ဒေသတွင်းသတင်း

နမ့်စန်မြို့မှာ ဆူပူမှုအကြောင်းပြချက်နဲ့ အမျိုးသားငါးဦး စစ်သင်တန်း ပို့ဆောင်ခံရ

မဲခေါင် 23 Dec - 2024
နမ့်စန်မြို့မှာ ဆူပူမှုအကြောင်းပြချက်နဲ့ အမျိုးသားငါးဦး စစ်သင်တန်း ပို့ဆောင်ခံရ

နမ့်စန်မြို့မှာ ဆူပူမှုအကြောင်းပြချက်နဲ့ အမျိုးသားငါးဦး စစ်သင်တန်း ပို့ဆောင်ခံရ

မဲခေါင်၊ ဒီဇင်ဘာ ၂၃

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့မှာ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီက အမျိုးသား ငါးဦးကို ဆူပူမှုအကြောင်းပြချက်နဲ့ ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့ ကျိုင်းတုံမြို့ကို ပို့ဆောင်လိုက်တယ်လို့ မိသားစုဝင်တွေထံကနေ သိရပါတယ်။

နမ့်စန်မြို့၊ အမှတ် ၃ ရပ်ကွက်နေ ဦးမြင့်နိုင်၊ ကိုအောင်မျိုး၊ ကိုစန်းမောင်ဝင်း၊ ကိုမျိုးတင့်၊ ကိုကျော်စိန်တို့ကို ရပ်ကွက်ဥက္ကဌ ဦးထွန်းနဲ့ ထွေအုပ်စာရေးဝန်ထမ်း ဦးကျော်မိုးဝင်း၊ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့တို့က ဆူပူမှုနဲ့ ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

သူတို့ဟာ အိမ်တွင်းရေးပြဿနာနဲ့ မိသားစု စကားများတာကို ဆူပူမှုနဲ့ဖမ်းဆီးတာလို့ မိသားစုဝင်နဲ့ နီးစပ်သူကပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို ကျိုင်းတုံမြို့သို့ စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့ ပို့ဆောင်လိုက်ပြီလို့ ထွေအုပ်စာရေး ဦးကျော်မိုးဝင်းဆိုသူက မိသားစုဝင်တွေထံ ဒီဇင်ဘာ ၂၂ ရက်ကဖုန်းဆက်ပြောပြီး ရဲစခန်းကို အဝတ်အစားနဲ့ အသုံးအဆောင်တွေ ထည့်ပေးဖို့ ပြောလာတယ်လို့ ဆိုပါတယ်။

“ ရပ်ကွက်လူကြီး ဦးထွန်းကို အိမ်ကလူတွေက ဖုန်းတွေဆက်၊ တောင်းတောင်းပန်ပန်နဲ့ပြောလည်း လုံးဝမရဘူး။ တွေ့ဖို့ အိမ်အထိသွားတော့ အပြင်ရောက်နေတယ်လို့ ပြောတယ်။ ရှိတဲ့နေရာလိုက်လာခဲ့ပါ့မယ်ပြောလည်း မရဘူး။ အခုနောက်ဆုံး ဖုန်းပါစက်ပိတ်သွားတယ်”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူကပြောပါတယ်။

ဖမ်းဆီးခံရ ဦးမြင့်နိုင်မှာ အသက်၃၂နှစ်ရှိပြီ ဖြစ်ပြီး ကျန်လေးဦးမှာလည်း အသက် ၃၀ နဲ့ ၄၀ အရွယ်ကြားရှိသူတွေ ဖြစ်သလို ဇနီးမယားတွေနဲ့ သားသမီးရှိသူတွေဖြစ်ပါတယ်။

အခုနှစ်၊ ဧပြီလ ဒုတိယပတ်တုန်းက နမ့်စန်မြို့မှာ မူးယစ်ဆေးစွဲနေသူတွေထဲက လူဦးရေ ၃၀ ကျော်ကိုစစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခဲ့ပါသေးတယ်။ အဲ့ဒိနောက်ပိုင်းမှာလည်း စစ်မှုထမ်းဖို့အမည်ပါသူတွေကို စစ်သင်တန်းပို့ဆောင်တာတွေလည်း ပြုလုပ်နေဆဲပါ။

နိုင်ငံတဝန်းလုံးမှာ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်က စစ်ရေးကျရှုံးနေသလို အသေအပျောက် များပြားနေတာကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်တောရွာတွေမှာ လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေကို ရရာနည်းလမ်းနဲ့ ဖမ်းဆီးပေါ်တာဆွဲပြီး စစ်မှုထမ်းသင်တန်းတက်ရောက်စေကာ ရှေ့တန်းကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။

CJ-003
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now