ဒေသတွင်းသတင်း

မိုင်းဖုန်းဆရာတော် သက်တော် ၆၁နှစ်ပြည့် မွေးနေ့ပွဲကို ၆ ရက်ကျင်းပမယ်

မဲခေါင် 16 Dec - 2024
မိုင်းဖုန်းဆရာတော် သက်တော် ၆၁နှစ်ပြည့် မွေးနေ့ပွဲကို ၆ ရက်ကျင်းပမယ်

မိုင်းဖုန်းဆရာတော် သက်တော် ၆၁နှစ်ပြည့် မွေးနေ့ပွဲကို ၆ ရက်ကျင်းပမယ်

မဲခေါင်၊ ဒီဇင်ဘာ ၁၆

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)မှာ သီတင်းသုံးတော်မူတဲ့ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရရဲ့ ဝိဇာတမွေးနေ့ပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ၆ ရက်အထိ ကျင်းပပြုလုပ်သွားမယ်လို့ ပွဲတော်ကျင်းပရေးအဖွဲ့ထံက သိရပါတယ်။

ဝိဇာတ မွေးနေ့ပွဲတော်ရက်အတွင်း နေ့စဉ်တရားဓမ္မတွေကို လွန်လိန်းတရားနယ်မြေရှိ တရားဟောစင်ကနေ ဇန်နဝါရီ ၁ ရက်နဲ့၂ ရက်မှာ မနက် ၁ဝ နာရီနဲ့ညနေ ၃ နာရီခွဲတရားဟောပါမယ်၊ ၃ရက် မနက် ၁၀ နာရီမှာ နှစ်(၇၀)ပူတာအိုစေတီတော်ကို ထီးတော် တင်လှူမှာပြီး ညနေ ၃ နာရီခွဲမှာ တရားဟောပါမယ်၊ ၄ရက် မနက်မှာတော့ ဝိဇာတမွေးနေ့မင်္ဂလာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ညနေ ၃ နာရီမှာ တရားဟောပါမယ်၊ ၅ ရက်မှာ ဆရာတော်ကြီး ဝစိပိတ်အဓိဌာန်ဝင်မှာဖြစ်ပြီး ၆ ရက်မှာတော့ လွန်းလိုင်းဓမ္မာရုံကြီးမှာ မွေးနေ့ပွဲအလှူကို ရေစက်ချအမျှဝေ သာဓုအနုမောဒနာ ခေါ်တော်မူမယ်လို့ သိရပါတယ်။

“ ဆရာတော်ကြီးကမွေးနေ့ကစပြီး အဓိဌာန်ဝင်တတ်တာဖြစ်လို့ ၄ရက်နေ့မှာ ရက်ကြို ပြုလုပ်တာပါ” လို့ မိုင်းဖုန်းဆရာတော်ကြီးရဲ့ လက်ထောက်ဆရာတော် ဦးဉာဏသီရိက မဲခေါင်သတင်းဌာနကို မိန့်ကြားပါတယ်။

ဆရာတော်အနေနဲ့ ပြုနေကြအတိုင်း မိုင်းဖုန်းဆရာတော်ကြီးတရားပွဲတွေရဲ့ ရှေ့ကြို ၊ နောက်ဆင့်အနေနဲ့ တရားဓမ္မတွေ ဟောကြားသွားဖို့ရှိတယ်လို့လည်း မိန့်ကြားပါတယ်။

“ရန်ကုန်မှာ ရွှေတိဂုံ၊ မန္တလေးမှာ မဟာမုနိ၊ ပူတာအိုမှာ ကောင်းမှုလုံဆိုပြီး ဆရာတော်ကြီးက သူ့အသက် ၇၀ အထိမ်းအမှတ်အနေနဲ့ တည်တာပါ၊ ကြိုတည်တာပေါ့ ကြားထဲမှာပျံလွန်တော်မမူခင် ထီးတော်တင်တာပါ” လို့ဦးဉာဏသီရိက မိန့်ကြားပါတယ်။

“ ဆရာတော်ကြီး က ၃ရက် ၃လ အဓိဌာန် ဝင်သလို ၅ရက် တစ်ပတ်ဝင်တာလဲရှိတယ်၊ ထိုင်းနိုင်ငံ၊ လန်ပန်းခရိုင်က ငါးအိုဆုမှာ ဝင်တတ်သလို မိုင်းဖုန်းတောင်ထိပ်မှာလည်း တစ်ပါးတည်း အဓိဌာန်ဝင်တတ်ပါတယ်”လို့ဆရာတော်က မိန့်ကြားပါတယ်။

ဝိဇာတမွေးနေ့ ရက်များအတွင်း အနယ်နယ်အရပ်ရပ်က မွေးနေ့ပွဲလာ ပရိတ်သတ်တွေအတွက် စတုဒီသာ စားသောက်စရာများကိုအလှူရှင်တွေက ဧည့်ခံကျွေးမွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ကြီး မွေးနေ့ပွဲတော်အတွင်း မွေးနေ့မင်္ဂလာအထိမ်းအမှတ် ပေးလှူတာတွေ၊ စတုဒီသာကျွေးမွေးတာတွေ၊ ပုံတော်၊ ပုတီး၊အဆောင် စတာတွေ လှူဒါန်းဖို့ အလှူရှင်တွေအခုကတည်းက စုစည်းပြင်ဆင်နေကြပြီလို့ သိရပါတယ်။

ဆရာတော်ကြီးရဲ့မွေးနေ့ပွဲတော်ကို ဆရာတော်ကြီး သီတင်းသုံးရာနေရာများမှာ နှစ်စဉ်ကျင်းပမြဲဖြစ်ကာ ပြည်တွင်းကသာမက ထိုင်း၊ လာအို ၊ တရုတ်၊ ဘူတန်စတဲ့နိုင်ငံတွေက ဆရာတော်ကြီးကို ကြည်ညိုကြတဲ့ ရဟန်း၊ သံဃာ၊ လူ အများအပြားလာရောက် ဖူးမျှော်ကြတယ်လို့ သိရပါတယ်။

MK-012
#MekongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now