မိုင်းဆတ်အခြေစိုက် ထပခခွဲ( ၈၂၃) ရုံးအုပ်ကိုတိုင်ကြားစာနှင့် ပတ်သက်ပြီး တပ်မှူးက ရဲမေတွေကို စိန်ခေါ်ခြိမ်းခြောက်
မဲခေါင်၊ ဖေဖော်ဝါရီ ၆
တပ်တွင်းအနိုင်ကျင့်မှုပြုလုပ်နေသည့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အခြေစိုက် ထပခခွဲ (၈၂၃ )၏ ရုံးအုပ် ဒုအရာခံဗိုလ်စာရေး မျိုးဇော်ဆတ်ကို တပ်မှူး ဗိုလ်မှူးကျော်သူထွန်းက အရေးမယူသည့်အပြင် ဖေဖော်ဝါရီ ၃ ရက်တွင် ရဲမေများကို အစည်းအဝေးခေါ်ယူပြီး စိန်ခေါ်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များကပြောသည်။
တပ်ပိုင်ကားကို ယာဉ်မောင်းစစ်သည်၏ ကိုယ့်စရိတ်နဲ့ကိုယ်ပြင်ရသဖြင့်လစာလောက်ငှခြင်းမရှိသည့်အပြင် ရရှိသည့်ရိက္ခာပါ ရောင်းချစားသောက်နေရသည့်အခြေအနေ အကြောင်းအရာအပါအဝင် ရုံးအုပ်၏ ကုန်စုံဆိုင်၌ဝယ်ယူရသည့်အခြေအနေ နှင့် အနိုင်ကျင့်ခံရမှုတွေကို လူထုသိအောင် ယာဉ်မောင်း၏ဇနီးဖြစ်သူကဖြန့်ဝေခဲ့သည်။
ထိုသို့ပြုလုပ်ပြီးနောက် တပ်မှူးဖြစ်သူက အစည်းအဝေးခေါ်ယူပြီး ဖြေရှင်းပေးမှုတစ်စုံတစ်ရာမရှိပဲ အထက်ကမည်သူတစ်ဦးတစ်ယောက်မျှ လာရောက်စစ်ဆေးမည်မဟုတ်ကြောင်းနှင့် စိန်ခေါ်စကားပြောခဲ့သည်ဟု တပ်တွင်းသတင်းအရင်းအမြစ်ကပြောသည်။
“ ခင်ဗျားတို့ဆက်လုပ်ကြ၊ ဘယ်လောက်လုပ်နိုင်မလဲ၊ ဆက်လုပ်၊ ကကပံ့ညွှန်မှူးက ကျွန်တော်ကို ယုံပြီးသား ဘယ်တော့မှ လာစစ်မှာမဟုတ်ဘူး” ဟုတပ်မှူးကပြောကြောင်း သတင်းအရင်းအမြစ်ကပြောသည်။
အမှတ်(၈၂၃) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲရဲ့တပ်မှူး ကျော်သူထွန်းနှင့် ရုံအုပ်မျိုးဇော်ဆတ်၏ တပ်တွင်း ဖိနှိပ်နေမှု နှင့် အာဏာအလွဲသုံးမှုကို တပ်တွင်းမိသားစုများ၏ သတင်းပေးပို့မှုကြောင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၂၁ ရက်တွင် ပထမအကြိမ်၊ ဒီဇင်ဘာ ၉ ရက်တွင် ဒုတိယအကြိမ်၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ၂၂ရက်တွင် တတိယအကြိမ်အဖြစ် မဲခေါင်ကသတင်း ဖော်ပြခဲ့သည်။
မဟာ
#MeKongNews








