မဲခေါင်၊ သြဂုတ် ၁၂
TNLA က ၄င်းထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တရားစီရင်ရေး အားကောင်းစေရန်၊ တရားဥပဒေစိုးမိုးမှုရှိစေရန်၊ တရားမျှတမှုရှိစေရန်အတွက် တရားသူကြီးနဲ့ ရှေ့နေတွေ ခန့်အပ်ခဲ့တယ်လို့ မနေ့သြဂုတ်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေ့ါ၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ သီပေါမြို့နယ် စုစုပေါင်း ၁၂ ခုမှာ ဗဟို၊ ခရိုင်၊ မြို့နယ်အဆင့် တရားသူကြီးတွေနဲ့ ဥပဒေရှေ့နေတွေ ကို PSLf/TNLA ဗဟိုအလုပ်အမှုဆောင်ကော်မတီကအမိန့်စာထုတ်ပြန်ပြီး ခန့်အပ်လွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဗဟိုတရားသူကြီး ၃ ဦး၊ ခရိုင် တရားသူကြီး ၄ ဦး၊ မြို့နယ်တရားသူကြီး ၈ ဦးနဲ့ ဥပဒေရှေ့နေ ၇ ဦးတို့ကို ၄င်းတို့ရဲ့ လုပ်ငန်းတာဝန်တွေနဲ့အတူ ရာထူးတွေ ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်း ရာထူးတာဝန်ခန့်အပ်တဲ့ အခမ်းအနားကို တအာင်းပြည် ထိန်းချုပ်နယ်မြေ ၁ နေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး TNLA အထေထွေအတွင်းရေးမှူး ၊ဗိုလ်ချုပ် တာဘုန်းကျော်အပါအဝင် တက်ရောက်သူ ၂၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
MK-012










