ဒေသတွင်းသတင်း

ဖယ်ခုံ ရဟန်းတစ်ဦးနှင့် အမျိုးသားတစ်ဦး အသတ်ခံရမှု ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ဖယ်ခုံ PDF ထုတ်ပြန်၊ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်မည်ဟုဆို

မဲခေါင် 5 Mar - 2025
ဖယ်ခုံ ရဟန်းတစ်ဦးနှင့် အမျိုးသားတစ်ဦး အသတ်ခံရမှု ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ဖယ်ခုံ PDF ထုတ်ပြန်၊ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်မည်ဟုဆို

ဖယ်ခုံ ရဟန်းတစ်ဦးနှင့် အမျိုးသားတစ်ဦး အသတ်ခံရမှု ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ဖယ်ခုံ PDF ထုတ်ပြန်၊ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်မည်ဟုဆို

မဲခေါင်၊ မတ် ၅

ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာတွင် အသတ်ခံရသည့် ရဟန်းနှင့်လူကိစ္စတွင် ၎င်းတို့နှင့် လုံးဝမသက်ဆိုင်ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂(၁၀၀၆ တပ်ရင်း)က ယနေ့ မတ်လ၅ ရက်တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ယမန်နေ့ ၂၀၂၅ခုနှစ်၊ မတ်လ ၄ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်၌ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာ အုန်းတိုင်းကျေးရွာရှိ (ဖယ်ခုံမြို့- ရှမ်းဘုန်းကြီးကျောင်း) မှ ကျောင်းထိုင် သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဥ်သည် ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) နှင့် လုံးဝမသက်ဆိုင်ကြောင်း နှင့် ၁၀၀၆ တပ်ရင်း၏ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး မှအစ အောက်ခြေရဲဘော်များအဆုံး တပ်ဖွဲ့ဝင်များအားလုံးက ထိုသို့နိုင်ထက်စီးနင်းသော လုပ်ရပ်အား ပြုလုပ်ကျူးလွန်ခြင်းမရှိကြောင်း ထွက်ဆိုချက်များအား ကျွန်ုပ်တို့ရဲဘော်များက အသက်နှင့် သစ္စာခံကြောင်း ပြည်သူလူထုထံ အသိပေး တင်ပြအပ်ပါသည်ဟု ဖော်ပြပါရှိသည်။

ယင်းအပြင်ဖယ်ခုံPDF (၁၀၀၆ တပ်ရင်း)၏ စိုးမိုးရာနယ်မြေဒေသတွင် ဖြစ်ပွားခဲ့သော ထိုဖြစ်စဥ်အပေါ် မိမိတို့ ၁၀၀၆ တပ်ရင်းအနေဖြင့် တရားသောအမှုမှန်ပေါ်ပေါက်ရေး ပအဖများ နှင့် ပူးပေါင်းကာ တပ်ရင်းအနေဖြင့် လိုအပ်သည်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်ဟု ပါရှိသည်။

ထို့အတူ အဆိုပါဖြစ်စဥ်နှင့်ပက်သက်၍ ၁၀၀၆ တပ်ရင်းအနေဖြင့် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းခရီး တွင် တပ်ရင်း နှင့် လူထုအကြား သဘောထားကွဲလွဲစေရန် သွေးခွဲလုပ်ဆောင်သည့် မည်သို့သော အကြောင်းရင်းများကိုမဆို လက်သင့်ခံမည် မဟုတ်ကြောင်း အထက်ပါ တင်ပြချက်များနှင့်တကွ အသိပေးထုတ်ပြန်လိုက်ရပါသည်ဟုပါရှိသည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့၊ ညနေ ၄ နာရီအချိန်ကဖယ်ခုံမြို့နယ် ဖယ်ခုံရှမ်းကျောင်းမှ ဦးဇင်းပိန် နှင့် ဆီစက်ပိုင်ရှင် ဦးကယားမောင် ၏ သား အိုက်ပီး တို့ကို ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာသည့် လက်နက်ကိုင်များက သေနတ်နဲ့ ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။

မဟာ
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now