ဒေသတွင်းသတင်း

စိတ်ကြွဆေးပြား၁၀သန်းကျော်နဲ့အတူဖမ်းမိတဲ့တာချီလိတ်ကရဲတပ်သားဟောင်းဖေသက်ဟန်ကိုထောင်ဒဏ်နှစ်အကန့်အသတ်မရှိချမှတ်

မဲခေါင် 26 Jan - 2023
တာချီလိတ်မြို့နယ်ထဲမှာ စိတ်ကြွေဆေးပြား ၁၀သန်းကျော်အပါအဝင် မူးယစ်ဆေးထုတ်လုပ်စက်၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတဲ့ ရဲတပ်သားဟောင်း ဖေသက်ဟန်ကို တာချီလိတ်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

တာချီလိတ်မြို့နယ်ထဲမှာ စိတ်ကြွေဆေးပြား ၁၀သန်းကျော်အပါအဝင် မူးယစ်ဆေးထုတ်လုပ်စက်၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတဲ့ ရဲတပ်သားဟောင်း ဖေသက်ဟန်ကို တာချီလိတ်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြည်တွင်း၊ ပြည်ပဂိုဏ်းတွေနဲ့ ဆက်သွယ်ပါဝင်ကျူးလွန်မှု၊ လက်နက်ခဲယမ်းတွေ ကိုင်တွယ်အသုံးပြုမှု၊ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ပစ္စည်းတွေ လက်ဝယ်ထားမှု၊ သယ်ယူပို့ဆောင်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ဖေသက်ဟန်ပါ ၉ဦးကို ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ၂မှုနဲ့ ထောင်ဒဏ် ၁၀နှစ် တစ်မှုတို့ကို တစ်ပေါင်းထဲကျခံဖို့ အမိန့်ချလိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“အကုန်လုံးအတူတူပဲ။ သူတို့အတူအဖမ်းခံရတဲ့ထဲမှာ ထိုင်းတစ်ယောက်၊ တရုတ်တယောက်လဲပါတယ်” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဖေသက်ဟန်ကို ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၄ရက်က သူနေတဲ့ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ထဲက နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဖမ်းမခံရခင် ဧပြီလ ၂၃ရက်ညက ဖေသက်ဟန်ဟာ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ထဲမှာရှိတဲ့ “ဝ” ပိုင်ဝန်းထဲမှာရှိတဲ့ ဟယ်ရီပေါ်တာ ကေတီဗီမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဲဒီကိစ္စကြောင့် ဆက်စပ်ပြီး လိုက်လံဖမ်းဆီးရာကနေ စိတ်ကြွဆေးပြား ၁၀သန်းအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ဖေသက်ဟန်ဟာ ၂၀၂၀ခုနှစ် ကိုဗစ်ဖြစ်ပွားနေချိန် သင်္ကြန်ကာလအတွင်း သူပိုင်ဆိုင်တဲ့ Crash Bar မှာ ပါတီပွဲကျင်းပပြီး အဲဒီပါတီပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ကိစ္စနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သဘာဝဘေးဥပဒေနဲ့ အရေးယူဖို့ ညွှန်ကြားခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ 

ဒါပေမယ့် အဲဒီအချိန်က ထောင်ဒဏ်ချမှတ်ခံရခြင်းမရှိဘဲ ဒဏ်ငွေ ၅၀၀၀ ကျပ်ဖြင့်နဲ့သာ ပြန်လည်လွတ်မြောက်လာပြီး ရဲအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။

အဲဒီနောက် လုံခြုံရေးကုမ္ပဏီတည်တောင် လုပ်ကိုင်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး တာချီလိတ်ဗျူဟာက ဗျူဟာမှူးနဲ့ ရင်းနှီးသူအဖြစ် နာမည်ကြီးသလို ရဲတပ်သားအဆင့်နဲ့ထွက်ပေမယ့် ဘား၊ လုံခြုံရေးကုမ္ပဏီတွေ တည်ထောင်လုပ်ကိုင်နိုင်သူအဖြစ် လူပြောများသူဖြစ်ပါတယ်။

MK – 004

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now