ဒေသတွင်းသတင်း

သွင်းအားစု ဈေးအဆမတန်မြင့်တက်လို့ ရှမ်းတောင်က တောင်သူတွေ စိုက်ခင်းလက်မဲ့ဖြစ်

မဲခေါင် 9 Oct - 2022
စစ်အာဏာသိမ်းပြီးနောက် မြေသြဇာနဲ့ ပိုးသတ်ဆေး အပါအဝင် စိုက်ပျိုးရေး အသုံးပြု သွင်းအားစု ဈေးနှုန်းတွေ အဆမတန် ဈေးမြင့်တက်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက တောင်သူတွေ အနေနဲ့ စိုက်ပျိုးနိုင်မှု နည်းပါးကာ စိုက်ခင်းလက်မဲ့ ဖြစ်နေသူ များပြားကြောင်း သိရပါတယ်။ စစ်အာဏာ မသိမ်းမီက တစ်အိပ် ကျပ် ၃ သောင်းမှ ၅ သောင်းကြားသာ ရှိတဲ့ မြေသြဇာ ဈေးနှုန်းတွေဟာ လက်ရှိ ကျပ် တစ်သိန်းခြောက်သောင်းမှ ၂ သိန်းအထိ ရှိနေပြီး အခြား သွင်းအားစုတွေ ဖြစ်တဲ့ ပိုးသတ်ဆေး၊ ဒီဇယ်ဆီ စတာတွေလည်း ဈေး ၃ ဆခန့် မြင့်တက်ခဲ့လို့ စိုက်ပျိုးတဲ့ တောင်သူ နည်းပါးကာ ကုန်စိမ်း

စစ်အာဏာသိမ်းပြီးနောက် မြေသြဇာနဲ့ ပိုးသတ်ဆေး အပါအဝင် စိုက်ပျိုးရေး အသုံးပြု သွင်းအားစု ဈေးနှုန်းတွေ အဆမတန် ဈေးမြင့်တက်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက တောင်သူတွေ အနေနဲ့ စိုက်ပျိုးနိုင်မှု နည်းပါးကာ စိုက်ခင်းလက်မဲ့ ဖြစ်နေသူ များပြားကြောင်း သိရပါတယ်။

စစ်အာဏာ မသိမ်းမီက တစ်အိပ် ကျပ် ၃ သောင်းမှ ၅ သောင်းကြားသာ ရှိတဲ့ မြေသြဇာ ဈေးနှုန်းတွေဟာ လက်ရှိ ကျပ် တစ်သိန်းခြောက်သောင်းမှ ၂ သိန်းအထိ ရှိနေပြီး အခြား သွင်းအားစုတွေ ဖြစ်တဲ့ ပိုးသတ်ဆေး၊ ဒီဇယ်ဆီ စတာတွေလည်း ဈေး ၃ ဆခန့် မြင့်တက်ခဲ့လို့ စိုက်ပျိုးတဲ့ တောင်သူ နည်းပါးကာ ကုန်စိမ်း ဈေးကွက် အတွင်း ကုန်အဝင် နည်းလာတယ်လို့ သိရပါတယ်။

“ရှမ်းပြည်မှာက ဓာတ်မြေသြဇာ အရောင်းအဝယ် တော်တော်အေးတယ်၊ ဈေးကြီးလို့ တောင်သူတွေ စိုက်တဲ့သူ နည်းတယ်။ သီးနှံပေါ်ချိန် ဈေးကောင်းမရတော့ မကိုက်ဘူး၊ စိုက်ပျိုးသူ နည်းတာလည်း ပါတယ်၊ မုန့်လာဆို စိုက်တဲ့သူတောင် မရှိဘူး။ နောက်ပြီး စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေ ဈေးမြင့်သွားတော့ စိုက်သူ နည်းသွားတာလည်းပါတယ်” လို့ အောင်ပန်းမြို့မှာ စိုက်ပျိုးရေး ပစ္စည်းစုံ ရောင်းချနေသူ တစ်ဦးက ပြောပါတယ်။

စစ်အာဏာ မသိမ်းမီ ကိုဗစ် ကာလအတွင်းက ရှမ်းတောင်ထွက် ကုန်စိမ်းတွေ ရောင်းချလို့ မရဘဲ အခမဲ့ ပေးဝေခဲ့ရတဲ့ နည်းတူ စစ်အောဏာသိမ်းပြီးနောက် ပထမ စိုက်ပျိုးရာသီမှာ ဈေးနှုန်းကြီးမြင့်တဲ့ သွင်းအားစုတွေနဲ့ စိုက်ပျိုးခဲ့ရပေမယ့် ထွက်ကုန်တွေ ဈေးမရပဲ အခမဲ့နီးပါး ဈေးနဲ့ ရောင်းချခဲ့ရလို့ တောင်သူတွေ အထိနာခဲ့ရာ လက်ရှိ စိုက်ပျိုးရာသီမှာ အရင်းအနှီး မရှိတော့လို့ မစိုက်နိုင်သူ အများအပြားရှိကြောင်း ဟဲဟိုးဒေသက တောင်သူတွေထံက သိရပါတယ်။

လက်ရှိ ပြည်တွင်း မြေသြဇာ ကုမ္ပဏီများ အနေနဲ့ ကုန်ကြမ်း တင်သွင်းဖို့ အခက်အခဲများ ကြုံတွေ့နေရတဲ့ နည်းတူ ဒေါ်လာဈေး မငြိမ်သက်မှုကြောင့် အရောင်းရပ်ထားလို့ ဈေးကွက်အတွင်း ဓာတ်မြေသြဇာ အဝင်နည်း ပါးကာ ဈေးနှုန်း မြင့်တက်နေပြီး အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။

“ရှမ်းပြည်ကုန်က အဝင်နည်းတယ်၊ စိုက်တဲ့သူ နည်းလို့ ကုန်ဝင်နည်းတာပါ၊ ရှမ်းပြည်က တနေ့ကို ကားအစီးရေ ၂၀ လောက်ပဲ ဝင်တယ်၊ ဂေါ်ဖီဆို ၂ ထောင်ကျော်လောက် ဈေးပေါက်နေပြီ၊ ကုန်အဝင်နည်းတော့ ဈေးတက်တာပေါ့” လို့ ရန်ကုန်မြို့ သီရိမင်္ဂလာ ကုန်စိမ်းဈေးက ရှမ်းကုန် လက်ကားဒိုင် ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိ ရှမ်းတောင်က ဓါတ်မြေဩဇာ ဈေးနှုန်းတွေ ကတော့ အာမို ကျွဲနက် ၅၀ ကီလိုဂရမ် တစ်အိတ်ကို ၁၆၈,၀၀၀ ကျပ်၊ MC ၅၀ ကီလိုဂရမ် တစ်အိတ်ကို ၁၄၅,၀၀၀ ကျပ်၊ ဇာမဏီ ၅၀ ကီလိုဂရမ် တစ်အိတ်ကို ၈၀,၀၀၀ ကျပ်၊ အာမို၊ ပုလဲ ၅၀ ကီလိုဂရမ် တစ်အိတ်ကို ၁၂၅,၀၀၀ ကျပ် ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now