ဒေသတွင်းသတင်း

တောင်ကြီး က.ည.န ရုံးမှာ လိုင်စင်သက်တမ်းတိုးသူတွေကို အချိန်ဆွဲ ငွေညှစ်နေ

မဲခေါင် 11 Oct - 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ် က.ည.နရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူ တွေကို အချိန်ဆွဲထားပြီး ငွေညှစ်နေရာ ငွေကြေးပေးမှ လိုင်စင် ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူတွေကို နာရီနဲ့ချီ တန်းစီ စောင့်ခိုင်းကာ သတ်မှတ်ငွေကြေးထက် ပိုပေးမှ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ “ဒုပြည်နယ်ဦးစီးမှူး ရုံးခန်းရှေ့မှာ နာရီနဲ့ချီပြီး တန်းစီ စောင့်ခိုင်းထားတာ။ လိုင်စင်သက်တမ်း တိုးဖို့က နေရာစုံက လာရတာ။ ပိုက်ဆံပိုမပေးရင် အခန်းထဲရောက်မှ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်ဆိုပြီး ပြန်ယူခိုင်းတယ်။ တန်းစီ မစောင့်ခင်ကတော့

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပြည်နယ် က.ည.နရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူ တွေကို အချိန်ဆွဲထားပြီး ငွေညှစ်နေရာ ငွေကြေးပေးမှ လိုင်စင် ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်း တိုးသူတွေကို နာရီနဲ့ချီ တန်းစီ စောင့်ခိုင်းကာ သတ်မှတ်ငွေကြေးထက် ပိုပေးမှ လိုင်စင်သက်တမ်းတိုး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

“ဒုပြည်နယ်ဦးစီးမှူး ရုံးခန်းရှေ့မှာ နာရီနဲ့ချီပြီး တန်းစီ စောင့်ခိုင်းထားတာ။ လိုင်စင်သက်တမ်း တိုးဖို့က နေရာစုံက လာရတာ။ ပိုက်ဆံပိုမပေးရင် အခန်းထဲရောက်မှ ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်ဆိုပြီး ပြန်ယူခိုင်းတယ်။ တန်းစီ မစောင့်ခင်ကတော့ ဘာမှ စစ်ဆေးတာ မရှိဘဲ အခန်းထဲရောက်မှ ပြောတော့ အချိန်ကုန်တာပေါ့။ ပိုက်ဆံ ပေးရင်တော့ ချက်ချင်းကိုရတယ်” လို့ လိုင်စင် သက်တမ်းတိုး သွားရောက်ပြုလုပ်သူ တစ်ဦးက ပြောပါတယ်။

လိုင်စင်သက်တမ်းတိုးရာမှာ သတ်မှတ်ငွေ‌ကြေးကို ရုံးမှာ ပေးသွင်းပြီးနောက် လာဘ်ငွေကိုတော့ ပွဲစားတွေက တစ်ဆင့် ပေးရကာ မပေးပါက စာရွက်စာတမ်း မစုံလင်ဘူးလို့ အကြောင်းပြပြီး ‌အချိန်ဆွဲထားတယ်လို့ သိရပါတယ်။

အဲဒီရုံးမှာ လိုင်စင် သက်တမ်း တိုးသူတွေ အနေနဲ့ စာရွက်စာတန်း‌ အခမဲ့ ထုတ်ယူနိုင်ကြောင်း၊ ရုံးဝန်ထမ်းတွေ ဆက်ဆံရေး မပြေပြစ်မှု၊ ငွေကြေး ပိုမိုတောင်းခံမှုတွေ ရှိပါက တိုင်ကြားနိုင်ကြောင်း ဆိုင်းဘုတ် တပ်ထားပေမယ့် စာရွက်စာတမ်းကြေး ပေးရသလို ငွေကြေး ပိုမိုတောင်းခံမှု၊ ဆက်ဆံရေး မပြေပြစ်မှုတွေ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

တောင်ကြီး က.ည.န အပါအဝင် ရှမ်းပြည်နယ် တဝန်းလုံးက က.ည‌.န ရုံးတွေမှာ လိုင်စင်သက်တမ်းတိုးရာမှာ ကြန့်ကြာမှုတွေရှိနေပြီး ပွဲစားတွေကနေ တစ်ဆင့် လာဘ်ငွေပေးမှသာ အဆင်ပြေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now