ဒေသတွင်းသတင်း

ဟိုပန်မှာ “ဝ” အစိုးရ သတ်မှတ်ထားတဲ့ အခွန်နှုန်းတွေ မြင့်မားတာကြောင့် ဒေသခံတွေ အခက်တွေ့

မဲခေါင် 2 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၂ UWSA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့မှာ “ဝ” ပြည်သူ့အစိုးရက သတ်မှတ်ထားတဲ့ အခွန်နှုန်းတွေ မြင့်မားနေတာကြောင့် အခက်အခဲကြုံနေရတယ်လို့ မြို့နေ ဒေသခံများကပြောပါတယ်။ “ဝ” ပြည်သူ့အစိုးရက အခွန်နှုန်းကို ဈေးဆိုင်အမျိုးအစား နဲ့လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ကောက်ခံတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ “ဒီမှာက အခွန်ခက အမျိုးမျိုးရှိတယ်။ ကျွန်မတို့ငှားထားတဲ့ အိမ်ဆိုရင် လစဉ်လတိုင်း မြေငှါးတဲ့ အိမ်ငှါးတဲ့ အိမ်အခွန်ခ တစ်လကို တရုတ်ငွေနဲ့ ယွမ် ၅၀ ပေးရတယ်။ ဒါကအိမ်ငှါးတဲ့ အိမ်ခန်းခမဟုတ်ဘူး။ အိမ်ငှါးတာလည်း အိမ်အကြီးအသေးပေါ်မူတည်ပြီး အခွန်ကောက်နှုန်းကမတူဘူး။ ဆိုင်တွေဆိုလည်းအဲ့အတိုင်းပဲသူ့အစားစားနဲ့သူရှိတယ်။ ဟိုတယ်တွေဆိုလည်း ဟိုတယ်အမျိုးအစားပေါ်မူတည်ပြီးတော့ လှရင်လှသလို ကြီးရင်ကြီးသလို အနည်းဆုံးတော့

မဲခေါင်၊ အောက်တိုဘာ ၂

UWSA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့မှာ “ဝ” ပြည်သူ့အစိုးရက သတ်မှတ်ထားတဲ့ အခွန်နှုန်းတွေ မြင့်မားနေတာကြောင့် အခက်အခဲကြုံနေရတယ်လို့ မြို့နေ ဒေသခံများကပြောပါတယ်။

“ဝ” ပြည်သူ့အစိုးရက အခွန်နှုန်းကို ဈေးဆိုင်အမျိုးအစား နဲ့လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ကောက်ခံတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ဒီမှာက အခွန်ခက အမျိုးမျိုးရှိတယ်။ ကျွန်မတို့ငှားထားတဲ့ အိမ်ဆိုရင် လစဉ်လတိုင်း မြေငှါးတဲ့ အိမ်ငှါးတဲ့ အိမ်အခွန်ခ တစ်လကို တရုတ်ငွေနဲ့ ယွမ် ၅၀ ပေးရတယ်။ ဒါကအိမ်ငှါးတဲ့ အိမ်ခန်းခမဟုတ်ဘူး။ အိမ်ငှါးတာလည်း အိမ်အကြီးအသေးပေါ်မူတည်ပြီး အခွန်ကောက်နှုန်းကမတူဘူး။ ဆိုင်တွေဆိုလည်းအဲ့အတိုင်းပဲသူ့အစားစားနဲ့သူရှိတယ်။ ဟိုတယ်တွေဆိုလည်း ဟိုတယ်အမျိုးအစားပေါ်မူတည်ပြီးတော့ လှရင်လှသလို ကြီးရင်ကြီးသလို အနည်းဆုံးတော့ တစ်လကို တရုတ်ငွေ ၃သောင်း (မြန်မာငွေသိန်း၂၁၀ကျပ်) ကနေ ၅ သောင်း(မြန်မာငွေသိန်း ၃၅၀ ကျပ်)၊၆ သောင်း (မြန်မာငွေသိန်း ၄၂၀ကျပ်)တောင်းတယ်၊ ဖဲရုံလည်း တစ်လဆို (ယွမ်)၄သိန်း(မြန်မာငွေသိန်း ၂၈၀၀ကျပ်)တောင်းတယ်လို့ပြောတယ်” လို့ သူက ပြောပါတယ်။

အခုလို အခွန်နှုန်းမြင့်မားစွာကောက်နေတာကြောင့် တစ်ချို့လုပ်ငန်းရှင်များက ၎င်း တို့ရဲ့ ဟိုတယ်တွေ၊ ဖဲရုံတွေ ၊ KTV တွေ ၊ ဆိုင်တွေတချို့ ပြန်ထုတ်ရောင်းတာမျိုးနဲ့ ပိတ်လိုက်ရတာမျိုးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခွန်ကို တရုတ်ငွေနဲ့ ပေးဆောင်ရတာ ဖြစ်တာကြောင့် မြန်မာငွေဖြင့် ရောင်းရတဲ့ တစ်ရက်ရောင်းတစ်ရက်စားရတဲ့ ဆိုင်ရှင်များနဲ့ မြန်မာငွေ လခစား သူများအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသမီး တစ်ဦးကပြောပါတယ်။

“ အခက်အခဲဆို ပြောမနေနဲ့တော့ ကြိုက်တဲ့နေရာမှာသွားကြည့်လိုက် သွားမေးလိုက် သူများတွေ အရမ်းစိတ်ဆိုးကြတယ်။ အရမ်းလည်းအံ့ဩကြတယ်။ ပြည်သူလူထုဘက်ကိုမငဲ့ညှာဘူး။ အိမ်ကအမေစျေးရောင်းတယ် ခေါက်ဆွဲဆိုင်သေးသေးလေးဖွင့်တာ။ သူတို့လာရင်ကျွန်မက တရုတ်ငွေမရှိဘူး ကျွန်မတို့က မြန်မာငွေနဲ့ပဲရောင်းရတာအဲ့လိုပြောတာကို သူတို့က အေနင်တို့ငါတို့သတ်မှတ်ထားတဲ့စည်းအတိုင်းမနေဘူးမလုပ်ဘူးဆိုရင် အရေးယူမယ်ဘာညာပြောတာ”လို့ သူက ပြောပြပါတယ်။

ဟိုပန်မြို့မှာ သာမန် လက်လုပ်လက်စား လူထုအတွက်အနိမ့်ဆုံးလစာက မြန်မာငွေ ၂ သိန်းကျပ်မှ ၅ သိန်းကျပ် အကြားရှိပြီး အနှိပ်ခန်း၊ ဖဲရုံ၊ လောင်းကစားဝိုင်းနဲ့ Bar ဆိုင်ဝန်ထမ်းများကတော့ တရုတ်ငွေ ယွမ် ၅၀၀( မြန်မာငွေ ၄ သိန်းကျပ်) မှ ယွမ် ၃၅၀၀(မြန်မာငွေ ၂၅သိန်းဝန်းကျင်) အထိ အသီးသီးရှိကြပါတယ်။

ယခင်က စစ်ကောင်စီ အုပ်ချုပ်တဲ့အချိန်မှာတော့ ဒေသခံများအနေနဲ့ စည်ပင်ခ (အမှိုက်ခွန်) သာတစ်လ ၆ ထောင်ကျပ် လတိုင်းပုံမှန်ပေးဆောင်ရတာဖြစ်ပြီး ဈေးဆိုင် များအနေနဲ့လည်း အခွန်နှုန်းအတိအကျပုံမှန် သတ်မှတ်ထားတာမျိုးမရှိဘဲ ရောင်းရရင်ရောင်းရသလို မြန်မာငွေဖြစ် အခွန်‌ဆောင်ရတာဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

UWSA “ဝ” အမျိုးသားသွေးစည်းညီညွှတ်ရေးတပ်မတော် အုပ်ချုပ်တဲ့အချိန်မှာတော့ ဒေသခံများ စည်ပင်ခ တစ်လကိုတရုတ်ငွေ ၁၀ ယွမ် ပေးဆောင်ရတဲ့အပြင် ဈေးဆိုင်များလည်း အကြီးအသေးပေါ်မူတည်ပြီး တရုတ်ငွေ ယွမ် ၃၀၀၊ ၁၅၀၊ ၅၀၀၊ ၁၀၀၀ ထိပေးဆောင်ရတာမျိုး ဖြစ်ပါတယ်။

ဟိုတယ်များလည်း အကြီးအသေးနဲ့ အမျိုးအစားပေါ်မူတည်ပြီး တစ်လကို ယွမ် ၃ သောင်း မှ ယွမ် ၆ သောင်း ထိအခွန်‌‌ေဆာင်ရတဲ့အပြင် ဝန်ထမ်းတစ်‌ေယာက်ချင်းစီအတွက် ဝန်ထမ်းခွန် တစ်ယောက်ကို တရုတ်ငွေ ယွမ် ၅၀၀ ပေးဆောင်ရတာဖြစ်ပါတယ်။

အလားတူ ဖဲရုံများလည်းတစ်လကို ယွမ် ၄ သိန်း အခွန်ဆောင်ရတဲ့အပြင် ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် ဝန်ထမ်းခွန် တစ်ယောက်ကို တစ်လကို ယွမ် ၅၀၀ ပေးဆောင်ရတာဖြစ်ကြောင်း ဒေသခံများထံမှသိရပါတယ်။

MK-016

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now