တပ်ကြပ်ကြီးနှစ်ဦး အချင်းချင်း ပစ်သတ်မှုကို တဆရ ဆရာဝန်ကိုယ်တိုင် ဆေးစာလိမ်လည်
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅
တောင်ကြီးမြို့ အခြေစိုက် အမှတ်( ၃၅၇) အမြောက်တပ်ရင်းမှ တပ်ခွဲတပ်ကြပ်ကြီးနှင့် ဗထူး တိုက်ခိုက်ရေး သင်တန်းကျောင်းမှ တပ်တပ်ကြပ်ကြီးနှစ်ဦး အချင်းချင်း ပစ်ခတ်သေဆုံးမှုဖြစ်စဉ်ကို တဆရ ဆရာဝန်ကိုယ်တိုင် လိမ်လည်ကာ သေဆုံးခြင်းလက်မှတ် ထုတ်ပေးခဲ့သည်။
သေဆုံးခြင်း လက်မှတ်၌ ရက်စွဲကို ၂၀.၂.၂၅ ဟုဖေါ်ပြထားပြီး ဗထူးတပ်မှသေဆုံးသူ တပ်ကြပ်ကြီး မင်းဇော်ဦးကို ယာဉ်မတော်တဆမှုဖြင့် သေဆုံးသည်ဟု ဆေးစာရေးသွင်းထားသလို အမတ (၃၅၇) မှ တပ်ခွဲတပ်ကြပ်ကြီး အောင်မြင့်ကို တစ်ပါးသူ တိုက်ခိုက်မှုကြောင့် သေဆုံးသည်ဟုဆေးစာ၌ ရေးသွင်းထားသည်။
စင်စစ်အားဖြင့် သေဆုံးသူနှစ်ဦးသည် စကားများရန်ဖြစ်ကာ အချင်းချင်းပစ်ခတ်မှုဖြစ်ပွါးခြင်းကို အထက်သို့ ဖြစ်စဉ်အမှန်တင်ပြလျှင် အဆင့်ဆင့်အရေးယူခံရမည် ဖြစ်၍ စစ်ဆေးရုံဆရာဝန်နှင့် ညှိနှိုင်းကာ ဖြစ်စဉ်လိမ်လည်ခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်ကပြောသည်။
“ တောင်ကြီးနဲ့ ဗထူးချတာဆိုတော့ စုပေါင်းဂိတ်မှာ စမန်ခုတ်ရင်း ချကြတာဖြစ်မယ်” ဟုသုံးသပ်သည်။
သေဆုံးသူများကို အောင်ပန်းမြို့ရှိ မင်းဂူသင်္ချိုင်းတွင် ဖေဖော်ဝါရီ၂၁ က မီးသင်္ဂြိုလ်ခဲ့ကြောင်း အဆိုပါသေဆုံးသူများမှာ ဖေဖော်ဝါရီ ၂၀ရက် ကအောင်ပန်း ခုတင်၇၀၀ စစ်ဆေးရုံ သို့ ရောက်ရှိလာ ခြင်းဖြစ်သည်။
မဟာ
#MeKongNews








