မဲခေါင်၊ ဇူလိုင် ၁၀
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဓာတ်ဆီတွေ ပြတ်လပ်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဓာတ်ဆီ တစ်လီတာ နှစ်သောင်းထိ ဈေးတက်နေတာ လားရှိုးမှာ။ ဒါဝောာင် ဝယ်လို့ မရတော့ဘူး။ ဓာတ်ဆီတွေ ပြတ်နေပြီ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ကဝောာ့ ဓာတ်ဆီတွေ ဈေး အများကြီးတက်တာမျိုး မရှိသေးပဲ တန်းစီကာ ကားတစ်စီးကို ၅၀၀၀၀ ဖိုး ရောင်းပေးနေတာ ဖြစ်ပေမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ဝယ်လို့ မရတော့တဲ့ အနေအထား ဖြစ်လာတယ်လို့ သူက ပြောပါတယ်။
“စက်သုံးဆီတွေက သယ်ဖို့ လမ်းကြောင်းလည်း အဆင်မပြေတော့ဘူးလေ။ လမ်းတွေကလဲ အကုန်ဖြတ်တောက်ထားပြီလေ” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက လားရှိုးမြို့ရှိ စက်သုံးဆီ ကုမ္ပဏီတွေကို စစ်ကောင်စီဘက်က PO (Payment Order) တွေ ချမပေးတော့ဘူးလို့လည်း သိရကြောင်း ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။
လားရှိုးမြို့က စက်သုံးဆီဆိုင်တွေ ဝောာ်ဝောာ်များများ ပိတ်ထားတာကို တွေ့ရကြောင်း ဒေသခံတွေကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ည သန်းခေါင်ခန့်ကစ MNDAA နဲ့ ပူးပေါင်းဝောာ်လှန်ရေးတပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယ အပိုင်းကို စတင်ခဲ့တာဖြစ်ပြီး လားရှိုးမြို့နဲ့ မြို့အနီးဝန်းကျင်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
CJ-008









