မဲခေါင်၊ သြဂုတ် ၂၁
ရှမ်းမြောက်၊ သီပေါမြို့ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူတွေကို သေဆုံး၊ ဒဏ်ရာသူ၊ စစ်ရှောင်သူတွေကို ကူညီနေမှုတွေကို မှတ်တမ်းပုံတွေနဲ့ အလှူငွေခံကာ နယ်စည်းမခြားပရဟိတ အဖွဲ့ဝင် အယောင်ဆောင်ပြီး ငွေလိမ်လည်မှုတွေ ရှိနေတဲ့အတွက် သတိပြုရန်လိုတယ်လို့ သီပေါမြို့နယ်စည်းမခြား အသင်းက ပြောပါတယ်။
နယ်စည်းမခြားပရဟိတအသင်း အမည်နဲ့ Kpay အကောင့်အတုနဲ့လိမ်လည်နေတာ သိရလို့ စိတ်မကောင်းဘူး၊ အသင်းရဲ့ Kpay အကောင့်အမှန်က 09259136164 Myo Myint Lwin ) တစ်ခုသာရှိပါတယ်၊ အလှူရှင်တွေလှူဒါန်းလိုပါက မှတ်ချက်နေရာမှာ အမည် လိပ်စာတွေ ဖော်ပြပေးဖို့ လေးစားစွာ အသိပေးအပ်ပါတယ်လို့ အဖွဲ့ဝင် ကိုအောင်ပြည့်ထွန်းက ပြောပါတယ်။
သီပေါမြို့မှာ ယခင်ကတည်းက ပြည်သူ့အကျိုးအတွက် လူမှုပရဟိတတွေကို ကူညီနေတဲ့ နယ်စည်းမခြားအသင်းဟာ အခုတိုက်ပွဲကာလအတွင်း ပြည်သူတွေကို တတ်စွမ်းသမျှကူညီနေတဲ့အဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့အထိ အသင်းက ကူညီခဲ့တဲ့ သေဆုံး၊ ထိခိုက် ဒဏ်ရာရသူတွေကို ဖော်ပြလာတာ ဖြစ်ပါတယ်။
ဘော်ကြိုကျေးရွာကို စစ်ရှောင်တဲ့ ဦးရေ ၆၀၀ ကျော်နဲ့ နောင်ကပ်ကျေးရွာ၊ တိန်းချေ တိန်းစံ ရွာတွေကို ဆန်ရိက္ခာအမယ်တွေ ထောက်ပံ့လှူဒါန်းနေပြီး မွေးလူနာ ၄၀ ကျော်မှာ ခွဲမွေး လူနာ ၇ ဦးနဲ့ ရိုးရိုးတို့ကို ကူညီပေးခဲ့ပြီးလူနာတွေအတွက် စောင်၊ ခြင်ထောင်ကအစ မနက်၊ နေ့လယ်၊ ညစာထမင်းကိုလည်း အသင်းက ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဖုန်းလိုင်းတွေ မရသေးလို့ ဆက်သွယ်လိုပါက 0949730049 ကို ဆက်သွယ်လို့ရတယ်လို့ သိရပါတယ်။
သီပေါမြို့ကို TNLA နဲ့ PDF မဟာမိတ်တွေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်မှာ စတင်ထိုးစစ် ဆင်လာတာဖြစ်ပြီး အခုချိန်ထိ သီပေါ ခလရ-၂၃ခမရ-၅၀၃၊ ၅၀၄ တို့ကို တိုက်စစ်ဆင်နေဆဲ ဖြစ်ကာ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ ဗုံးကြဲ ၊ လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားပြည်သူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရကာ အိုးအိမ်တွေ ပျက်စီးနေရတာ ဖြစ်ပါတယ်။
MK-012








