ဒေသတွင်းသတင်း

မိုးကုတ်မှာ Mytel တစ်မျိုးတည်းသာ ဖုန်းလိုင်းရလို့ အလုအယက် ဝယ်ယူနေရပြီး ငွေကျပ်သိန်းချီ ပေါက်ဈေးရှိနေ

မဲခေါင် 4 Jul - 2024
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လတ်တလော Mytelမိုင်တဲ ဖုန်းလိုင်း တစ်မျိုးတည်းသာ ရတော့တဲ့အတွက် အလုအယက် ဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လတ်တလော Mytelမိုင်တဲ ဖုန်းလိုင်း တစ်မျိုးတည်းသာ ရတော့တဲ့အတွက် အလုအယက် ဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကတည်းက မိုးကုတ်မြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ရပ်ကွက်အများစုမှာ Mytel တစ်မျိုးတည်းသာ ဆက်သွယ်လို့ ရတော့တယ်လို့ ဆိုပါတယ်။

“တချို့ ရပ်ကွက်တော့ တယ်လီနော မိတစ်ချက် မမိတစ်ချက်ပေါ့။ Mytel ကတော့ 2G နေရာထားထားရင် အဆင်ပြေတယ်။ ဆင်းမ်ကတ်တွေတောင် ပြတ်သလောက် ဖြစ်နေပြီ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် တာဝါတိုင်တွေ မလည်ပတ်နိုင်တာ ဖြစ်ပြီး အော်တိုစနစ်နဲ့ လည်ပတ်ဖို့ထည့်ထားတဲ့ ဓါတ်ဆီတွေကလည်း ကုန်ခန်းသွားတာကြောင့် ဖုန်းလိုင်းမရတော့ပေမယ့် Mytel ကတော့ ဆက်သွယ်လို့ ရနေသေးတယ်လို့ သိရပါတယ်။

မနေ့ (ဇူလိုင် ၃)က မြို့လယ်လမ်းဆုံမှာရှိတဲ့ Mytel ရုံးမှာ ဆင်းကတ်ဝယ်ယူဖို့အတွက် လူရာချီ တန်းစီစောင့်ဆိုင်းခဲ့ရပေမယ့် ဝယ်လို့ မရခဲ့ဘူးလို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

“မိုင်တဲကတ် ရောင်းပေးတယ်ဆိုပြီး လိုင်းပေါ်တင်လို့ ရုံးရှေ့သွားတန်းစီကြတာ။ ကတ်မရှိတော့ဘူးဆိုတော့ ပြန်လာရတယ်။ လိုင်းပေါ်မှာ တင်ရောင်းနေကြတာတော့ တစ်သိန်းကျော်တယ်။ အရေးပေါ် ဆက်သွယ်ဖို့ဆိုတော့ ဝယ်နေကြတာပဲ”

မိုးကုတ်မြို့၊ တရုတ်ဘုံကျောင်းရဲ့ တောင်ပေါ်မှာတော့ ဆိုလာစနစ်နဲ့ ချိတ်ဆက်ထားတဲ့ MPT တာဝါတိုင်တစ်ခုရှိပြီး ဘုံကျောင်းနဲ့ မိုင် ၃ မိုင် ပတ်ချာလည် နေထိုင်သူတွေဟာ နေ့လည်ဘက်မှာ MPT အသုံးပြုလို့ ရနေပေမယ့် အချိန်မရွေး လိုင်းပြတ်တောက်နိုင်တယ်လို့ ဆိုပါတယ်။

လတ်တလော တိုက်ပွဲ အခြေအနေအရ မိုးကုတ် – မန္တလေးလမ်းကို ပိတ်ထားတာကြောင့် မန္တလေးဘက်ကို စစ်ဘေးရှောင်သူတွေဟာ လမ်းပေါ်မှာ ကားရာချီ ပိတ်မိနေပြီး မြို့တွင်းကိုလည်း ပြန်ဝင်လို့ မရတဲ့ အခြေအနေ ဖြစ်တယ်လို့ စောင့်ဆိုင်းနေသူတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်တဲ့ ၁၀ ရက်တာ ကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် သံဃာတော်နဲ့ အရပ်သား အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now