ္မတူ ဘော်တွင်း သတ္တုတွင်းက ထုတ်လုပ်တဲ့ သတ္တုရိုင်းတွေကို ကြိတ်ခွဲပြီး ရထားလမ်းကို ကားလမ်းအဖြစ် အသုံးပြု သယ်ယူဖို့ ဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ်က ဖောက်လုပ်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ဒီရထားလမ်းကို သတ္တု ကုမ္ပဏီက အသုံးမပြုတော့ ပေမယ့် ကျားစခန်းမှာ နေထိုင်တဲ့ ဒေသခံတွေကတော့ နမ္မတူမြို့ကို ကားရထားစီးပြီး သွားလာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။

နမ္မတူ-ဘော်တွင်း သတ္တုထုတ်လုပ်မှုကို ဝင်းမြင့်မိုရ် ကုမ္ပဏီနဲ့ EAP Global Mining Company Limited တို့ ပူးပေါင်း လုပ်ကိုင်နေတာဖြစ်ပြီး ၂၀၁၀ ခုနှစ်ကစပြီး ၁၅ နှစ်ကြာ စာချုပ် အစိုးရနဲ့ ချုပ်ဆိုထားကာ ကိုဗစ်ကြောင့် ထုတ်လုပ်မှု ရပ်တန့်ထားရာက ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ လုပ်ငန်း ပြန်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည် မြောက်ပိုင်းရဲ့ ရထားလမ်းဆုံးဖြစ်တဲ့ နမ္မတူမြို့မှာ တချိန်က ရထားလမ်းကိုသာ အဓိကထား သုံးစွဲခဲ့ပေမယ့် အခုချိန်မှာတော့ ရှေးဟောင်း သမိုင်းဝင် မိုင်းမြို့အဖြစ် ပြသထားတာ ဖြစ်ပါတယ်။

MK-009

#MeKongNews

#နမ္မတူ-ကျားစခန်း

#သတ္တုမိုင်း

#ဝင်းမြင့်မိုရ်ကုမ္ပဏီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now