စစ်ကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင် ရာထူးက ရပ်နားခံရ
မဲခေါင် ၊ ဇန်နဝါရီ ၉
စစ်ကောင်စီမှာ လေးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိုင်းလုံးဆိုင်ကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးက ရပ်နားလိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၈ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဦးစိုင်းလုံဆိုင်ဟာ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌဟောင်းတစ်ဦး ဖြစ်ပြီး ရှမ်းပြည်နယ်လွှတ်တော်မှာ လွှတ်တော်သက်တမ်း နှစ်ဆက်၂၀၁၀ မှ ၂၀၂၀ ခုနှစ်အထိ ၁၀ နှစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
သူ့ကို အာဏာသိမ်းပြီး စစ်ကောင်စီ စတင်ဖွဲ့စည်းစဉ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာ စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ၂၀၂၃ခုနှစ် ၊ ဖေဖေါ်ဝါရီလထဲမှာ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
MK-016
#MeKongNews








