မဲခေါင်၊ အောက်တိုဘာ ၂
ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဆက်သွယ်ကူးလမ်းဖြစ်တဲ့ မိုင်းကိုင်မြို့နဲ့ နမ့်လန်မြို့ကြားက တံတားကျိုးကျတာကြောင့် ယာဉ်များသွားလာလို့မရသေးဘူးလို့ သိရပါတယ်။
မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအနီးမှာရှိတဲ့ ဆားတောတံတားဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ မိုးအဆက်မပြတ်သည်းထန်မှုကြောင့် ရေကြီးမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ မိုးအရမ်းရွာလို့ ချောင်းရေကြီးတော့ တံတားရဲ့ဘေးဟာတွေ ရေတိုက်စားပြီး ပျက်ဆီးသွားတာ တံတားပါ ကျိုးသွားတယ်။ နေအိမ်တစ်ချို့လဲရေဝင်တာတွေရှိတယ်။ အခု တံတားပျက်သွားလို့ ကားသမားတွေ ဒီလမ်းကို မလာသေးနဲ့လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
မိုင်းကိုင်မှာမိုးသည်းထန်တာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မိုင်းကိုင်မြို့ ရပ်ကွက်တွေမှာရေကြီးမှုတွေဖြစ်ခဲ့ပြီး လယ်ယာစိုက်ခင်းတွေလည် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
MK-011











