တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဘုတ်ပြင်းသို့ ပြောင်းရွှေ့မိန့်ကျ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
တာချီလိတ်ခရိုင်တွင် တစ်နှစ်ကျော်ကြာ ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ကျခဲ့သူ ဦးမင်းကိုမှာ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းခရိုင်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဦးမင်းကို၏ နေရာတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးအစားထိုး ဝင်ရောက်မည်ဖြစ်ပြီး မည်သည့်ရက်တွင် စတင်တာဝန်ထမ်းဆောင်မည်ကို တိကျစွာ မသိရသေးကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံဘက်မှ လောင်စာဆီနှင့် လျှပ်စစ်မီး ဖြတ်တောက်ထားသည့်အတွက် နှစ်ပေါင်း ၂၀ ကျော်အတွင်း လျှပ်စစ်မီး အလှည့်ကျစနစ်ဖြင့် ရင်ဆိုင်နေရပြီး လောင်စာဆီဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိသည်။ ခရိုင်အုပ်ချုပ်ရေးမှူးအသစ်အနေဖြင့် ကျားဖြန့် ပြသနာအပါအဝင် တာချီလိတ်မြို့ လက်ရှိကြုံတွေ့နေရသည့် ပြသနာများစွာဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
#MeKongNews








