မဲခေါင်၊ ဇွန် ၁၃
ရှမ်းအရှေ့၊ မိုင်းဆတ်ကို လျှပ်စစ်မီးပို့လွှတ်တဲ့ တာဝါတိုင်တစ်ခုဟာ မိုးများပြီး မြေကမ်းပါးယံပြိုကျပြီး သွယ်တန်းထားတဲ့ ဓာတ်အားကြိုးလိုင်း ပြတ်တောက်သွားတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လျှပ်စစ်ဓာတ်အားပို့လွှတ်တဲ့ 66kV ဓာတ်အားလိုင်းဟာ ကျိုင်းတုံကနေ မိုင်းခုတ်လမ်းကြောင်းက တာဝါတိုင်တွေနေသွယ်တန်းပြီး မိုင်းဆတ်မြို့ကို ဓာတ်အားပေးပို့နေတာဖြစ်တယ်လို့ သိရပြီး အဆိုပါ ဓာတ်ကြိုး ပြတ်တောက်မှုကြောင့် ၃ ရက်ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေမယ်လို့ သိရပါတယ်။
ကျိင်းတုံကနေ မဟာဓာတ်အားလိုင်း( NATIONAL GRIP) ကတဆင့် မိုင်းဆတ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့ ညနေ ၃ နာရီ ၅၅ မိနစ်ကစပြီး ပို့လွှတ်ရာကနေ ၁၂ ရက်အကြာမှာ မိုးကြီးမြေပြိုလို့ ဓာတ်အားကြိုးပြတ်တောက်သွားတာဖြစ်ပါတယ်။

မိုးများလို့ မြေသားကမ်းပါးယံပြိုကျတဲ့ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်လမ်းဟာ မြေသားလမ်းအများစုဖြစ်ပြီး ပေ ၅ထောင်အထက်တောင်ပေါ်လမ်းများဖြစ်ကာ ကျိုင်းတုံကနေ မိုင်းဆတ်ကို တိုက်ရိုက်သွားရောက်နိုင်တဲ့ စစ်တပ်က ဗျူဟာလမ်းအဖြစ် အသုံးပြုလျက်ရှိတဲ့ စစ်ရေးဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
MK-012








