ဒေသတွင်းသတင်း

တောင်ကြီးတန်ဆောင်တိုင်ကာလအတွင်း သေဆုံးသုံးဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ကျော်ရှိခဲ့

မဲခေါင် 18 Nov - 2024
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြိုမှာ စစ်ကောင်စီက ဖိအားပေး ကျင်းပပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင်ပွဲတော် ၇ ရက်တာကာလအတွင်း သေဆုံးသူ သုံးဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈၀ကျော်ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ကာလအတွင်း သေဆုံးသုံးဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ကျော်ရှိခဲ့

မဲခေါင်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြိုမှာ စစ်ကောင်စီက ဖိအားပေး ကျင်းပပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင်ပွဲတော် ၇ ရက်တာကာလအတွင်း သေဆုံးသူ သုံးဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈၀ကျော်ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၇ရက်၊ ညပိုင်းအချိန်ထိ မီးပုံးပျံယမ်းထိခိုက်မိတာ၊ စကားများရန်ဖြစ်လို့ ထိခိုက်ဒဏ်ရာရတာ၊ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရတာစတာတွေကြောင့် အရေးပေါ်ဒဏ်ရာရရှိသူအပါအဝင် သေဆုံးသူ သုံးဦးရှိခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ ၈၀ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

“ကွင်းထဲမှာ ကျတော့ ယမ်းထိခိုက်မိတာ၊ မူးပြီး စကားများရန်ဖြစ်ကြတာတွေ များတယ်၊ ပွဲကိုလာရင်း၊ ပွဲကနေပြန်ရင်းနဲ့ ယာဉ်တိုက်တာတွေ၊ ယာဉ်မတော်တဆဖြစ်တာတွေတော့ ပိုများတယ်၊ ပိုက်ဆံအိတ်ပျောက်တာ၊ ဖုန်းပျောက်တာတွေကလည်းတစ်ညကို အကြိမ်ရေဆယ်ဂဏန်းကတော့ အနည်းဆုံးပဲ”လို့ ပွဲလုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၆ရက်၊ မနက်ပိုင်းအချိန်ကလည်း တောင်ကြီးတန်ဆောင်တိုင်က ပြန်လာတဲ့ CANTERကားက အောင်သပြေ ၂၂၂ စစ်တပ်အနီးမရောက်မှာရပ်ထားတဲ့ ၂၂ဘီးကားကို ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ ၁၀ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

တန်ဆောင်တိုင်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ဒေသခံတွေ၊ နယ်မြေကျွမ်းကျင်သူတွေ မဟုတ်ဘဲ စစ်ဘေးရှောင်လာကြသူတွေ၊ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ ဒေသတွေက လာရောက်ကြသူတွေ အများစုဖြစ်နေပြီး ခါးပိုက်နှိုက်ခံရတာ၊ ဆိုင်ကယ်ပျောက်ဆုံးတာတွေလည်း ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ တန်ဆောင်တိုင်ဖွင့်ပွဲညမှာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာရောက်တဲ့ လူငယ်စုံတွဲကို ကံကြီးရပ်ကွက်၊ မသက် ထမင်းဆိုင်အနီးမှာ လူတစုက i-phone 11 pro goldအမျိုးအစား ဖုန်းတစ်လုံးကို လုယက်ယူဆောင် သွားသလို ကျောင်းကြီးစုရပ်ကွက်၊ ရပ်တော်မူဘုရားအနီးမှာလည်း နေအိမ်အတွင်း ဝင်ရောက်ခိုးယူနေသူတစ်ဦးကို ရပ်ကွက်နေပြည်သူတွေက ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-ဒေသခံသတင်းအရင်းအမြစ်မှပေးပို့
CJ – 003
#MekongNews
#စစ်ကောင်စီဖိအားပေး
#တောင်ကြီး
#တန်ဆောင်တိုင်ပွဲ
#သုံးဦသေ
#၈၀ကျော်ထိခိုက်ဒဏ်ရာရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now