စီးပွားရေး

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မဲခေါင် 7 Mar - 2025
မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မဲခေါင်၊ မတ် ၇

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသသို့ ကုန်ပစ္စည်းပို့ဆောင်သည့် လမ်းကြောင်းတွင် တရားမဝင်ဂိတ်ကြေး၊ လမ်းကြေးများ ပိုမိုများပြားလာပြီး ကုန်တင်ခများဈေးတက်လာကြောင်း ကုန်တင်ကားဂိတ်နှင့် ယာဥ်မောင်းများထံမှ သိရသည်။

မန္တလေးမှ မိုင်းလားသို့ ကုန်စည်ပို့သည့်လမ်းတွင် တရားမဝင်လမ်းကြေးတောင်းခံမှုများမှာ တောင်ကြီးမှ မိုင်းလားအထိရှိပြီး ယင်းထဲမှ မိုင်းပျဥ်းစုပေါင်းဂိတ်ကြေးမှာ ပိုမိုများပြားလာနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ယခုလပိုင်းအတွင်း ကုန်ပါသည့် ကုန်ကားတစ်စီးလျှင် ကျပ် ၃သိန်းမှ ၃သိန်းခွဲ၊ ကုန်မပါသည့် ကုန်ကားတစ်စီးလျှင် ကျပ် ၅ သောင်းမှ ၈ သောင်းအထိ ပိုမိုတောင်းခံလာကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကျနော်တို့က ဂျူတီစာရွက်တွေပြတာ၊ ဘာမှလာမပြနဲ့ သတ်မှတ်ထားတဲ့ငွေကိုပဲ ပေးဖို့တောင်းတယ်။ မပေးနိုင်ရင် လမ်းဘေးကားရပ်ထားလို့ပြောတာ၊ ဒီလိုပဲ ဟိုပုံးတိုးဂိတ်အကျော်က လုံခြုံရေးတပ်ဂိတ်လည်းအတူတူပဲ” ဟု ၎င်းက ပြောသည်။

မိုင်းလားသို့ လာသည့် ကုန်တင်ကားများမှာ အပြန်ကုန်မရသဖြင့် ရက်ကြာစောင့်ဆိုင်းရသည်များရှိကြောင်းလည်း ယာဉ်မောင်းများထံမှ သိရသည်။

ယင်းအခြေအနေများကြောင့် ယခင်က မန္တလေး – မိုင်းလား ကုန်တင်ခမှာ ကားတစ်စီးလျှင် ကျပ် ၈၅ သိန်းသာရှိရမှ ယခုအခါ ကျပ်သိန်း ၁၀၀ အထိရှိလာကြောင်း မန္တလေးကုန်တင်ယာဉ်ဂိတ်တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

“အရင် မန္တလေးက မိုင်းလားကိုကုန်ခ ၈၅သိန်းပဲရှိတာ။ ကားသမားတွေ အပြန်ကုန်မရလို့ မကိုက်တာနဲ့ လမ်းကြေးတွေများလာတာကြောင့် ညှိနှိုင်းပြီး သိန်း၁၀၀အထိ ပေးလာတာ” ဟု ၎င်းက မတ်လ၆ရက်တွင် မဲခေါင်ကိုပြောသည်။

မန္တလေးမှ မိုင်းလားအထိ ၁၂ဘီး ကုန်ဂျူတီအပြည့်တန် ၁၇တန်အတွက် တခြမ်းခါလီစျေး ကျပ်သိန်း၁၀၀ရှိပြီး ချောင်းဦးဘက်တွင် သိန်း၁၅၀ရှိကာ ကျောက်ဆည်၊ မိတ္ထီလာတို့မှ တင်ပို့ပါက ကျပ်သိန်း၉၀အထိ ရှိလာကြောင်း၊ ပဲခူးတိုင်းဘက်မှကားခ ကျပ် သိန်း ၁၇၀ရှိပြီး သွားတင်ရသည့် နေရာဒေသအလိုက်ကားခအတိုးအလျော့ရှိကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။

ယင်းသို့ ကုန်စည်ပို့ဆောင်ခများ တိုးရသော်လည်း တရားမဝင်လမ်းကြေးများ များပြားလာခြင်းအပြင် အပြန်ကုန်ရရန် ခက်ခဲခြင်းကြောင့် ယာဉ်မောင်းများအတွက်မူ ငွေပိုကျန်ခြင်းမရှိကြောင်း ကုန်တင်ယာဉ်မောင်းများက ပြောသည်။

လတ်တလောတွင် မိုင်းလားသို့ ကျောက်ဆည်မှ ငှက်ပျောတင်ပို့ပြီး မန္တလေးမှ ရာဘာ၊ မြစ်သားဘက်ကြက်သွန်နီနှင့် ဒေသအစုံမှ ဖရဲသခွားများ တင်ပို့နေကြောင်း သိရသည်။

မိုင်းလားအပြန်ကုန်မရသူများအနေဖြင့် နမ့်စန်မှကျောက်ဆည်အထိ ကျောက်မီးသွေးတစ်တန် တစ်သိန်းနှုန်းဖြင့် ဝင်တင်နိုင်ကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော ရုရှားဘလော့ဂါ ဂျော်ဂျီယာဒီဇူကိုအက်ဗ်ကို ထိုင်းအာဏာပိုင်များက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်ဟု သတင်းများ ထွက်ပေါ်လာကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင် ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမည့် မူဝါဒကို ထိုင်းဝန်ကြီးချုပ်လောင်းတစ်ဦးက မဲဆွယ် စည်းရုံးလိုက်ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now