လွိုင်ကော်မြို့နယ်ထဲက လင်ဖုံလေးကျေးရွာအနီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေ
မဲခေါင်၊ နိုဝင်ဘာ ၂၉
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်ထဲက လင်ဖုံလေးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေ ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်ဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခလရ( ၈၀)ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ဦး သေဆုံးကာသေနတ် ၂၂ လက် နဲ့ စစ်သုံ့ပန်းငါးဦး ဖမ်းဆီးရမိပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်က လင်ဖုံလေးအနီးတဝိုက်ကို အင်အားအလုံးအရင်းနဲ့ ပြန်လည်စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေး အင်အားစုတွေနဲ့ ခုထိတိုက်ပွဲတွေ ပြင်းထန်နေတာပါ။
“သူတို့က အခုဆို လက်နက်ကြီးနဲ့ ဒရုန်းကိုအဓိကသုံးလာတယ်၊ လေယာဉ်သိပ်မသုံးဘူး၊ လက်နက်ကြီးနဲ့ပတ်ထုတယ်၊ ဒရုန်းနဲ့လိုက်ချတယ်၊ နောက်မြေပြင်မှာအလုံးအရင်းနဲ့ ထိုးလာတယ်”လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လွိုင်ကော်မြို့ထဲမှာရှိနေတဲ့ တပ်သားတွေက လင်ဖုံလေးတိုက်ပွဲမှာ စစ်ကူအနေနဲ့ အင်အားတိုးနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး အခြေနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီကနေ့ လွိုင်ကော်မြို့အနီးက ကုန်းဆွတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး သုံးကြိမ် ကြဲချခဲ့ပါသေတယ်၊ ပြည်သူထိခိုက်မှု ရှိမရှိကိုတော့စုံစမ်းနေဆဲ။
CJ-004
#MekongNews









